Celebrities

ဆံကေသာအလှဆုံး မြန်မာဆယ်လီတွေ(၇)ယောက်

မိန်းမတို့ဘုန်းဆံထုံး၊ယောက်ျားတို့ဘုန်း ကတုံး.. အဲလေ လက်ရုံးဆိုတဲ့ စကားလည်းအရှိသားမဟုတ်လား။ ဆံပင်ရဲ့ကောင်းခြင်း အသားအရည်ရဲ့ကောင်းခြင်းဆိုတာတွေက မိန်းမမြတ်တွေရဲ့အင်္ဂါရပ်တွေထဲမှာပါဝင်သလို နက်မှောင်ရှည်လျားတဲ့ ဆံနွယ်တွေပိုင်ဆိုင်တဲ့မိန်းကလေးကို လူတိုင်းကချစ်ချင်ကြပါတယ်။ အခုခေတ်မှာတော့ ဆံပင်အရှည်ကြီးတွေရှားသွားပြီဆိုပေမယ့်လည်း ဆံကေသာကိုလှအောင်အမျိုးမျိုးပြုပြင်ပုံသွင်းတာတွေတော့ လုပ်နေကြဆဲပါပဲ။ ဆံပင်ပုံစံလှလှလေးနဲ့ ချစ်ဖို့ကောင်းတဲ့အသွင်သဏ္ဍာန်လေးတွေကိုပိုင်ဆိုင်ထားကြတဲ့ မြန်မာဆယ်လီတွေကို ပြောချင်လွန်းလို့ page ကနေ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ပန်းရောင်ခြယ်

မြန်မာနိုင်ငံက ပုရိသတွေရူးလောက်အောင်စွဲလန်းရတဲ့ ပန်းရောင်ခြယ်လေးဟာဆိုရင် ချိုမြတဲ့အပြုံးမျက်နှာ၊ ရှည်လျားတဲ့ ဆံနွယ်တွေနဲ့ ချစ်စရာ့အသံချိုချိုလေးကိုပိုင်ဆိုင်ထားသူလေးပါ။ ပန်းရောင်ခြယ်လေးရဲ့အုံထူပြီး ရှည်လျားပျော့စင်းခွေခေါက်တဲ့ ဆံနွယ်တွေထဲမှာပဲ မျက်နှာအပ်ထားချင်တော့တာပဲဆိုတဲ့လူတွေကလည်းက လက်ညိုးထိုးမလွဲဖြစ်သလို ပန်းရောင်ခြယ်ရဲ့ ဖေဖေ ဂရေဟမ်ကို ယောက္ခမတော်ချင်တဲ့သူတွေကလည်းဒုနဲ့ဒေးပဲဖြစ်ပါတယ်။ ပန်းရောင်ခြယ်လေးဟာ လက်ရှိမှာကြော်ငြာတွေလည်းရိုက်ပြီး သီချင်းတွေလည်းလိုက်ဆိုနေဆဲဖြစ်တဲ့ အဆိုတော်မော်ဒယ်လေးဖြစ်ပါတယ်။

ယွန်းယွန်း

ဆံပင်ရဲ့ကောင်းခြင်းနဲ့ပြည့်စုံတဲ့ မင်းသမီးတွေအကြောင်းပြောရင်တော့ ယွန်းယွန်းလေးကိုချန်ထားခဲ့လို့မရပါဘူး။ ယွန်းယွန်းလေးဟာ ကလေးသရုပ်ဆောင်ဘဝကနေ ပရိသတ်တွေမျက်စိရှေ့မှာပဲ လူလားမြောက်လာခဲ့သူတစ်ဦးဖြစ်ပြီး ချစ်စရာပါးချိုင့်လေးနဲ့ ပရိသတ်တွေရဲ့အသည်းကိုခြွေနိုင်လွန်းသူ အချစ်ခံရဆုံးမင်းသမီးလေးဖြစ်ပါတယ်။

