International News Knowledge

တရုတ်ပြည်တွင်ဖြစ်ပွားနေသည့် မွှားကနေကူစက်တဲ့ ဗိုင်းရပ်စ်အသစ်အကြောင်းသိကောင်းစရာ

တရုတ်ပြည်တွင်ဖြစ်ပွားနေသည့် မွှားကနေကူစက်တဲ့ ဗိုင်းရပ်စ်အသစ်အကြောင်းသိကောင်းစရာ

Tick-borne virus ဆိုတာဘာလဲ။ တရုတ်ပြည်အရှေ့ပိုင်းရှိ Jiangsu တို့ Anhui တို့ ပြည်နယ်တွေမှာ တွေ့ရှိထားသတဲ့။ Jiangsu မှာ ၃၇ ယောက်တွေ့ပြီး Anhui မှာ ၂၃ ယောက်တွေ့သတဲ့။ Tick-brone လို့ခေါ်ရတာက မွှားကိုက်ရာကနေရောဂါစဖြစ်လို့ပဲ။

Tick ကို ကျနော်က သန်းမွှားလို့ အကြမ်းဖျင်းဘာသာပြန်တယ်။ Tick ဆိုတာ တိရိစ္ဆာန်တွေကိုယ်ပေါ် အမွေးကြားမှာကပ်နေတဲ့ ပင့်ကူမျိုးနွယ်ဝင် ကပ်ပါးကောင်တစ်မျိုးပဲ။ flea ကသန်းကိုခေါ်တာ။ flea ကခုန်လို့ရတဲ့ခြေထောက်တွေပါတယ်။ Tick မှာမပါဘူး။ flea, tick, louse ဆိုတာတွေက မြန်မာလို သန်းလို့ပဲခြုံခေါ်မယ်ထင်တယ်။

တိရိစ္ဆာန်တွေဆီက သွေးစုပ်ပြီးတာနဲ့ လေထိုးထားသလိုဖောင်းလာတယ်။အဲ့ဒီ tick ကိုက်တာကနေ tick-borne virus ကူးပြီး လူမှာကိုယ်ပူချိန်အရမ်းတက်တဲ့ Severe Fever with Thrombocytopennia Syndrome (SFTS) ရောဂါဖြစ်ပြီး တရုတ်ပြည်မှာ လူ ၇ ယောက်သေကာ

အယောက် ၆၀ ရောဂါကူးစက်ခံထားရသတဲ့။အဲ့ဒီတော့လည်း တရုတ်မှာ သတိပေးကြေညာချက်ထုတ်လာတာပေါ့။အဲ့ဒီ SFTS ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်မို့ SFTSV လို့အတိုကောက်ခေါ်တယ်။ ဒါဆိုရင်ကြောက်ဖို့လိုသလား။အဲ့ဒီ tick ဆိုတဲ့ သန်းလို မွှားလို ကပ်ပါးကောင်လေးတွေကနေ လူကိုကိုက်ရင် ရောဂါဖြစ်စေတယ်။

လူလူချင်းမကူးဘူးတဲ့။ လူလူချင်း Covid-19 ကူးသလိုမကူးလို့ ကျနော်တို့ဆီကို တရုတ်ပြည်ကနေ ရောက်လာမှာကို သိပ်စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေးဖို့လိုမယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေကနေ tick အကိုက်ခံရပြီး ကလေး၊

လူကြီးတွေ ရောဂါဖြစ်မှာတော့ သတိထားကြပါ။အဲ့ဒီ tick တွေက တိရိစ္ဆာန်တွေကိုကိုက်ရင်သာ Severe Fever with Thrombocytopennia Syndrome (SFTS) ရောဂါလက္ခဏာမပြတာ လူကိုကိုက်ရင်တော့ကိုယ်ပူချိန်အလွန်တက်တာမျိုး ရောဂါလက္ခဏာပြပါသတဲ့။

