Lifestyle

ဆရာဝန်တွေ လက်ရေးမသေသပ်ဘဲဖြစ်သလိုရေးရတဲ့ အကြောင်းရင်း

ဆရာဝန် တွေလက်ရေးမသေသပ်ဘဲဖြစ်သလိုရေးရတဲ့ အကြောင်းရင်း

ဆေးခန်းသွားပြပြီး ဆရာဝန်ရေးပေးလိုက်တဲ့ဆေးစာကို ဖတ်ရင် ဘယ်လောက်ပဲ မျက်လုံးကြုံ့ပြီး စူးစိုက်ကြည့်လည်း ဘာရေးထားမှန်းမရှင်းပါဘူး။ဒီလိုဖတ်မရတဲ့လက်ရေးမျိုးရေးနိုင်တာကိုက ဆေးတက္ကသိုလ်ဆင်းတွေရဲ့ ကျွမ်းကျင်မှုပါ။ ဆရာဝန်တွေက တခြားအလုပ်ကလူတွေထက် ပိုပြီးစာရေးရပါတယ်။ဆေးပညာလောကမှာ မှတ်တမ်းမှတ်ရာတွေက အမြဲတမ်းလိုအပ်နေတော့ လူနာတွေရဲ့ ရောဂါအကြောင်းအရာကို အမြဲလိုလို လက်ရေးအထောက်အထားနဲ့ မှတ်ထားရပါတယ်။

နေ့စဉ်ရက်ဆက် အများကြီးမှတ်သားပြီးရေးရမယ်ဆိုရင် လက်တွေညောင်းရချည်ရဲ့။ တချို့ဆရာဝန်တွေဆို လက်ကြွက်သားတွေ နာလွန်းတာကြောင့် လက်ရေးပိုပိုဆိုးလာတာပါတဲ့။

ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်နဲ့ ဆွေးနွေးဖို့အချိန် တစ်နာရီရမယ်ဆို သူတို့လည်းလက်ရေးဖြည်းဖြည်းရေးပြီး လက်ကိုအနားပေးမှာပေါ့။ တကယ်တမ်းကျတော့ အထွေထွေရောဂါကုဆရာဝန်တွေအတွက် လူနာက တန်းစီနေတာပါ။သတ်မှတ်ချိန်တိုလေးမှာ လူနာအများကြီးကြည့်နေရတော့ လက်ရေးလှဖို့ထက် ရောဂါအကြောင်းရင်းရဖို့ကို ပိုအလေးထားရပါတယ်။လူနာတွေဘက်ကကြည့်ပြန်ရင်လည်း ဆေးပညာလောကသားတွေနားလည်တဲ့ ဝေါဟာရတွေက သူတို့အတွက် ခေါင်းကုတ်ဖင်ကုတ် စဉ်းစားရင်တောင်မရပါဘူး။ဒါကြောင့်ဆရာဝန်တွေ က လက်ရေးကိုအရမ်းဂရုစိုက်သင့်ပါတယ်။ ဥပမာ – mg လို့ရေးမဲ့အစား မီလီဂရမ်လို့ ရေးပေးနိုင်ရင်အကောင်းဆုံးပါ။ သေးငယ်တဲ့ အမှားကကြီးမားတဲ့ အကျိုးဆက်တွေဖြစ်လာတတ်ပါတယ်။

အမေရိကန်နိုင်ငံမှာဆိုရင် ဆရာဝန်တွေရဲ့ လက်ရေးတွေကို ဖတ်လို့မရတဲ့ ပြဿနာကြောင့် ဆေးပညာရပ်ဆိုင်ရာ အလွဲအမှားတွေ ဖြစ်ပေါ်ပြီး တစ်နှစ်ကို လူနာပေါင်း ၇၀၀၀ ကျော်ခန့်သေဆုံးခဲ့ရတယ်လို့ ၂၀၀၆ ခုနှစ်က လေ့လာခဲ့တဲ့ အမေရိကန်မှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

အခုဆိုရင် ဆရာဝန်တွေရဲ့ လက်ရေးတွေကို နားလည်မှုလွဲတာတွေ မဖြစ်ကြစေဖို့ လျှပ်ဆိုင်ဆိုင်ရာ ဆေးမှတ်တမ်းတွေ ပြုလုပ်လာကြပြီး အမေရိကန်နိုင်ငံပြည်နည်တစ်ချို့မှာဆိုရင် ဆရာဝန်တွေဟာ လက်ရေးနဲ့ ဆေးညွှန်းစာပေးမယ်အစား လျှပ်စစ်ဆိုင်ရာ ဆေးမှတ်တမ်းတွေကိုသာပေးဖို့ ဥပဒေအရ ကန့်သတ်ထားပါတယ်။ဒီလို နောက်ပိုင်း ကွန်ပျုတာ စနစ်နဲ့ အစားထိုးလိုက်တဲ့အတွက် ဆေးညွန်းအမှားတွေ ဘယ်လောက် နည်းသွားသလဲဆိုတာကို စနစ်တကျ စစ်တမ်းကောက်ထားတာမျိုးတော့ မရှိသေးဘူး။ဆရာဝန် အများစုကတော့ ဒီစနစ်ဟာ အမှားတွေ နည်းသွားစေနိုင်တယ်လို့ ဝန်ခံထားကြပါတယ်။ ဒါပေမဲ့ ဘယ်အရာမှ အမှားမကင်းနိုင်တာကြောင့် ဒီစနစ်မှာလည်း အမှားအနည်းငယ်တော့ရှိနေနိုင်ပါသေးတယ်။

