Celebrities

ရုပ်ရှင် စရိုက်ခါစက ဖိနပ်နဲ့ပေါက်ပြီး ဆုံးမခံခဲ့ရတဲ့ အကြောင်း ပြန်ပြောင်းပြောပြလာတဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်

လူရွှင်တော်/သရုပ်ဆောင် ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းကို အခိုင်အမာရရှိထားပြီး ယခုအခါမှာ လူရွှင်တော်အလုပ်သာမကဒါရိုက်တာအဖြစ်ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲများ ရိုက်ကူးနေပြီဖြစ်ပါတယ်။

ခင်လှိုင်ဟာ ဒါရိုက်တာအနေနဲ့ ဆိုးပေ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးဖို့ရှိနေပြီး သမီးဖြစ်သူ သရုပ်ဆောင် သဇင်ထူးမြင့်နဲ့အတူ ပါဝင်သွားမှာပါ။ယခုလို အောင်မြင်နေပေမယ့် ဦးခင်လှိုင်ရဲ့ ရုပ်ရှင်လောက ကို စတင်ဝင်ရောက်ခဲ့မှုကတော့ လွယ်လင့်တကူမဟုတ်ခဲ့ပါဘူး။

ရုပ်ရှင်စရိုက်ခါစမှာဇာတ်သဘင်လောကက လာသူဖြစ်တဲ့အတွက် သရုပ်ဆောင်ရာမှာ အဆီအငေါ်မတည့်မှုတွေဖြစ်နေလို့ ဖိနပ်နဲ့ပေါက်ပြီးဆုံးမတာခံခဲ့ရဖူးတယ်လို့ ဦးခင်လှိုင်ကပြန်ပြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်။

ဦးခင်လှိုင်က ” ကျွန်တော်တို့ ကသဘင်လောက က လာတာဆိုတော့ ရုပ်ရှင်နဲ့ပတ်သတ်ပြီး ဘာမှကိုမသိတာလေ…သဘင်မှာကျတော့ ရာနဲ့ထောင်နဲ့ချီတွေ ဟိုးအဝေးကြီးကနေလှမ်းမြင်နိုင်ဖို့အတွက် Over Act လုပ်ရတာပေါ့

အမူအယာတွေပိုလုပ်ရတာပေါ့….ဒါမှ အဝေးကမြင်သာတာဆိုတော့လေ…ရုပ်ရှင်ကျတော့ ကင်မရာသေးသေးလေးထဲမှာ ကိုယ့်အမူအရာကိုထင်းနေအောင်လုပ်ပြရတာဆိုတော့ စရိုက်ခါစတုန်းက ပရိသတ်တွေက ခင်လှိုင်က အရမ်း အိုက်တင်တွေအိုဗာဖြစ်တာပဲလို့ ဝေဖန်သံတွေကြားရတယ်..

ဟုတ်တယ်အဲ့ဒီတုန်းကကျွန်တော်တကယ်အိုဗာဖြစ်နေခဲ့တယ်ဆိုတာ ကျွန်တော်လည်းသိပါတယ်။ဒါကလည်း သဘင်လောကကို နှိမ်ပြောတာမဟုတ်ပါဘူး….. နယ်ပယ်ချင်းမတူတာကို ပြောချင်တာပါ” ဟု Over Acting တွေသရုပ်ဆောင်ခဲ့မိတဲ့အကြောင်းပြောပြလာခဲ့တာပါ။

ဒါ့အပြင် ဦးခင်လှိုင်က ” ကျွန်တော်ဆို အရင်တုန်းက ဆရာသမားတွေက ဖိနပ်နဲ့ပေါက်ပြီးဆုံးမတာပါခံခဲ့ရ တာပါ….. သူတို့ဒီလိုဆုံးမလို့လည်းတသက်လုံးမှတ်သွားတာပေါ့။…..

ဒါရိုက်တာကိုလည်းကြောက်ရသလို ကင်မရာမန်းတွေလည်း ကြောက်ရပါတယ်…. ” လို့ ရုပ်ရှင်စရိုက်ခါစက ဖိနပ်နဲ့ပါအပေါက်ခံခဲ့ရတဲ့အကြောင်း ပြန်ပြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ဒါကတော့ ဦးခင်လှိုင်တစ်ယောက်ခက်ခက်ခဲခဲနဲ့ ဖြတ်ကျော်ခဲ့ရတဲ့ရုပ်ရှင်လောကအမှတ်တရ တချို့ကို ပြန်လည်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ ဦးခင်လှိုင်ကို အားပေးတဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။

#credit