ယွန်းယွန်းရဲ့နက်မှောင်ရှည်လျားတဲ့ ဆံနွယ်တွေဟာ မြင်သူတိုင်းကို မင်သက်မိစေသလို ယွန်းယွန်းရဲ့ ပါးချိုင့်နက်နက်လေးထဲမှာပဲ ဝင်အိပ်နေချင်တော့တာပဲဆိုသူတွေကလည်း မနည်းလှတဲ့ ပမာဏကြီးဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးသရုပ်ဆောင်အကယ်ဒမီဆုကြီးကိုဆွတ်ခူးရယူထားတဲ့ ယွန်းယွန်းလေးကတော့ ရုပ်ရှင်ကားကြီးတွေလည်းဆက်လက်ရိုက်ကူးနေဆဲဖြစ်ပါတယ်။

မအေးသောင်း

မအေးသောင်းအဖြစ် တကျော့ပြန်နာမည်ကြီးလာခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ပုရိသတွေရဲ့ ယေဘုယျမမပဲဆိုရင်မမှားပါဘူး။ မမ နဲ့အစချီတဲ့ ကဗျာတွေအားလုံးဟာ မအေးသောင်းကိုရည်ညွှန်းပြီး လူငယ်လေးတွေတိုင်းက မမကို ချစ်မြတ်နိုးသလို မအေးသောင်းဟာ အလှအပအနုအရွကဗျာတွေစာတွေအစပ်ခံရဆုံး မင်းသမီးတစ်လက်ဆိုရင်လည်းမှားအံ့မထင်ပါဘူး။

မအေးသောင်းရဲ့ ယဉ်စစနဲ့ ကပိုကရိုဆံနွယ်လေးတွေကြားမှာ ရူးခါသွားတဲ့ ပုရိသတွေဆိုတာလည်း တော်တော်များများကိုရှိနေပြီး မအေးသောင်းနဲ့တွေ့ရင်ရိုးရိုးလူတွေတောင်ကဗျာဆရာတွေဖြစ်ကုန်တာပဲလို့လည်းပြောစမှတ်ရှိပါတယ်။ မအေးသောင်းကတော့ မြန်မာဆန်ဆန်ယဉ်ယဉ်ကျေးကျေးနဲ့ ပရိသတ်တွေရင်ထဲမှာ နေရာယူထားခဲ့သူဖြစ်ပြီး လက်ရှိမှာ ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေအဆက်မပြတ်ရိုက်ကူးနေရတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါသေးတယ်။

Mary

အရက်ပဲမူးနေသလိုလို ဆေးပဲချထားသလိုလို Hype ပဲ Hype နေသလိုလို အသံပါဝါကာလာအနေအထားနဲ့ ပုရိသတွေကိုရင်ခုန်စေခဲ့သူလေးကတော့ Mary လေးပဲဖြစ်ပါတယ်။ ဆံနွယ်ရှည်တွေကို အဖျားလေးတွေခွေထားတဲ့ ဆံပင်ပုံစံနဲ့ နိုးထခါစမနက်ခင်းလေးလို နုသစ်လတ်ဆတ်နေလေ့ရှိတဲ့ Mary ဟာ ယောက်ျားလေးတွေအချစ်ရူးရူးသွားရခြင်းရဲ့ အဓိကတရားခံပါပဲဆိုတဲ့စွပ်စွဲချက်တွေကလည်း တော်တော်များပါတယ်။ ပိုဆိုးတာကတော့ Mary လေးက မကြာခင်ကထွက်ရှိထားတဲ့ သူ့ရဲ့ Midnight Thoughts ဆိုတဲ့ Album လေးမှာ Mary အရမ်းချစ်ရသူအတွက်ဆိုတာနဲ့အစချီတဲ့ စာတိုလေးပါထည့်ထားခဲ့တာကြောင့် Mary ကြောင့် ရူးရသူအရေအတွက်ပိုများလာခဲ့ခြင်းပါပဲ။

