Health & Knowledge

ခေါင်းဖြီးလိုက်လို့ ဆံပင်တွေ ကျွတ်လာရင် စိတ်မညစ်ရအောင် ဆေးနည်

Unicode

ခေါင်းဖြီးလိုက်လို့ ဆံပင်တွေကျွတ်လာရင် စိတ်မညစ်ရအောင်ဆေးနည်းကောင်းလေးကို မျှဝေလိုက်တယ်နော်…ခေါင်းဖြီးလို့ ဆံပင်တွေကျွတ်လာရင် စိတ်ညစ်ရသလို၊ ဆိုင်မှာခေါင်းသွားလျှော်ရင်လည်း အစ်မဆံပင်တွေကျွတ်တယ်နော်ပြောရင် စိတ်ပိုညစ်ရပါတယ်။

အမှတ်မထင်လိုင်းပေါ်မှာ တွေ့တဲ့ဆေးနည်းလေးနဲ့ စမ်းလုပ်ကြည့်တာ အဆင်ပြေလို့ ကိုယ့်လိုစိတ်ညစ်နေတဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီ ဆေးဘက်ဝင်တာသိပေမဲ့ ကြက်သွန်နီကိုကြိတ်ပြီး ခေါင်းပေါ်လိမ်းတဲ့အခါ ကြက်သွန်စိမ်းနံ့ပျောက်ဖို့တော်တော်ခေါင်းလျှော်ယူရတာ ကျွန်မအတွက်သိပ်အဆင်မပြေဖြစ်ရပါတယ်။ ဒီနည်းလေးကတော့တော်တော်အဆင် ပြေပါတယ်။

လုပ်နည်းအဆင့်ဆင့်…ဆန်ကိုပန်ကန်လုံးလေးနဲ့တစ်ခွက်ယူပါ။ ဆန်ကိုထမင်းချက်သလိုပဲ နှစ်ကြိမ်လောက်ဖွဖွလေးဆေးပါ.ဆေးထားတဲ့ဆန်ကို နှစ်နာရီလောက်စိမ်ထားလိုက်ပါ ရေနည်းနည်းနဲ့ပဲစိမ်ပါ.ကြက်သွန်နီကိုအခွံခွာပါ ကြက်သွန်နီကိုရှစ်စိပ်စိပ်လိုက်ပါ (ကျွန်မကတော့ဆန်ပန်းကန်လုံး တစ်ခွက်ဆို ကြက်သွန်နီနှစ်လုံး သုံးပါတယ်)

ဆန်နဲ့ကြက်သွန်စိပ်ထားတာရောလိုက်ပါ ရေနည်းနည်းထပ်ထည့်ပေးပါ..မီးဖိုပေါ်မှာ ပွက်ပွက်ဆူအောင် မွှေပေးပါ..ဆန်နည်းနည်းကျေတဲ့အထိထားပါ ..(ဆန်ပြုတ်အဆင့်မရောက်ပါ)..အဲ့လောက်ဆို ..ရေစစ်ထဲကိုထည့်ပြီးအရည်ညစ်ယူပါ။ရေကုန်သွားအောင်ညှစ်ပါရေခဲသေတ္တာထဲထည့်သိမ်းပြီးတစ်ပတ်လောက်ထားသုံးလို့ရပါပြီ…

ဆန်မှာပါဝင်သောအာဟာရဓာတ်များနှင့်ကြက်သွန်နီမှာပါဝင်သောဓာတ်များကြောင့်ဆံပင်အတွက်အကျိုးပြုပါတယ်။ပြုတ်ထားတာဖြစ်တဲ့အတွက်ကြက်သွန်နံ့လဲမနံ့ပါဘူး။ဘာတွေထူးခြားလာလဲဆိုတော့..ဆံပင်ကျွတ်တာလုံရပ်သွားပြီးအမြဲဦးရေပြားပူနေတတ်တဲ့ကျွန်မဦးခေါင်းအရေပြားလဲသိသိသာသာအပူလျော့ကျလာပါတယ်။ ဆံပင်ကိုသိသိသာသာအားပေးစေပါတယ်။

ဘောက်ရှိတဲ့သူမို့ သံပရာ(သို့) သံပရိုသီးအရည်ထည့်ပါတယ်။ဘောက်လဲတက်တာလျှော့ကျသွားပါတယ်။ဘယ်လိုအသုံးပြုရလဲ….ခေါင်း မလျှော်ခင် ဆေးရည်ကိုယူပြီးဦးရေပြားအထိလိမ်းပါတယ်။ ဆံပင်ပျော့ချင်ရင်တရော်ကင်ပွန်းထည့်ပါ၊ဘောက်ပျောက်ရင်ချင်ရင်သံပရာသီးအရည်ညှစ်ထည့်ပါ။ဆံပင်အရောင်တောက်ချင်ရင်သံလွင်ဆီ၊အုန်းဆီတစ်ခုခုကိုထည့်ပါ။ (15) မိနစ်လောက်ဦးရေပြားကော၊ဆံပင်ထိပ်ဖျားတွေအထိပါလိမ်းပေးပြီးခဏနှိပ်ပေးရပါတယ်။ကျွန်မကတော့ Hair Cap နဲ့ဆယ်မိနစ်လောက်အုပ်ပြီးခဏထားလိုက်ပါတယ်။ပြီးမှ ရှန်ပူအပျော့စားနဲ့ခေါင်းလျှော်ပါတယ်။ ဘေးဥပဒ်မရှိပဲသဘာဝနည်းဖြစ်တာကြောင့်မည်သူမဆိုအသုံးတည့်မယ်ယူဆပါတယ်။

#credit