Lifestyle

မိသားစုဝင်တွေဆုံးပါးသွားတာကြောင့် တစ်ယောက်တည်းနေပြီး ဘယ်သူ့အကူအညီမှမယူပဲ လောကကြီးမှာရပ်တည်နေတဲ့ ဆယ်နှစ်အရွယ်ကလေးငယ်

ဘဝမှာ ဆွေမျိုးမိဘမရှိဘဲ တစ်ယောက်တည်းရပ်တည်ဖို့ ဆိုတာ တကယ်တော့မလွယ်ပါဘူး ဒါပေမဲ့ ခုပြောပြမဲ့ အဖြစ်အပျက်လေးထဲက အသက် ၁၀ နှစ်သာရှိသေးတဲ့ ကလေးငယ်ဟာ တစ်ယောက်တည်းဘဝကို ရပ်တည်ဖြတ်သန်းနေရတာပါ

ငယ်စဉ်ကတည်းကအမေဖြစ်သူက ဆုံးပါးသွားတာဖြစ်ပြီးအဖေကလည်း ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်အဖြစ် အဝေးမှာ အလုပ်လုပ်နေရသူပါ

ငယ်စဉ်ကတည်းက မိဘနဲ့ခွဲနေရတဲ့ Dang Van Khuyen လေးဟာ ဖခင်ဖြစ်သူအလုပ်လုပ်ပြီး ပို့ပေးတဲ့ ပိုက်ဆံနဲ့ အဘွားဖြစ်သူနဲ့ အတူ ဘဝကိုဖြတ်သန်းနေရရှာတာပါ။

ဒါပေမဲ့ ခုချိန်မှာတော့ ကံမကောင်းစွာနဲ့ပဲ အဘွားဖြစ်သူဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး အဖေဖြစ်သူကလည်း လုပ်ငန်းခွင်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်

ဒါကြောင့် Dang Van Khuyen လေးဟာ ဆွေမရှိမျိုးမရှိဖြစ်သွားရရှာပါတယ်…တစ်ကောင်ကြွက်ဖြစ်သွားတဲ့ ကလေးဟာ ဘဝကို အရှုံးပေးစိတ်ပျက် အားငယ်ချင်းမရှိဘဲ အသီးအရွက်တွေစိုက်ပျိုးရောင်းချကာ တစ်ဦးတည်းရပ်တည်နေရင်း ကျောင်းဆက်တက် နေခဲ့ပါတယ်

သူ့ရဲ့ ဆရာက ခုလိုအဖြစ်အပျက်လေးကိုလူမှုကွန်ရက်စာမျက်နှာပေါ် ဖြန့်ဝေကူညီပေးခဲ့တာကြောင့် Dang Van Khuyen အကြောင်းလူသိများလာပြီး မွေးစားချင်သူတွေ ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ Dang Van Khuyen လေးဟာ ဘယ်သူ့အကူအညီကိုမှ မယူဘဲ တစ်ယောက်တည်းဆက်လက်ရပ်တည်ခဲ့ပါတယ်…အစိုးရနဲ့ ကျောင်းကလည်း မွေးစားမယ့်သူတွေ ရှာပေးပေမယ့် လက်မခံခဲ့ပါဘူး

ခုတော့ ကလေးလေးဟာ တစ်ယောက်တည်း စိုက်ပျိုးရေးလုပ်လိုက် ကျောင်းတက်လိုက်နဲ့ ဘဝကို တစ်ယောက်တည်း ဖြတ်သန်းနေရှာပါတယ်

တကယ့်ကို ကြေကွဲဖွယ်ကောင်းတဲ့သတင်းလေးဖြစ်သလို တစ်ဖက်ကကြည့်ရင်လည်း ၁၀ နှစ်သားကလေးတစ်ယောက်ရဲ့ ဘဝကို တစ်ဦးတည်း ရဲရဲရင့်ရင့်ရင်ဆိုင်ရဲတဲ့ သတ္တိကတော့ လေးစားချီးကျုးဖွယ်ကောင်းပါတယ်။

Unicode

ဘဝမှာ ဆွေမျိုးမိဘမရှိဘဲ တစ်ယောက်တည်းရပ်တည်ဖို့ ဆိုတာ တကယ်တော့မလွယ်ပါဘူး ဒါပေမဲ့ ခုပြောပြမဲ့ အဖြစ်အပျက်လေးထဲကအသက် ၁၀ နှစ်သာရှိသေးတဲ့ ကလေးငယ်ဟာ တစ်ယောက်တည်းဘဝကို ရပ်တည် ဖြတ်သန်းနေရတာပါ

ငယ်စဉ်ကတည်းကအမေဖြစ်သူက ဆုံးပါးသွားတာဖြစ်ပြီးအဖေကလည်း ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်အဖြစ် အဝေးမှာ အလုပ်လုပ်နေရသူပါငယ်စဉ်ကတည်းက မိဘနဲ့ခွဲနေရတဲ့ Dang Van Khuyen လေးဟာ ဖခင်ဖြစ်သူအလုပ်လုပ်ပြီး ပို့ပေးတဲ့ ပိုက်ဆံနဲ့ အဘွားဖြစ်သူနဲ့အတူ ဘဝကိုဖြတ်သန်းနေရရှာတာပါ။

ဒါပေမဲ့ ခုချိန်မှာတော့ ကံမကောင်းစွာနဲ့ပဲ အဘွားဖြစ်သူဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး အဖေဖြစ်သူကလည်း လုပ်ငန်းခွင်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်

ဒါကြောင့် Dang Van Khuyen လေးဟာ ဆွေမရှိမျိုးမရှိဖြစ်သွားရရှာပါတယ်…တစ်ကောင်ကြွက်ဖြစ်သွားတဲ့ ကလေးဟာ ဘဝကို အရှုံးပေးစိတ်ပျက်အားငယ်ချင်းမရှိဘဲ အသီးအရွက်တွေစိုက်ပျိုးရောင်းချကာ တစ်ဦးတည်းရပ်တည်နေရင်း ကျောင်းဆက်တက် နေခဲ့ပါတယ်

သူ့ရဲ့ ဆရာက ခုလိုအဖြစ်အပျက်လေးကိုလူမှုကွန်ရက်စာမျက်နှာပေါ် ဖြန့်ဝေကူညီပေးခဲ့တာကြောင့် Dang Van Khuyen အကြောင်းလူသိများလာပြီး မွေးစားချင်သူတွေ ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ Dang Van Khuyen လေးဟာ ဘယ်သူ့အကူအညီကိုမှ မယူဘဲ တစ်ယောက်တည်းဆက်လက်ရပ်တည်ခဲ့ပါတယ်…အစိုးရနဲ့ ကျောင်းကလည်း မွေးစားမယ့်သူတွေ ရှာပေးပေမယ့် လက်မခံခဲ့ပါဘူး

ခုတော့ ကလေးလေးဟာ တစ်ယောက်တည်း စိုက်ပျိုးရေးလုပ်လိုက် ကျောင်းတက်လိုက်နဲ့ ဘဝကို တစ်ယောက်တည်း ဖြတ်သန်းနေရှာပါတယ်

တကယ့်ကို ကြေကွဲဖွယ်ကောင်းတဲ့ သတင်းလေးဖြစ်သလို တစ်ဖက်ကကြည့်ရင်လည်း ၁၀ နှစ်သားကလေးတစ်ယောက်ရဲ့ ဘဝကို တစ်ဦးတည်း ရဲရဲရင့်ရင့်ရင်ဆိုင်ရဲတဲ့ သတ္တိကတော့ လေးစားချီးကျုးဖွယ်ကောင်းပါတယ်#crd