မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက ပျော်ဘွယ်မြို့နယ်ရှိ ကျေးရွာ ၄ ရွာ အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီးအစီး ၅၀၀ လှုဒါန်းခြင်းကို သြဂုတ်လ ၈ ရက်က ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်း ဒေသကြီး အမျိုးသမီး ကော်မတီအနေဖြင့် စက်ဘီးများ လှုဒါန်းပေးရခြင်းမှာ ကျောင်းများဖွင့်လှစ်ချိန်တွင် သားသမီးချင်းစာနာခြင်း၊ ပညာရေးကို အားပေးခြင်းနှင့်အတူ ခရီးဝေးမှ ခက်ခက်ခဲခဲ ကျောင်းတက်ရသည့် ကျောင်းသားကျောင်းသူများ
အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။ လှူဒါန်းပေးခဲ့သည့် အထက်တန်းကျောင်းများမှာ ပျော်ဘွယ်မြိ့နယ်အတွင်းရှိ မြောက်ညောင်ကုန်း ကျေးရွာအုပ်စုမှ အထက (မြောက်ညောင်ကုန်း)၊
ကြို့ကုန်းကျေးရွာအုပ်စုမှ အ.ထ.က (ကြို့ကုန်း)၊ သီးပင်ကျေးရွာအုပ်စုမှ အ.ထ.က (တဲကြီးကုန်း)နှင့် ဖောင်းတောကျေးရွာအုပ်စုမှ အ.ထ.က-ခွဲ (ရွာသစ်)တို့ဖြစ်သည်။ အထက်တန်းကျောင်း ၄ ကျောင်းအတွက် စက်ဘီးအစီး ၅၀၀ လှုဒါန်းပွဲသို့
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၏ဇနီး ဒေါ်မြင့်မြင့်ရီ၊ သစ်တောနှင့် သယံဇာတဝန်ကြီး၏ဇနီး ဒေါမီမီလှိုင်၊ လျှပ်စစ်စွမ်းအင်နှင့်
ဆောက်လုပ်ရေးဝန်ကြီး၏ဇနီး ဒေါက်တာခင်မိုးမိုးဦး၊ လ.ဝ.က ဝန်ကြီး၏ဇနီး ဒေါ်မြတ်မွန်၊ တိုင်းဒေသကြီးဥပဒေချုပ်၏ဇနီး ဒေါ်စန်းဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက
အ.ထ.က (မြောက်ညောင်ကုန်း)အတွက် စက်ဘီး ၁၃၆ စီး၊ အ.ထ.က (ကြို့ကုန်း)အတွက် စက်ဘီး ၇၂ စီး၊ အ.ထ.က (တဲကြီးကုန်း) အတွက် စက်ဘီး ၁၄၆ စီး၊ အ.ထ.က-ခွဲ (ရွာသစ်) အတွက် စက်ဘီး ၁၄၆ စီး စုစုပေါင်း အစီး ၅၀၀ လှူဒါန်းခဲ့သည့်
အပြင် ကိုဗစ်ကပ်ရောဂါအတွက် လမ်းညွှန်များတွင်ပါရှိသည့် လက်သန့်ဆေးရည်၊ Maskများကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။Crd#
ယူနီကုဒ်ဖြင့်ဖတ်ရန်