Celebrities

မွေးလကို အလှူတွေဆက်တိုက်လုပ်ပြီး ဖြတ်သန်းနေတဲ့ ချစ်သုဝေ

ပရိသတ်ကြီးရေ.. ဒီနေ့ သြဂုတ်လ(၁၀) ရက်နေ့လေးကတော့ ရုပ်ရှင်သရုပ်ဆောင်နဲ့အဆိုတော် ချစ်သုဝေရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ချစ်သုဝေကတော့ အမြွာလေးနှစ်ယောက် ခေတ်နဲ့သစ်တို့ရဲ့ စံပြမေမေတစ်ယောက်ဖြစ်သလို လိုအပ်တဲ့နေရာတိုင်းမှာလည်း လူအား၊ငွေအားနဲ့ တတ်နိုင်သမျှကူညီနေတဲ့ စံပြအနုပညာရှင်တစ်ယောက်ပါ။

သူ့ရဲ့မွေးလလေးကိုလည်း လအစကတည်းက အလှူအတန်းတွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့ပါတယ်။ ပထမဆုံးအလှူလေးအနေနဲ့ ပဲခူးရိုးမ၊ ကျောက်တံခါးမြို့နယ်၊ ကုန်းမြင့်သာကျေးရွာ(၁၂) မိုင်မှာရှိတဲ့ ကိုယ်ထူကိုယ်ထမူလတန်းကျောင်းလေးအတွက် စာကြည့်တိုက်လေး ဆောက်လုပ်ဖို့ အလှူငွေလှူဒါန်းပေးခဲ့ပြီး ဒုတိယမြောက်အလှူအနေနဲ့ ကမ်းဇေယျာပရဟိတသီလရှင်စာသင်တိုက်မှာ အခြေခံစားသောက်ကုန်တွေနဲ့ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ဒီနေ့မွေးနေ့ရက်လေးမှာတော့ St.Mary ကျောက်တန်း ကလေးငယ်လေးတွေအတွက် အာဟာရဒါနလှူဒါန်းပေးခဲ့ရင်း မွေးနေ့ရက်လေးကို ဖြတ်သန်းခဲ့ပါတယ်။ ချစ်သုဝေကတော့ မွေးလအလှူတွေနဲ့ပတ်သက်ပြီး ” ဒီနှစ်မွေးနေ့လလေးမှာ လှူခွင့်ရတာမှန်သမျှအတွက် ကြည်နူးမဆုံးပဲ…အလုပ်တွေလုပ်နိုင်စွမ်းအားရှိသရွေ့ သဒ္ဓါအားပိုတိုးလို့ လှူနိုင်တန်းနိုင်လှူချင်တန်းချင်သောသူပဲဖြစ်ရပါလို၏” ဆိုပြီး ဆုတောင်းခဲ့ပါသေးတယ် ပရိသတ်ကြီးရေ.. အရမ်းချစ်ဖို့ကောင်းပြီး အမြဲတက်ကြွလန်းဆန်းနေတဲ့ မေမေထရီဇာရဲ့မွေးနေ့လေးအတွက် ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Chit Thu Wai
Rainbow- Cele Gabar

#credit