Local News

အကြိမ် ၅၀မြောက် စာမေးပွဲမှာလည်း ကျရှုံးခဲ့ရပြန်တဲ့ ဖိုးဖိုး……..

မော်လမြိုင်ကျွန်းမြို့မှ အ ဘိုး ဦးသိန်းညွန့်(၇၄)နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုထားခဲ့ပါတယ် ဦးသိန်းညွန့် ဟာ ၎င်းအတွက်အကြိမ် ၅၀ မြောက်ဖြစ်သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားခဲ့တာပါ

မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ(၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို ထားခဲ့ကြောင်း သိရသည်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ အောင်စာရင်းမှာ သူရဲ့ ခုံအမှတ် အက၃၁၀၅ ပါမလာခဲ့ပါ “ကျွန်တော်က တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက် လက်ကြိုးစား ဖြေဆိုသွားမှာပါ။တစ်နှစ်နှစ်တော့ အောင်မြင်မှာပါ။ ကျွန်တော်က သင်္ချာအားနည်းပါတယ်။ဒီနှစ်တော့ သင်္ချာအောင်မှတ်ရဖို့ ကြိုးစားထားပါတယ်။ အောင်မယ်လို့လည်း ယုံကြည်ပါတယ်။လူငယ် တွေကို ပြောချင်တာ က ဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူဟု အဘိုးဦးသိန်းညွန့်က ပြောခဲ့သည်။

ဦးသိန်းညွန့် (၇၄)နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်က စတင်ဖြေဆိုခဲ့ပြီး ယခုနှစ် ဆိုလျှင် နှစ်ပေါင် း(၅ ၀ )ရှိ ခဲ့ပြီဖြစ်ရာ မူလတန်းဆင့် ကို ၁၄ လမ်း မူလတန်းကျောင်း၌ လည်းကောင်း၊ အလယ်တန်းဆင့်ကို အလက ညောင်တုန် းကျောင်း၌ လည်းကောင်း၊ အထက်တန်းဆင့်ကို မော်လမြိုင်ကျွန်းမြို့အထက(၁)၌ လည်းကောင်း ပညာသင်ယူခဲ့သူ ဖြစ်သည်။

အဘိုးတွင် ဇနီးဒေါ်စိန်(ကွယ်လွန်)နှင့် သားသမီး ငါးဦးထွန်းကားခဲ့ပြီး ယခင်က ရေထမ်း အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ယခု ရေထမ်းအလုပ်မှ အနားယူခဲ့ကြောင်းသိရပြီး အဘိုးသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးလည်း ဖြစ်သည်။

မော်လမြိုင်ကျွန်းမြို့မှ အ ဘိုး ဦးသိန်းညွန့်(၇၄)နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုထားခဲ့ပါတယ် ဦးသိန်းညွန့် ဟာ ၎င်းအတွက်အကြိမ် ၅၀ မြောက်ဖြစ်သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားခဲ့တာပါ

မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ(၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို ထားခဲ့ကြောင်း သိရသည်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ အောင်စာရင်းမှာ သူရဲ့ ခုံအမှတ် အက၃၁၀၅ ပါမလာခဲ့ပါ “ကျွန်တော်က တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက် လက်ကြိုးစား ဖြေဆိုသွားမှာပါ။

တစ်နှစ်နှစ်တော့ အောင်မြင်မှာပါ။ ကျွန်တော်က သင်္ချာအားနည်းပါတယ်။ဒီနှစ်တော့ သင်္ချာအောင်မှတ်ရဖို့ ကြိုးစားထားပါတယ်။ အောင်မယ်လို့လည်း ယုံကြည်ပါတယ်။

လူငယ် တွေကို ပြောချင်တာ က ဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူဟု အဘိုးဦးသိန်းညွန့်က ပြောခဲ့သည်။

#credit