Celebrities

ပရဟိတကျောင်းမှာ စာသင်ပေးနေတဲ့ အေးမြဖြူ

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် အေးမြဖြူ က ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် စိတ်အားထက်သန်သူ တစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင်လည်း သူမက ပရဟိတကျောင်းလေးတစ်ခုမှာ စာသင်ပေးနေတယ်လို့သိရပါတယ်။အေးမြဖြူဟာ သူမရဲ့ ဂီတအလုပ်တွေ အပြင် ပရဟိတကျောင်းက ကျောင်းသူ၊ ကျောင်းသားလေးတွေ အတွက် စာသင်ပေးနေတယ်လို့ ဆိုပါတယ်။ သီချင်း အသစ်တွေလည်း ထွက်ဖို့ ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။

“ ဒီကြားထဲမှာ သမီးရဲ့ အလုပ်လေးတွေ ပြန်လုပ်နေရပါပြီ။ ဘာအလုပ်လည်းဆိုတော့ ပရဟိတ ကျောင်းမှာ စာသင်ပေးတာပါ။ ဒါကလည်း idol မပြိုင်ခင်ကတည်းက စာသင်ပေးနေတဲ့ ကျောင်းလေးပါ။ အခုဆိုရင် သီချင်းတွေလည်း လုပ်နေရတာ ဆိုတော့ အချိန်ကို မအား အားအောင် လုပ်နေရတယ်။ လုပ်စရာလေးတွေက နေ့တိုင်းရှိနေတော့ ပရိသတ်တွေနဲ့လည်း အဆက်ပြတ်သွားမှာ စိုးလို့ မပြတ်အောင် သီချင်းလေးတွေလည်း ထွက်ဖို့ရှိပါသေးတယ်” ဆိုပြီးတော့ သြဂုတ်လ ၇ ရက်နေ့ ညက သူမရဲ့ Facebook Page မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။

အေးမြဖြူက “လွမ်းနေလို့” ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်သီချင်းလေးကို ဇွန်လ တုန်းက ထွက်ရှိခဲ့ပါတယ်။ သြဂုတ်လ အတွင်းမှာ ဒုတိယမြောက် သီချင်းတစ်ပုဒ် ထွက်ရှိလာဦးမယ်လို့ သူက ဆိုပါတယ်။

“ ဒုတိယမြောက် သီချင်းလေးကို သြဂုတ်လ ထဲမှာ ထွက်ဖို့ ရှိပါတယ်။ သီချင်းနာမည်လေးက “ နော်” လို့ နာမည်ပေးထားတယ်။ သီချင်းမြူးမြူးလေးပါ။ MV လေးထွက်လာရင်အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ Single Song လေးတွေလည်း မကြာခဏ ထွက်နိုင်အောင် မိုး ကြိုးစားပါတယ်။ Album လေးထွက်နိုင်ဖို့လည်း ကြိုးစားသွားမှာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။

အေးမြဖြူဟာ ငယ်ငယ်လေးကတည်းက အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ အများကြီးရှိခဲ့ပါတယ်။ သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ဖူးခဲ့သူပါ။ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။သူမကေတာ့ Myanmar idol (Season-4) မှာ Vote နံပတ် No.77711 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။

#credit