အဲ့ဒီ SFTS ရောဂါက လူသေဆုံးနှုန်းမြင့်တာကို ဂရုပြုပါ။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ သတိထားရမယ့် Top 10 priority ရောဂါ ဆယ်မျိုးထဲမှာပါတယ်။ဒီနေရာမှာ ထပ်ဖြည့်ပြောချင်တာက tick-brone diseases (tick ကိုက်ရာကနေ ဖြစ်တဲ့ရောဂါတွေ) က ၁၆ မျိုးရှိတယ်။

tick ကိုက်လို့ ရောဂါဖြစ်စေတာက ဗိုင်းရပ်ကြောင့်ရော၊ ဘက်တီးရီးယားကြောင့်ရော၊ ပရိုတိုဇူဝါကြောင့်ရော ရောဂါပိုးမျိုးစုံကနေ ဖြစ်နိုင်တယ်။tick ကိုက်လို့ ဗိုင်းရပ်ကြောင့်လို့ထင်နေပေမယ့် တခြားရောဂါပိုးတွေကလည်း တချိန်တည်းမှာရောဂါပြိုင်တူဖြစ်စေတတ်တာမို့ ရောဂါရှာရခက်ပြီး ကုသရာမှာ ခက်ခဲစေတတ်တယ်။

တရုတ်မှာပဲဖြစ်တယ်လို့ ထင်နေလို့မရဘူး။ အနောက်နိုင်ငံမှာလည်း ဖြစ်ချင်ဖြစ်တာပဲ။ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ မနှစ်က ၂၀၁၉ ခုနှစ်မှာ အသက် ၆၆ နှစ်ရှိ အမေရိကန်အထက်လွှတ်တော်အမတ်ဟောင်း Kay Hagan တစ်ယောက် tick အကိုက်ခံရလို့ ရောဂါဖြစ်ပြီး သေခဲ့ပါရောလား။ အခုတရုတ်မှာ ရောဂါဖြစ်နေတဲ့

tick မျိုးက အာရှမျိုးနွယ် Asian tick တဲ့။ အဲ့ဒီ Asian tick ကို Haemaphysalis longicornis လို့ခေါ်ပြီး SFTS ရောဂါကိုဖြစ်စေတဲ့ SFTSV ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်တဲ့ အဓိကလက်သည်လို့ ယူဆထားပါတယ်။အဲ့ဒီ ဗိုင်းရပ်စ်ပိုးကို တရုတ်ပြည် Hubei နဲ့ Henan ပြည်နယ်ရှိ ကျေးလက်ဒေသတွေမှာ

၂၀၀၉ ခုနှစ်က စတွေ့ခဲ့တာပါ။ Hubei က ဝူဟန့်မြို့ရှိတဲ့ ပြည်နယ်ပါ။အဲ့ဒီ ရောဂါဖြစ်ရင် သေနှုန်း ၃၀ ရာနှုန်းရှိပါတယ်။ ဒါကြောင့် သတိထားဖို့လိုတာပါ။ အဲ့ဒီရောဂါက တရုတ်ပြည်မှာ ပူနွေးတဲ့ မတ်လကနေ နိုဝင်ဘာလအတွင်း ဖြစ်တတ်ပါတယ်။ သုသေသနတွေအရ ဧပြီလနဲ့ ဇူလိုင်လထဲမှာ ဖြစ်ပွားမှုအများဆုံးလို့ဆိုပါတယ်။

တိရိစ္ဆာန်တွေနဲ့ ထိတွေ့ရတဲ့ လယ်သမားတွေ၊ မုဆိုးတွေ၊ အိမ်မှာတိရိစ္ဆာန်မွေးထားသူတွေဟာ tick အကိုက်ခံရပြီး tick-brone virus ကူးစက်နိုင်ပါသတဲ့။ အထူးသဖြင့် ဆိတ်၊နွား၊သိုး တို့ကနေ tick-brone virus ကူးစက်နိုင်တာတွေ့ရပါသတဲ့။အဲ့ဒီ SFTS ဗိုင်းရပ်စ်ကူးစက်ရင် ဘာရောဂါလက္ခဏာတွေပြသလဲ။