Unicode

ဆရာဝန် တွေလက်ရေးမသေသပ်ဘဲဖြစ်သလိုရေးရတဲ့ အကြောင်းရင်း

ဆေးခန်းသွားပြပြီး ဆရာဝန်ရေးပေးလိုက်တဲ့ဆေးစာကို ဖတ်ရင် ဘယ်လောက်ပဲ မျက်လုံးကြုံ့ပြီး စူးစိုက်ကြည့်လည်း ဘာရေးထားမှန်းမရှင်းပါဘူး။ဒီလိုဖတ်မရတဲ့လက်ရေးမျိုးရေးနိုင်တာကိုက ဆေးတက္ကသိုလ်ဆင်းတွေရဲ့ ကျွမ်းကျင်မှုပါ။ ဆရာဝန်တွေက တခြားအလုပ်ကလူတွေထက် ပိုပြီးစာရေးရပါတယ်။ဆေးပညာလောကမှာ မှတ်တမ်းမှတ်ရာတွေက အမြဲတမ်းလိုအပ်နေတော့ လူနာတွေရဲ့ ရောဂါအကြောင်းအရာကို အမြဲလိုလို လက်ရေးအထောက်အထားနဲ့ မှတ်ထားရပါတယ်။နေ့စဉ်ရက်ဆက် အများကြီးမှတ်သားပြီးရေးရမယ်ဆိုရင် လက်တွေညောင်းရချည်ရဲ့။ တချို့ဆရာဝန်တွေဆို လက်ကြွက်သားတွေ နာလွန်းတာကြောင့် လက်ရေးပိုပိုဆိုးလာတာပါတဲ့။ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်နဲ့ ဆွေးနွေးဖို့အချိန် တစ်နာရီရမယ်ဆို သူတို့လည်းလက်ရေးဖြည်းဖြည်းရေးပြီး လက်ကိုအနားပေးမှာပေါ့။

တကယ်တမ်းကျတော့ အထွေထွေရောဂါကုဆရာဝန်တွေအတွက် လူနာက တန်းစီနေတာပါ။ သတ်မှတ်ချိန်တိုလေးမှာ လူနာအများကြီးကြည့်နေရတော့ လက်ရေးလှဖို့ထက် ရောဂါအကြောင်းရင်းရဖို့ကို ပိုအလေးထားရပါတယ်။လူနာတွေဘက်ကကြည့်ပြန်ရင်လည်း ဆေးပညာလောကသားတွေနားလည်တဲ့ ဝေါဟာရတွေက သူတို့အတွက် ခေါင်းကုတ်ဖင်ကုတ် စဉ်းစားရင်တောင်မရပါဘူး။ဒါကြောင့်ဆရာဝန်တွေ က လက်ရေးကိုအရမ်းဂရုစိုက်သင့်ပါတယ်။ ဥပမာ – mg လို့ရေးမဲ့အစား မီလီဂရမ်လို့ ရေးပေးနိုင်ရင်အကောင်းဆုံးပါ။ သေးငယ်တဲ့ အမှားကကြီးမားတဲ့ အကျိုးဆက်တွေဖြစ်လာတတ်ပါတယ်။

အမေရိကန်နိုင်ငံမှာဆိုရင် ဆရာဝန်တွေရဲ့ လက်ရေးတွေကို ဖတ်လို့မရတဲ့ ပြဿနာကြောင့် ဆေးပညာရပ်ဆိုင်ရာ အလွဲအမှားတွေ ဖြစ်ပေါ်ပြီး တစ်နှစ်ကို လူနာပေါင်း ၇၀၀၀ ကျော်ခန့်သေဆုံးခဲ့ရတယ်လို့ ၂၀၀၆ ခုနှစ်က လေ့လာခဲ့တဲ့ အမေရိကန်မှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။အခုဆိုရင် ဆရာဝန်တွေရဲ့ လက်ရေးတွေကို နားလည်မှုလွဲတာတွေ မဖြစ်ကြစေဖို့ လျှပ်ဆိုင်ဆိုင်ရာ ဆေးမှတ်တမ်းတွေ ပြုလုပ်လာကြပြီး အမေရိကန်နိုင်ငံပြည်နည်တစ်ချို့မှာဆိုရင် ဆရာဝန်တွေဟာ လက်ရေးနဲ့ ဆေးညွှန်းစာပေးမယ်အစား လျှပ်စစ်ဆိုင်ရာ ဆေးမှတ်တမ်းတွေကိုသာပေးဖို့ ဥပဒေအရ ကန့်သတ်ထားပါတယ်။ဒီလို နောက်ပိုင်း ကွန်ပျုတာ စနစ်နဲ့ အစားထိုးလိုက်တဲ့အတွက် ဆေးညွန်းအမှားတွေ ဘယ်လောက် နည်းသွားသလဲဆိုတာကို စနစ်တကျ စစ်တမ်းကောက်ထားတာမျိုးတော့ မရှိသေးဘူး။ဆရာဝန် အများစုကတော့ ဒီစနစ်ဟာ အမှားတွေ နည်းသွားစေနိုင်တယ်လို့ ဝန်ခံထားကြပါတယ်။ ဒါပေမဲ့ ဘယ်အရာမှ အမှားမကင်းနိုင်တာကြောင့် ဒီစနစ်မှာလည်း အမှားအနည်းငယ်တော့ရှိနေနိုင်ပါသေးတယ်။#credit