Celebrities

အရင်တုန်းက ငပေါမ ဆိုပြီး အဖက်မလုပ်ကြဘူး ဆိုတဲ့ ဖြူဖြူထွေး (ရုပ်သံ)

အရင်တုန်းက ငပေါမ ဆိုပြီး အဖက်မလုပ်ကြဘူး ဆိုတဲ့ ဖြူဖြူထွေး

အနုပညာ လောကထဲ ဝင်ခါစ အချိန်မှာ နာမည်ကြီး အနုပညာရှင် တစ်ယောက် က အနုပညာကြေး ပေးမယ်ဆိုပြီး ပွဲတစ်ပွဲ ဖိတ်ခဲ့တယ်။ ပင်ပင်ပန်းပန်း နဲ့ ကပြ ဖျော်ဖြေပေးခဲ့ပေမယ့် တစ်ပြားမှ မရခဲ့ပါဘူး။

နာမည်ကြီး တစ်ယောက်ဖြစ်ပြီး တစ်နပ်စား ဉာဏ်လုပ်သွားခဲ့တယ်။ အရင်တုန်းက ငပေါမ ဆိုပြီး အဖက်လုပ်တာ မခံရဘူး လို့ ပြောလာတဲ့ သရုပ်ဆောင် ဖြူဖြူထွေး

ဖြူဖြူထွေးဟာ ခုဆိုရင်အတော်ကို လူသိများရေပန်းစားတဲ့ ဆယ်လီတစ်ယောက် ဖြစ်နေပါပြီ။ လူတွေကို ဟာဒယရွှင်ဆေး တိုက်ကျွေးရင်းနဲ့ လုပ်ငန်းရှင်တွေကိုလည်း သူတို့ရဲ့ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို လက်မလည်အောင် ကြော်ငြာပေးနေရပါပြီ

ဟိုတစ်နေ့က ညီမငယ်လေးဖြူဖြူထွေးရဲ့အင်တာဗျူးအတိုလေးတစ်ခု ကြည့်လိုက်ရပါတယ်။ သူမဟာ သတင်းထောက် လုပ်ခဲ့ဖူးတဲ့အကြောင်း၊ အနုပညာရှင်တွေကို အင်တာလိုက်ဗျူးခဲ့ဖူးတဲ့အကြောင်းပါ။

ဒီလိုအင်တာဗျူးလုပ်ပြီး နောက်တစ်နေ့မှာ အလုပ်ထုတ်ခံလိုက်ရပါလေရောတဲ့ ဘာလို့အထုတ်ခံရလဲဆိုတော့ အင်တာဗျူးတွေမှာ အသံပါမလာလို့ပါတဲ့။ အသံသွင်းဖို့ မိုက်ခလုတ်ကို ဖွင့်ဖို့မေ့ခဲ့တယ်ထင်ပါရဲ့။

ခုချိန်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေး ပြန်ပြောပြသွားနိုင်ပေမဲ့ အဲဒီလို အလုပ်ထုတ်ခံရတဲ့ အချိန်မှာတော့ ပျော်နိုင်မယ်မထင်ပါဘူး။

ဝမ်းနည်းရမှာပါ။ အသုံးမကျတဲ့ ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်၊ ဝမ်းနည်းအားငယ်စိတ်တွေ ရှိကောင်းရှိခဲ့မှာပါ။

အရေးကြီးတာက အားမလျှော့ပဲ ဆက်ကြိုးစားနေဖို့ပါပဲ။ဆက်ကြိုးစားရင် ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်နိုင်ပါတယ်။credit

အရင်တုန်းက ငပေါမ ဆိုပြီး အဖက်မလုပ်ကြဘူး ဆိုတဲ့ ဖြူဖြူထွေး

“အနုပညာ လောကထဲ ဝင်ခါစ အချိန်မှာ နာမည်ကြီး အနုပညာရှင် တစ်ယောက် က အနုပညာကြေး ပေးမယ်ဆိုပြီး ပွဲတစ်ပွဲ ဖိတ်ခဲ့တယ်။ ပင်ပင်ပန်းပန်း နဲ့ ကပြ ဖျော်ဖြေပေးခဲ့ပေမယ့် တစ်ပြားမှ မရခဲ့ပါဘူး။ နာမည်ကြီး တစ်ယောက်ဖြစ်ပြီး တစ်နပ်စား ဉာဏ်လုပ်သွားခဲ့တယ်။ အရင်တုန်းက ငပေါမ ဆိုပြီး အဖက်လုပ်တာ မခံရဘူး” လို့ ပြောလာတဲ့ သရုပ်ဆောင် ဖြူဖြူထွေး နှင့် ခဏတာ။Myanmar Celebrity TV Update: Phyu Phyu Htwe talks about difficulties in her online entertainer career. #MyanmarActress #PhyuPhyuHtwe #MyanmarNetIdol #MyanmarComedyActress

Posted by Myanmar Celebrity TV on Thursday, June 25, 2020