Lifestyle

မြဝတီ၌ လာဖြေသည့် ထိုင်းရောက် မြန်မာကျောင်းသား ၃၂ ဦး အောင်မြင်

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား များ၏ သားသမီးများအနေဖြင့် မြဝတီမြို့ရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သူပေါင်း ၁ဝ၄ ဦးရှိခဲ့ပြီး ထိုအထဲမှ ၃၂ ဦး အောင်မြင်ခဲ့ ကြောင်း သိရသည်။

ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်မြို့နယ် အတွင်း မြန်မာရွှေ့ပြောင်းကျောင်းများ စုစုပေါင်း ၆၄ ကျောင်းရှိပြီး(BMWEC)မြန်မာရွှေ့ပြောင်း အလုပ်သမားများပညာရေးကော်မတီကျောင်း ၂၄ ကျောင်းရှိကာ ပညာသင်ကြားနေသော မြန်မာရွှေ့ပြောင်းကျောင်းသားများ စုစုပေါင်း ၂၅ဝဝဝ ခန့်ရှိပြီး အချို့မှာ မိသားစုစားဝတ် နေရေးအတွက် လုပ်ငန်းခွင်များဝင်ရောက်နေ ရကာ ပညာသင်ကြားနိုင်ခြင်းမရှိသော ကျောင်း နေအရွယ်ကလေးများမှာ ၃ဝဝဝဝ ခန့်ရှိကြောင်း သိရသည်။

”ဆရာတော်ရဲ့ကူညီပေးမှုကြောင့် တက္က သိုလ်ဝင်တန်း အောင်မြင်သွားကြတဲ့ ကလေး တချို့ဟာ တက္ကသိုလ်တွေက ဘွဲ့တွေရရှိခဲ့ကြပြီး မြဝတီမြို့နယ်ကစာသင်ကျောင်းတွေမှာ အထက် တန်းပြဆရာတွေ တချို့ဖြစ်နေကြပါပြီ”ဟု ၎င်းက ဆက်လက်ပြောသည်။ယခုစာသင်နှစ်တွင် မြဝတီတစ်မြို့နယ် လုံးတွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၆၆၂ ဦးဖြေဆိုခဲ့ရာ ၃၃၁ ဦးအောင်မြင်ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၉၂ ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။

#crd