Local News

အမေစု ပုံလော့ကတ်သီးလေး ကို မြတ်မြတ်နိုးနိုးဆွဲထားပြီး ကျေနပ်ပျော်ရွှင်နေ တဲ့ ပိုပို

အမေစု ပုံလော့ကတ်သီးလေး ကို မြတ်မြတ်နိုးနိုးဆွဲထားပြီး ကျေနပ်ပျော်ရွှင်နေ တဲ့ ပိုပို

ပန်းထိမ် ဆရာတွေကြားမှာ ရေပန်းစားနေတဲ့ ဒီဇိုင်းအသစ်လေးကတော့ အမေစုပုံစံ လော့ကတ် လေးပါပဲ။ အမေစုရဲ့ဘေးတစောင်းပုံ လေးကို လှလှပပဖန်တီးထားတဲ့ လော့ကတ်လေးဟာ ရွှေချစ်သူတွေကြားမှာလည်း အတော်လေးကိုရေပန်းစားနေပါတယ်။ ပိုပိုကလည်း ဒီလော့ကတ်လေးကို ချစ်ခင်သူတစ်ယောက်က လက်ဆောင်ပေးတာကြောင့် ပျော်ရွှင်နေခဲ့ပါတယ်။

လော့ကတ်သီးလေးဆွဲပြီးမန္တလေးမြို့ကို ပျော်ပျော်ရွှင်ရွှင်လာနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ချစ်စရာအပြုံး လေးတွေနဲ့ ပျော်ပျော်နေတတ်ပြီး သစ်ပင်တွေကိုချစ်မြတ်နိုးတဲ့ အဆိုတော်မလေးရဲ့ ပုံလေးတွေဟာလည်း ကြည့်မိသူတွေကိုပါ အပျော်တွေကူးစက်စေခဲ့ပါတယ်။

သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ” အမေစု လော့ကတ်လေး ချစ်လိုက်တာ လိုချင်နေတာ ကြာပြီ အမေစု လောကတ်လေးဆွဲပြီး မန္တလေးမြို့ကြီးသို့လာပါပြီ ဆွဲကြိုးလေး လက်ဆောင် ပေးတဲ့ မမ ပိုဟန်ကိုလဲ ကျေးဇူးပါရှင့် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

#CREDIT