Lifestyle

ပုသိမ်မြို့ အထက ၂ မှ ပုံမှန်ထက်ကြီးထွားမှုနှေးသည့် ဆယ်တန်းကျောင်းသား မြန်မာစာ ဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်

ပုသိမ်မြို့ အထက ၂ မှ မောင်ခေတ်မင်းသန့် မြန်မာစာ ဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်

ပုံမှန် ကြီးထွားမှုနှုန်းမရှိသော မောင်ခေတ်မင်းသန့် မှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အထက ၂ စာစစ်ဌာန မှဖြေဆိုသော တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာစာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

မောင်ခေတ်မင်းသန့်၏ မွေးသက္ကရာဇ်မှာ ၂၀၀၄ ခုနှစ် မေလ ၈ ရက်ဖြစ်ပါသည်။

ပုံတွင် တွေ့ရသည်မှာ အဆိုပါ ကျောင်းမှ ဆရာမ ဒေါ်ဖြူဖြူအုန်းနှင့် ဒေါ်သီသီဦးတို့နှင့် ပြီးခဲ့သည့် မတ်လက ကျင်းပသည့် စာမေးပွဲကာလက အမှတ်တရ ရိုက်ကူးထားခဲ့ကြခြင်း ဖြစ်သည်။

မောင်ခေတ်မင်းသန့်မှာ ငယ်စဉ်ကပင် ကြီးထွားမှုနှုန်း ကျဆင်းသွားခဲ့ဖြင်း ဖြစ်ကြောင်းနှင့် ယင်း၏ အသံ၊ အသားအရေတို့မှာလည်း ကလေးတစ်ယောက်ကဲ့သို့ ရှိနေကြောင်း ၊ စာမေးပွဲလာဖြေစဉ်က ချစ်စရာကောင်း သောခလေးကို ချီ၍ ဆရာမနှစ်ဦးက အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆရာမ ဒေါ်သီသီဦးက ပြည်မြန်မာကို ပြောသည်။

သြဂုတ်လ ၉ ရက်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်သော မောင်ခေတ်မင်း သန့်အား အတန်းပိုင်ဆရာမ ဒေါ်ခင်လဲ့ရီက ချီထားသည်ကိုလည်း ဖော်ပြလိုက်ပါသည်။

crd Pyi Myanmar

ပုသိမ်မြို့ အထက ၂မှ မောင်ခေတ်မင်းသန့် မြန်မာစာ ဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်