Local News

မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ မရှိသည့်ကျောင်း (၃၈) ကျောင်းရှိ

Zawgyi

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ လုံးဝ အောင်မြင်သူမရှိတဲ့ ဇီးရိုးကျောင်း (၃၈) ကျောင်း ရှိတယ်လို့ မကွေးတိုင်းဒေသကြီး ပညာရေးမှူး ရုံး တာဝန်ရှိသူ က ပြောပါတယ်။

အဲဒီ ဇီးရိုးကျောင်းတွေဟာ မကွေးမြို့နယ်မှာ (၁) ကျောင်း၊ ချောက်မြို့နယ် မှာ (၇) ကျောင်း၊ မြို့သစ်မြို့ နယ်မှာ (၃) ကျောင်း၊ တောင်တွင်းကြီးမြို့နယ် မှာ (၂) ကျောင်း၊ နတ်မောက်မြို့နယ်မှာ (၃)၊ ရေနံချောင်း မြို့နယ်မှာ (၃)  ကျောင်း၊ မင်းဘူးမြို့နယ်မှာ (၁) ကျောင်း၊ စလင်းမြို့နယ်မှာ (၁) ကျောင်း၊

သရက်မြို့နယ် (၁) ကျောင်း၊ ဆင်ပေါင်ဝဲ မြို့နယ် (၄) ကျောင်း ၊ မင်းလှမြို့နယ် (၂) ကျောင်း ၊ ပခုက္ကူမြို့နယ်မှာ (၃) ကျောင်း၊ ရေစကြိုမြို့ နယ်မှာ (၁) ကျောင်း၊မြိုင်မြို့နယ်မှာ (၃)ကျောင်း ၊ ပေါက်မြို့နယ်မှာ (၁) ကျောင်း၊ ဆိပ်ဖြူမြို့နယ်မှာ (၂) ကျောင်း တို့ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွန်ကြားရေးမှူး ဦးစိုးလွင်က ပြောပါတယ်။

ဇီးရိုးကျောင်းတွေ များနေရတာဟာ တိုင်းအတွင်းမှာ အထက်တန်းကျောင်းခွဲတွေ အဆင့် တိုးချထားတာ များသလို အထက်တန်းပြ ဆရာ ဆရာမ လုံလောက်မှု မရှိတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။ ဇီးရိုးကျောင်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်မယ့် အစီအစဉ်ကို ရေးဆွဲထားတယ်လို့ မကွေးတိုင်း ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောပါတယ်။

(၂၀၁၈-၂၀၁၉) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ မကွေးတိုင်းဒေသကြီး အတွင်းက လုံးဝအောင်မြင်သူမရှိတဲ့ ဇီးရိုးကျောင်း (၁၈) သာ ရှိခဲ့တာကြောင့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ ဇီးရိုးကျောင်းတွေ ပိုများလာတာပါ။

ပြီးခဲ့တဲ့ (၂၀၁၉) ခုနစ်က မကွေးတိုင်းဒေသကြီးမှု တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ (၈၃၉၂၂) ဦးရှိပြီး အောင်မြင်သူ (၂၇၀၉၈) ဦး ရှိခဲ့တဲ့အတွက် အောင်ချက်ရာခိုင်နှုန်း (၃၂.၂၉) ပဲရှိခဲ့ပါတယ်။

အခု (၂၀၂၀) တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူ (၉၀၇၂၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ (၂၉၇၇၄)ဦး ရှိခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ အောင်ချက်ရာခိုင်နှုန်းတွေမှာတော့ မကွေးတိုင်းဟာ ရာခိုင်နှုန်း (၃၂.၈၂) နဲ့ အဆင့်(၄) နေရာမှာ ရှိနေပါတယ်။

သတင်း – စိုးစိုးဦး၊ သက်ခိုင်မိုး

Unicode

Source – One News Myanmar.

#credit