၂၀၁၁ တုန်းက တရုတ်သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ရောဂါပိုးရှင်သန်ပေါက်ပွားတဲ့ incubation period က ရောဂါလက္ခဏာတစ်ခုပြအပြီးမှာ ၇ ရက်ကနေ ၁၃ ရက်ကြာပါသတဲ့။ကိုယ်ပူချိန်တက်မယ်၊ ပင်ပန်းနွမ်းနယ်မယ်၊ ခေါင်းကိုက်မယ်၊ ခေါင်းမူးမယ်၊ ဝမ်းလျောမယ်၊ အန်မယ်၊ ဗိုက်နာမယ်၊ myalgia လို့ခေါ်တဲ့

ကြွက်သားတွေနာမယ်၊ anorexia လို့ခေါ်တဲ့ အစားအသောက်လျော့မယ်၊ သွေးကြောလေးတွေကသွေးယိုမယ်၊ အာရုံကြောစနစ်လက္ခဏာတွေအထိ စတာတွေပါပါသတဲ့။စသိနိုင်တဲ့ early warning signs တွေကတော့ ကိုယ်ပူချိန်အရမ်းတက်တာ၊ သွေးခဲစေတဲ့ platelet တွေနည်းသွားလို့

သွေးမတိတ်တော့တာ၊ သွေးဖြူဥနည်းတာတွေ ဖြစ်စေပါတယ်။အဲ့ဒီ SFTS ရောဂါဟာ တရုတ်ပြည်ပြင်ပအနီးအနားမှာဘယ်နေရာမှာဖြစ်သေးသလဲ။ ဂျပန်နဲ့ တောင်ကိုရီးယားမှာ ဒီ SFTS ရောဂါဖြစ်တာတွေ့ရပါတယ်။ ၂၀၁၃ မှာ တောင်ကိုရီးယားမှာ ၃၆ ယောက်ကူးစက်ခံရတာကနေ ၂၀၁၇ မှာ ၂၇၀ အထိတက်လာခဲ့တယ်။

တရုတ်မှာဆိုရင် ၂၀၁၀ မှာ ၇၁ ယောက်အကူးခံရပြီး ၂၀၁၆ မှာ လူ ၂၆၀၀ အထိကူးစက်ခံရခဲ့ပါတယ်။ဂျပန်နိုင်ငံမှာလည်း ၂၀၁၆ ကနေ ၂၀၁၇ အတွင်း ရောဂါကူးစက်ခံရမှု ၅၀ ရာနှုန်းတိုးလာခဲ့ပါတယ်။ အခုလို ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယား သုံးနိုင်ငံမှာ ဆရာဝန်တွေနဲ့ ပြည်သူတွေဟာ ဒီရောဂါအကြောင်းကို

ပိုသိလာကြပြီး ဂရုစိုက်ချိန်မှာ သေနှုန်းဟာ သိသိသာသာကျသွားကြောင်းလေ့လာတွေ့ရှိခဲ့ရပါသတဲ့။ဒါဆိုရင် SFTS ရောဂါကိုဘယ်လိုကုသမလဲ။SFTS ရောဂါကာကွယ်ဆေးက အခုထိမပေါ်သေးပါဘူးတဲ့။ ကြိုးစားနေတုန်းပါ။ Ribavirin ဆေးကတော့ အဲ့ဒီရောဂါကို ကုသရာမှာ ထိရောက်မှုရှိတာကို တွေ့ရပါတယ်။

အဲ့ဒီ tick အကိုက်ခံရပြီး tick-brone virus အကူးမခံရဖို့က မြက်တောထဲ၊ သစ်တောထဲ သွားရင် ဘောင်းဘီအင်္ကျီအတိုတွေမဝတ်ဖို့၊ တိရိစ္ဆာန်ကနေ tick အကိုက်မခံရအောင် သတိထားဖို့ စတာတွေသတိပြုရပါမယ်။ဘာပဲဖြစ်ဖြစ် tick ကနေ tick-brone virus ကူးစက်ခံရနိုင်တယ်ဆိုတာလူတွေသတိပြုဂရုစိုက်တတ်လာရင် သေနှုန်းကျဆင်းသွားမှာ ဖြစ်ပါကြောင်း။ Credit – Richard Myo Thant