Celebrities

နာရေးကူညီမှုအသင်းမှာ တစ်နေ့တာလုပ်အားကုသိုလ်ယူခဲ့တဲ့ မေမြင့်မိုရ်

ပရိသတ်ကြီးရေ… လူတစ်ယောက်ရဲ့နောက်ဆုံးခရီးကို အခက်အခဲမရှိ ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်အောင် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ဦးကျော်သူရဲ့နာရေးကူညီမှုအသင်းကြီးကတော့ လူမှုအဖွဲ့အစည်းအတွက် အရေးပါတဲ့အသင်းကြီးတစ်ခုလို့ ဆိုရမှာပါနော်။

ရှင်ရေးအတွက် ကုသိုလ်ဒါနပြုဖို့ကအရေးပါသလို နာရေးအတွက်လည်း အခုလိုကူညီပေးတဲ့အသင်းကြီးတွေရှိနေတာက တကယ်ကို မင်္ဂလာတစ်ပါးပါ။

ဦးကျော်သူကတော့ သူကိုယ်တိုင်လည်း နေ့စဉ်နေ့တိုင်း နာရေးကူညီပေးနေသလို ဦးကျော်သူကိုချစ်ခင်လေးစားပြီး ကုသိုလ်လိုချင်တဲ့ အနုပညာရှင်တွေလည်း လာရောက်ကူညီပေးကြတာကို တွေ့မြင်ကြမှာပါ။ ဒီနေ့မှာတော့ တစ်နေ့တာလုပ်အားကုသိုလ်အနေနဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ပါဝင်ကူညီပေးခဲ့ပါတယ်။

လူသေအလောင်းသွားသယ်တာ၊ စာရင်းမှတ်တာအပြင် သုသာန်ပို့ဆောင်ပေးတာတွေကို တနေ့တာကုသိုလ်အနေနဲ့ ဦးကျော်သူနဲ့အတူ လိုက်ပါကူညီပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

#credit