တရုတ်နိုင်ငံက မိန်းမငယ်လေးတစ်ဦးဟာ သွေးကင်ဆာရောဂါခံစားနေရတဲ့ညီမဖြစ်သူရဲ့ ဆေးကုသမှုစရိတ်ကိုပေးချေနိုင်သည့် မည်သူ့ကိုမဆိုလက်ထပ်မည်ဖြစ်ကြောင်း media တွေကို နောက်ပြောင်ပြောဆိုခဲ့ပါတယ် ။
အသက် 14နှစ်အရွယ် Cui Xiao အမည်ရှိတဲ့သွေးကင်ဆာရောဂါခံစားနေရတဲ့ ညီမငယ်လေးကို အစ်မဖြစ်သူCui Qiao က ကျောင်းတွေဆီကနေ ဆေးကုသမှုစရိတ်ရန်ပုံငွေ $78,000 အထိရရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ကြိုးစားနေခဲ့ပေမဲ့လည်း ရန်ပုံငွေလုံလောက်စွာမရရှိခဲ့ပါဘူး ။
သူမရဲ့ဖခင်ဖြစ်သူကလည်း တစ်လကို $156 ဝန်းကျင်သာရှာဖွေနိုင်သူဖြစ်ပြီး ၊ မိခင်ဖြစ်သူမှာလည်း ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်နေသူဖြစ်ကြောင်း သိရှိရပါတယ် ။
Qiaoတစ်ယောက်တည်းကသာပိုက်ဆံကိုမိသားစုဝင်တွေအတွက်လုံလုံလောက်လောက်ဖြစ်အောင်ရှာဖွေပေးနိုင်သူဖြစ်ပေမဲ့လည်
ညီမဖြစ်သူ ပထမဆုံးအကြိမ်ဓာတုကုထုံးခံယူခဲ့ရတဲ့အချိန်မှာတော့ သူမရဲ့အလုပ်ကိုထွက်ခဲ့ရပြီး ညီမငယ်ကိုသာပြုစုစောင့်ရှောက်နေခဲ့ရတာပါ ။
ထို့ကြောင့် Qiao ဟာ မိသားစုရဲ့ဆေးဖိုးကုသစရိတ်တွေ အကူအညီရအောင်ဆိုပြီး media ကိုအားကိုးကာ ဆေးဖိုးငွေချေပေးမည့်မည်သူ့ကိုမဆိုလက်ထပ်မည်ဖြစ်ကြောင်း နောက်ပြောင်ပြီးပြောဆိုခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။
သူမရဲ့နောက်ပြောင်ပြောဆိုမှုတွေဟာ တော်တော်လေးအရာရောက်သွားမယ်လို့ သူမ မထင်မိခဲ့ပါဘူး ။ သို့ပေမဲ့လည်း လူအများအပြားက ညီမဖြစ်သူရဲ့ဆေးကုသစရိတ်ကို ပေးလှူလာကြတဲ့အတွက် ခန့်မှန်းထားတဲ့ပမာဏထက်ပိုပြီး ရရှိခဲ့ကြောင်း သိရှိရပါတယ် ။
အစပိုင်းမှာတော့ ကျွန်မတို့မိသားစုရဲ့ အိမ်တွင်းရေးစိတ်မချမ်းမသာကိစ္စကို အပြင်လူတွေကိုမပေးသိစေချင်ပေမဲ့ ၊ ညီမရဲ့ဆေးကုသစရိတ်ကြောင့် မသက်နိုင်တော့ပဲ အခုလိုဖွင့်ပြောခဲ့ရတာဖြစ်ကြောင်း Qiao ကပြောဆိုခဲ့ပါတယ် ။
unicode
တရုတ်နိုင်ငံက မိန်းမငယ်လေးတစ်ဦးဟာ သွေးကင်ဆာရောဂါခံစားနေရတဲ့ညီမဖြစ်သူရဲ့ ဆေးကုသမှုစရိတ်ကိုပေးချေနိုင်သည့် မည်သူ့ကိုမဆိုလက်ထပ်မည်ဖြစ်ကြောင်း media တွေကို နောက်ပြောင်ပြောဆိုခဲ့ပါတယ် ။ အသက် 14နှစ်အရွယ် Cui Xiao အမည်ရှိတဲ့သွေးကင်ဆာရောဂါခံစားနေရတဲ့ ညီမငယ်လေးကို အစ်မဖြစ်သူCui Qiao က ကျောင်းတွေဆီကနေ ဆေးကုသမှုစရိတ်ရန်ပုံငွေ $78,000 အထိရရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ကြိုးစားနေခဲ့ပေမဲ့လည်း ရန်ပုံငွေလုံလောက်စွာမရရှိခဲ့ပါဘူး ။
သူမရဲ့ဖခင်ဖြစ်သူကလည်း တစ်လကို $156 ဝန်းကျင်သာရှာဖွေနိုင်သူဖြစ်ပြီး ၊ မိခင်ဖြစ်သူမှာလည်း ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်နေသူဖြစ်ကြောင်း သိရှိရပါတယ် ။
Qiao တစ်ယောက်တည်းကသာ ပိုက်ဆံကို မိသားစုဝင်တွေအတွက် လုံလုံလောက်လောက်ဖြစ်အောင်ရှာဖွေပေးနိုင်သူဖြစ်ပေမဲ့လည်း ၊ ညီမဖြစ်သူ ပထမဆုံးအကြိမ်ဓာတုကုထုံးခံယူခဲ့ရတဲ့အချိန်မှာတော့ သူမရဲ့အလုပ်ကိုထွက်ခဲ့ရပြီး ညီမငယ်ကိုသာပြုစုစောင့်ရှောက်နေခဲ့ရတာပါ ။
ထို့ကြောင့် Qiao ဟာ မိသားစုရဲ့ဆေးဖိုးကုသစရိတ်တွေ အကူအညီရအောင်ဆိုပြီး media ကိုအားကိုးကာ ဆေးဖိုးငွေချေပေးမည့်မည်သူ့ကိုမဆိုလက်ထပ်မည်ဖြစ်ကြောင်း နောက်ပြောင်ပြီးပြောဆိုခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။
သူမရဲ့နောက်ပြောင်ပြောဆိုမှုတွေဟာ တော်တော်လေးအရာရောက်သွားမယ်လို့ သူမ မထင်မိခဲ့ပါဘူး ။ သို့ပေမဲ့လည်း လူအများအပြားက ညီမဖြစ်သူရဲ့ဆေးကုသစရိတ်ကို ပေးလှူလာကြတဲ့အတွက် ခန့်မှန်းထားတဲ့ပမာဏထက်ပိုပြီး ရရှိခဲ့ကြောင်း သိရှိရပါတယ် ။ အစပိုင်းမှာတော့ ကျွန်မတို့မိသားစုရဲ့ အိမ်တွင်းရေးစိတ်မချမ်းမသာကိစ္စကို အပြင်လူတွေကိုမပေးသိစေချင်ပေမဲ့ ၊ ညီမရဲ့ဆေးကုသစရိတ်ကြောင့် မသက်နိုင်တော့ပဲ အခုလိုဖွင့်ပြောခဲ့ရတာဖြစ်ကြောင်း Qiao ကပြောဆိုခဲ့ပါတယ် ။
#cerdit