Celebrities

စက်တင်ဘာလ ၂ ရက်နေ့မှာ အွန်လိုင်းကနေကျင်းပသွားမယ့် နှင်းဆီမင်းသားတွေ သီချင်းဆိုဖျော်ဖြေကြမယ့် Unplugged Show ပွဲကြီး

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးတဲ့ နှင်းဆီအဖွဲ့ကြီးက နှစ်စဉ်နှစ်တိုင်းလိုလို အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံအနှံ့အပြားက နေရာတွေကို ထောက်ပံ့ကူညီဖို့ ရန်ပုံငွေအငြိမ့်သဘင်ကြီးတွေ ကျင်းပလေ့ရှိပါတယ်။

နှင်းဆီအဖွဲ့မှာ လူရွှင်တော်တွေအဖြစ် နိုင်ငံကျော်မင်းသားတွေဖြစ်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်ပြီး အငြိမ့်မင်းသမီးလေးတွေအဖြစ် ဖူးစုံ၊ မိုးပြည့်ပြည့်မောင်၊ မေကဗျာ၊ မိုးယုစံတို့က ပါဝင်ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို တစ်နှစ်တစ်ခါ ရင်ခုန်စွာနဲ့ အားပေးစောင့်မျှော်ကြတာပဲ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလိုလို ပြုလုပ်လေ့ရှိတဲ့ နှင်းဆီဖျော်ဖြေပွဲကြီးက ယခုနှစ် (၂၀၂၀)မှာတော့ ကိုဗစ်ကာလကြောင့်

အစဉ်အလာမပျက် ကျင်းပနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နှင်းဆီဖျော်ဖြေပွဲကြီးကို အငြိမ့်သဘင်မျိုးမဟုတ်ပဲ တေးသီချင်းများကိုသာ အဓိကထားဖျော်ဖြေတင်ဆက်မယ့် နှင်းဆီ Unplugged Show ပွဲကြီးကို

စက်တင်ဘာ(၂)ရက်နေ့မှာ အွန်လိုင်းကနေတဆင့် တင်ဆက်သွားမယ်လို့ သိရပါတယ်။ တစ်နှစ်မှ တစ်ပွဲသာ ပြုလုပ်သည့် နှင်းဆီဖျော်ဖြေပွဲလေးကတော့ ဒီနှစ်မှာ ပရိသတ်တွေအတွက် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျင်းပဖို့ ကြိုးစားနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း စက်တင်ဘာလ (၂) ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပသွားမယ့် နှင်းဆီ Unplugged Show ပွဲကြီးကို ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြပါဦးနော်။

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးတဲ့ နှင်းဆီအဖွဲ့ကြီးက နှစ်စဉ်နှစ်တိုင်းလိုလို အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံအနှံ့အပြားက နေရာတွေကို ထောက်ပံ့ကူညီဖို့ ရန်ပုံငွေအငြိမ့်သဘင်ကြီးတွေ ကျင်းပလေ့ရှိပါတယ်။
နှင်းဆီအဖွဲ့မှာ လူရွှင်တော်တွေအဖြစ် နိုင်ငံကျော်မင်းသားတွေဖြစ်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်ပြီး အငြိမ့်မင်းသမီးလေးတွေအဖြစ် ဖူးစုံ၊ မိုးပြည့်ပြည့်မောင်၊ မေကဗျာ၊ မိုးယုစံတို့က ပါဝင်ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို တစ်နှစ်တစ်ခါ ရင်ခုန်စွာနဲ့ အားပေးစောင့်မျှော်ကြတာပဲ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလိုလို ပြုလုပ်လေ့ရှိတဲ့ နှင်းဆီဖျော်ဖြေပွဲကြီးက ယခုနှစ် (၂၀၂၀)မှာတော့ ကိုဗစ်ကာလကြောင့်အစဉ်အလာမပျက် ကျင်းပနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နှင်းဆီဖျော်ဖြေပွဲကြီးကို အငြိမ့်သဘင်မျိုးမဟုတ်ပဲ တေးသီချင်းများကိုသာ အဓိကထားဖျော်ဖြေတင်ဆက်မယ့် နှင်းဆီ Unplugged Show ပွဲကြီးကိုစက်တင်ဘာ(၂)ရက်နေ့မှာ အွန်လိုင်းကနေတဆင့် တင်ဆက်သွားမယ်လို့ သိရပါတယ်။ တစ်နှစ်မှ တစ်ပွဲသာ ပြုလုပ်သည့် နှင်းဆီဖျော်ဖြေပွဲလေးကတော့ ဒီနှစ်မှာ ပရိသတ်တွေအတွက် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျင်းပဖို့ ကြိုးစားနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း စက်တင်ဘာလ (၂) ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပသွားမယ့် နှင်းဆီ Unplugged Show ပွဲကြီးကို ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြပါဦးနော်။
#credit