Celebrities

မိသားစုတွေနဲ့အတူတူ ချောင်းသာကမ်းခြေမှာလည်ပတ်ရင်း မွေးနေ့လေးကို ပကာသနကင်းကင်းနဲ့ ရိုးရှင်းစွာဖြတ်သန်းနေတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အသက်သုံးဆယ်ကျော်သည့်တိုင် အနုပညာလောကမှာ ပြိုင်ဘက်မရှိ အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အသက်အရွယ်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပေမယ့် အခုချိန်ထိ အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ် အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း မိသားစုတွေနဲ့ အတူတူ အချိန်တွေ ကုန်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပရိသတ်တွေကလည်း ဝတ်မှုံရွှေရည်တစ်ယောက် အိမ်ထောင်မပြုပဲနေတာကိုပဲ မျှော်လင့်နေကြတာဖြစ်ပြီး ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ချပြခြင်းမရှိသေးပါဘူး။ဒီကနေ့ သြဂုတ်လ (၁၀) ရက်နေ့ကတော့ ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သူမရဲ့ မွေးနေ့မှာ ချောင်းသာကမ်းခြေကို သူမရဲ့မိဘနှစ်ပါး၊ သူငယ်ချင်းတွေနဲ့အတူတူ သွားရောက်လည်ပတ်ရင်း အလုပ်တွေအားလုံးကိုမေ့ပြီး မွေးနေ့ကို ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းနေခဲ့တာကို တွေ့ရပါတယ်။
ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ မွေးနေ့လေးမှာ သာမာန်တိုင်းပဲ အေးအေးဆေးဆေးလေး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။CREDIT

Wutt Hmone Shwe Yi

Wutt Hmone Shwe Yi

Posted by Cele News World on Monday, August 10, 2020