Celebrities

ဆယ်တန်းဆိုတဲ့အရာကို ကိုယ်မအောင်ခဲ့ပေမယ့် ညီလေး၊ညီမလေးအားလုံးကို အောင်စေချင်ပါတယ်ဆိုတဲ့ ရွှေထူး

ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သီချင်းပေါင်းများစွာ ရေးစပ်သီဆိုခဲ့သူ ရွှေထူးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ သာမက နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရပ်တည်လာခဲ့သူဖြစ်ပြီး ဝန်းရံအားပေးသူပရိသတ်များစွာ ရရှိထားသူပါ။


အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်မို့ ဝန်းရံအားပေးသူတွေရှိသလို တိုက်ခိုက်သူတချို့လည်း ရှိတဲ့အထဲမှာ ရွှေထူးအများဆုံးတိုက်ခိုက်ခံရတဲ့အကြောင်းအရာကတော့ ဆယ်တန်းမအောင်တဲ့အကြောင်းပါပဲ ပရိသတ်ကြီးရေ… မြန်မာနိုင်ငံမှာတော့ ဆယ်တန်းအောင်၊မအောင်ကို ဘဝတစ်ခုလိုသတ်မှတ်ပြီး ကြည့်တတ်ကျတာမို့ ရွှေထူးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ခဏခဏတိုက်ခိုက်ခံနေရပေမယ့် ဒီနေ့ဆယ်တန်းအောင်စာရင်းရလဒ်နဲ့ပတ်သက်ပြီး ညီလေး၊ညီမလေးကို အားပေးစကားရေးသားမျှဝေခဲ့ပါတယ်။

” (၁၀) တန်းဆိုတဲ့အရာကို ကျွန်တော်မအောင်မြင်ခဲ့ပေမယ့်… ဖြေဆိုခဲ့ကြတဲ့ ညီ ညီမတွေအားလုံးကိုအောင်စေချင်တယ်… အောင်မြင်သည်ဖြစ်စေ… ကျရုှံးသည်ဖြစ်စေ…စိတ်ဓာတ်မကျဖို့နဲ့… လမ်းမပျောက်ဖို့ပါပဲ… ငယ်ငယ်ရွယ်ရွယ်နဲ့မိဘကိုအလုပ်အကျွေးပြုနိုင်တဲ့သားသမီးတွေဖြစ်ကြပါစေ” ဆိုပြီး ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ.. ဒီနှစ်မှာ ဆယ်တန်းမအောင်ပေမယ့် နောင်နှစ်ထပ်ကြိုးစားလို့ရသလို အခြားဘဝတိုးတက်ရာလမ်းကြောင်းတွေ တစ်ပုံကြီးမို့ စိတ်ဓာတ်မကျ ကြပါနဲ့နော်။

Source – Shwe Htoo
Rainbow- Cele Gabar

#credit