ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့မှမိဘများက မျက်စိမြင်ကြပေမယ့် သား၅ယောက် မှ သား၄ယောက်မှာ မျက်လုံးမပါ မမြင်ကြပါဖူး။
သနားစရာ ထူးဆန်းတဲ့ဝဋ်ကြွေးတွေနဲ့ အတူ ကံဆုံကြတဲ့ မိသားစုလေးပေါ့။ဒီနေ့တော့ အလှူရှင် မြောက်ဥက္ကလာက ဦးမြင့်သိန်း နဲ့ အတူသွားဖြစ်ခဲ့ပါတယ်။
သားလေးတို့က မျက်စိပြန်မမြင်နိုင်တော့ပါဘူး။အကြီးဆုံးသား ကမျက်မမြင်ကျောင်းမှာ ကျောင်းနေပြီး ဆရာဝန်တွေ နဲ့ စစ်ဆေးကြည့်ဖူးပြီးပါပြီ။
အခု သားတို့မိသားစုတွေ မှာ အရင်နေတဲ့ အိမ်က နှင်ချခံရလို့ အဆောင်ခန်းသေးသေးလေး ငှားနေရပါတယ်။
နေထိုင်ရေး အခက်အခဲ ဖြစ်နေတာမို့ မြို့ကအသင်းအဖွဲ့များကို အကူအညီတောင်းပြီးသူတို့မိသားစုလေး ရပ်တည်နေထိုင်နိူင်ဖို့ မြေကွက်လေးဝယ်ဖို့ နဲ့ အိမ်လေးဆောက်ဖို့ စီစဉ်ပေးခိုင်းခဲ့ပါတယ်။
အလှူရှင် ဦးမြင့်သိန်းနှင့် ဖောင်ဒေးရှင်းမှ ကောက်ခံရရှိငွေတို့ စုပေါင်း လှူပေးတာပါ။လောလောဆယ် အခန်းငှားခနဲ့ လိုအပ်တာသုံးဖို့ အတွက်လဲလှူပေးခဲ့ပါတယ်။အိမ်လေးပြီးမှပဲ ဆက်ဖော်ပြပေးပါ့မယ် ။
အိမ်လေးထဲလိုအပ်တာလေးတွေလဲ ပေးပို့ လှူဒါန်းပေးသွားပါအုံးမယ်။ကလေးတို့အတွက် လုံခြုံနားခိုရာ အိမ်လေးရမှာမို့အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010 09455500014 09776089484
Unicode
ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့မှမိဘများက မျက်စိမြင်ကြပေမယ့် သား၅ယောက် မှ သား၄ယောက်မှာ မျက်လုံးမပါ မမြင်ကြပါဖူး။
သနားစရာ ထူးဆန်းတဲ့ဝဋ်ကြွေးတွေနဲ့ အတူ ကံဆုံကြတဲ့ မိသားစုလေးပေါ့။ဒီနေ့တော့ အလှူရှင် မြောက်ဥက္ကလာက ဦးမြင့်သိန်း နဲ့ အတူသွားဖြစ်ခဲ့ပါတယ်။
သားလေးတို့က မျက်စိပြန်မမြင်နိုင်တော့ပါဘူး။အကြီးဆုံးသား ကမျက်မမြင်ကျောင်းမှာ ကျောင်းနေပြီး ဆရာဝန်တွေ နဲ့ စစ်ဆေးကြည့်ဖူးပြီးပါပြီ။
အခု သားတို့မိသားစုတွေ မှာ အရင်နေတဲ့ အိမ်က နှင်ချခံရလို့ အဆောင်ခန်းသေးသေးလေး ငှားနေရပါတယ်။နေထိုင်ရေး အခက်အခဲ ဖြစ်နေတာမို့ မြို့ကအသင်းအဖွဲ့များကို အကူအညီတောင်းပြီးသူတို့မိသားစုလေး ရပ်တည်နေထိုင်နိူင်ဖို့ မြေကွက်လေးဝယ်ဖို့ နဲ့ အိမ်လေးဆောက်ဖို့ စီစဉ်ပေးခိုင်းခဲ့ပါတယ်။
အလှူရှင် ဦးမြင့်သိန်းနှင့် ဖောင်ဒေးရှင်းမှ ကောက်ခံရရှိငွေတို့ စုပေါင်း လှူပေးတာပါ။လောလောဆယ် အခန်းငှားခနဲ့ လိုအပ်တာသုံးဖို့ အတွက်လဲလှူပေးခဲ့ပါတယ်။
အိမ်လေးပြီးမှပဲ ဆက်ဖော်ပြပေးပါ့မယ် ။ အိမ်လေးထဲလိုအပ်တာလေးတွေလဲ ပေးပို့ လှူဒါန်းပေးသွားပါအုံးမယ်။ ကလေးတို့အတွက် လုံခြုံနားခိုရာ အိမ်လေးရမှာမို့အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010 09455500014 09776089484
#credit