စုလှိုင်ဝင်း

စုလှိုင်ဝင်းဟာဆိုရင်ဖြင့် ပုရိသတွေရဲ့အချစ်တော်လေးဖြစ်သလို အင်မတန်ဆတ်ဆတ်ထိမခံဖြေရှင်းတတ်သူလေးအဖြစ်လည်းနာမည်ကြီးပါတယ်။ နောက်ပိုင်းတော့ဖြေရှင်းရတာမောသွားလို့လားမသိ၊ငြိမ်တော့ငြိမ်သွားပါတယ်။ ကိုယ်ခန္ဓာအချိုးအစားနဲ့ လှပတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားလို့ ပရိသတ်တွေအကြား ရေပန်းစားတဲ့ စုလှိုင်ဝင်းဟာ သူမရဲ့အလှကိုပံ့ပိုးပေးနေတဲ့ ဖြောင့်စင်းတဲ့ ဆံကေသာတွေနဲ့လည်း ပဏ္ဏာရလှသူလေးတစ်ဦးဖြစ်ပါတယ်။

နော်ဖောအယ်ထား

တိုင်းရင်းသူလေး နော်ဖောအယ်ထားကတော့ အရမ်းအရမ်းကိုချစ်ဖို့ကောင်းပြီးအပြစ်ကင်းစင်တဲ့မျက်နှာလေးကြောင့် တုန်နေအောင်ချစ်ပါတယ်ဆိုတဲ့ ပရိသတ်တော်တော်များများကို ခိုင်မာစွာရရှိထားသူလေးဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆာင်နော်ဖောအယ်ထားဟာ လူအများကြားမှာ ထင်းခနဲနေအောင်လှတဲ့ မျက်နှာသွင်ပြင်လေးနဲ့ လိုက်ဖက်လှတဲ့ အုံထူပြီးဖြာကျနေတဲ့ ဆံနွယ်တွေကိုလည်းပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။

ပုိးမမွီသာ

ပိုးမမှီသာဆိုသူလေးကတော့ နာမည်နဲ့လိုက်အောင်ပဲ ပိုးဖဲကတ္တီပါလို ဝင်းမွတ်လှပအိစက်တဲ့မျက်နှာလေးနဲ့ ဝိုင်းစက်တဲ့မျက်ဝန်းကြည်ကြည်လေးတွေကြောင့် စိုင်းစိုင်းကတောင်မျက်စိကျပြီး သိင်္ဂါရသီချင်းတစ်ပုဒ်ဆိုတဲ့ သီချင်းရဲ့ Music Video လေးမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခံရသူလေးပါ။ အဲဒီသီချင်းကလည်း ပိုးမမှီသာရဲ့အောင်မြင်မှုကို ပံ့ပိုးပေးခဲ့တယ်လို့ပြောရမှာဖြစ်သလို စိုင်းစိုင်းရဲ့ Sai Campus Queen တစ်ယောက်အဖြစ် Sai Cosmetics တွေကို ကြော်ငြာပေးခဲ့ခြင်းကလည်း ပိုးမမှီသာကိုပိုပြီးနာမည်ကြီးစေခဲ့တာပါ။

အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ ပခုံးပေါ်မှာ ဝဲပျံကျနေတဲ့ ပိုးချည်မျှင်တွေလို၊မနက်ခင်းရဲ့နေရောင်ခြည်တွေလို တောက်ပဖြာလက်တဲ့ဆံနွယ်တွေကိုလည်း ပရိသတ်တွေကသတိမထားမိပဲမနေနိုင်ကြပါဘူး။ ပိုးမမှီသာကတော့ မချစ်မိအောင်ကြိုးစားဖို့ခက်ခဲလှတဲ့မော်ဒယ်လေးတစ်ယောက် မင်းသမီးလေးတစ်ပါးပဲဖြစ်ပါတယ်။

အခုပြောပြသွားတာတွေကတော့ ဆံကေသာရဲ့ကောင်းခြင်းနဲ့ပြည့်စုံတဲ့ အနုပညာရှင်အချို့ပဲဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီထဲမှာဘယ်သူ့ကိုအချစ်ဆုံးလဲ။ ဒီထဲမှာမပါတဲ့ ဆံနွယ်လှလှတွေနဲ့အနုပညာရှင်တွေကိုသိရင်လည်း comment မှာ မျှဝေခဲ့ကြပါဦး။credit-ပြောချင်လွန်းလို့

unicode

ပိုးမမှီသာ