Celebrities

ဒုတိယအကြိမ်မြောက်ပြန်လည်ဖြေဆိုတဲ့ စာမေးပွဲမှာ ဂုဏ်ထူးတစ်ဘာသာထွက်တဲ့အထိ ကြိုးစားပေးခဲ့တဲ့မောင်လေးအတွက် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ဟန်လေး

မော်ဒယ်လ်နဲ့ မင်းသမီးလေး ဟန်လေးကတော့ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းစွာနေတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ ဟန်လေးက အနုပညာအလုပ်တွေကို မအားမလပ်လုပ်ကိုင်နေသလို သူမရဲ့မိသားစုလေးကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ သမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဟန်လေးရဲ့ တစ်ဦးတည်းသောမောင်လေးကလည်း မင်းသားတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေမျက်စိကျခံရသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၉) ရက်နေ့မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေ ထုတ်ပြန်ပေးခဲ့ပြီး ဟန်လေးကတော့ ဂုဏ်ထူးတစ်ဘာသာနဲ့အောင်မြင်ခဲ့တဲ့ မောင်ချောလေးအတွက် တော်တော်လေး ဝမ်းသာနေခဲ့တာပဲ ဖြစ်ပါတယ်။ ဟန်လေးက ဆယ်တန်းအောင်စာရင်းထွက်ထွက်ချင်းပဲမမမောင်လေး တစ်ဦးတည်းသော ထွေးလေးရေ အောင်ပီဟေး အောင်ပီ ဂုဏ်ထူးတစ်လုံးပါတယ် ဟေး??? Sai အပျော်မျက်ရည်ပါ ဒီနစ် ❤️ 8.8.2020 ဆိုပြီး မောင်လေးအတွက် ပြောမပြတတ်အောင် ဝမ်းသာနေရှာတာပဲ ဖြစ်ပါတယ်

ဟန်လေးကတော့ သူမရဲ့မောင်ချောလေးကို အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်စေချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားတာပဲ ဖြစ်ပါတယ်။ ဟန်လေးရဲ့မောင်လေးလည်း မမဖြစ်စေချင်တဲ့ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်လာနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

#credit