Knowledge

ကောင်းလိုက် တဲ့ အမြင် ၊ ကောင်း လိုက် တဲ့ စာ…

ကောင်းလိုက် တဲ့ အမြင် ၊ ကောင်း လိုက် တဲ့ စာ…

ကျွန်မစာ တွေ အများကြီး သင်ခဲ့တယ် စီးပွားရေး ပညာမှာ ပေါ်ပြူလာအဖြစ်ဆုံး ဘွဲ့တစ်ခုကိုရခဲ့တယ်

ကျွန်မ ကျောင်းကို ပြန်သွားတဲ့အခါ အခု ကျောင်းတက် နေကြတဲ့ လူငယ်တွေက ကျွန်မကို ဟာ..10th Batch က အစ်မကြီးရယ်လို့ နှုတ်ဆက်ကြ အသိအမှတ်ပြုကြတယ်

သူတို့ အခုကြုံနေရတဲ့ အခက်အခဲတွေ ကို ကျော်ဖြတ်ခဲ့ပြီးသွားသူ တစ်ယောက်အနေနဲ့ပေါ့..

ဒီ အသိုင်းအဝိုင်းထဲက ပြန်ထွက်လာချိန်မှာ ကျွန်မဟာ လှည်းတန်းစျေးမှာ စျေးဝယ်နေတဲ့ သာမာန်မိန်းမ တစ်ယောက်ပဲဖြစ်သွားတယ်

အတန်းပညာ မတတ်တဲ့ အိမ်ရှင်မတစ်ယောက် သာမာန်မိန်းမတစ်ယောက်လို့လည်း မြင်မိရင် မြင်မိကြလိမ့်မယ်..

ကျွန်မ ဘာဘွဲ့ရခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားဘူး ဘွဲ့တွေ ဒီကရီတွေ ဆိုတာ တန်ဖိုးသိသူတွေ လက်ထဲမှာပဲ အသုံးဝင်နေတာပါလားလို့ တွေးမိတယ်

ပညာတွေ အရမ်းတတ်တယ်လို့ ထင်ခဲ့ပေမဲ့ ခုချိန် ကားလာပြင်ခိုင်းရင်ပြင်တတ်မှာမဟုတ်ဘူး

ကားပြင်ဆရာ ကလည်း ကိုယ်ရထားတဲ့ ဘွဲ့မျိုး မက်မောမှာမဟုတ်ဘူး ပညာဆိုတာလည်း အကန့်အသတ်လေးတွေနဲ့ရှိနေတာပါလား စဉ်းစားမိလာတယ်

အဲတော့..ပညာဆိုတာ တကယ်တော့ ဆင်ခြင်တုံတရားပဲ လို့ သိလာတယ်…

ကျွန်မ တစ်ခါ သူငယ်ချင်း တစ်ယောက်ကို စာအုပ်လက်ဆောင်ယူခဲ့ပေးဖို့ မေ့ခဲ့လို့..မြန်မာပလာဇာက အင်းဝ စာအုပ်ဆိုင်မှာ

မွန်ဟော်စီရဲ့ စိတ်ပျော်အောင်နေတတ်ဖို့ ဆိုတဲ့ စာအုပ်ကလေး ဝင်ဝယ်တယ်..ဒီစာအုပ်က Best seller ထဲပါတယ် တစ်အုပ်ပဲ ကျန်တော့တယ်တဲ့..

ပိုက်ဆံ ၃၀၀၀ပေးပြီး ကောင်တာကလှည့်အထွက်.. အရောင်းစာရေးမလေးတစ်ယောက် ကျွန်မကို ပြောပြောဆိုဆို ဝင်တိုက်တယ်…

စိတ်ပျော်အောင်နေတတ်ဖို့ အုပ်၂၀ထပ်မှာပါဦးဟေ့..တဲ့..ကျွန်မပြုံးမိတယ်

ကၽြန္မ ဘယ္သူလဲဆိုတာ ဘယ္သူမွ စိတ္မဝင္စားခဲ့ပါဘူး..

အောင်မြင် ကျော်ကြားမှုနောက်ကို ကျွန်မလိုက်နေပေမဲ့..ဒီအောင်မြင်မှုဆိုတာ ကျွန်မကို အစဉ်အမြဲ အလေးပြုမနေတဲ့အရာပါလား သဘောပေါက်မိတယ်

ဒါကြောင့်..အောင်မြင်မှုဆိုတာ တကယ်တော့ လောဘ ဒေါသ နဲ့ မောဟကို ထိန်းချုပ် ကွပ်ကဲနိုင်တာကသာ အောင်မြင်မှုအစစ်အမှန်ဖြစ်တယ်လို့ လက်ခံလာမိတယ…်

အလုပ်တွေတော်တော်လုပ်ခဲ့တယ် အလုပ်ထဲမှာ ရာထူးတစ်ခုရှိခဲ့တယ် ဒါပေမဲ့ အလုပ်ရပ်လိုက်တဲ့နေ့မှာ ကျွန်မဟာ ဘာမှမဟုတ်တော့ပြန်ဘူး….

ပွဲလမ်းသဘင်တွေရောက်တော့ အရင်လို ရှေ့ဆုံးဝိုင်းမှာ ရာထူးရာခံရှိသူတွေနဲ့ မထိုင်ရတော့ဘူး ဟိုလိုလို ဒီလိုလိုနဲ့ နောက်နားလေး မသိမသာပို့တာခံရတယ်

ဆရာကြီးတို့ ဆရာမကြီးတို့ဆိုတဲ့ ရာထူး ရာခံ ဂုဏ်ဒြပ်တွေဟာ ကိုယ့်ကို တစ်သက်လုံး မစောင့်ရှောက်နိုင်ပါလား သိသွားတယ်

အဲဒီနောက်ပိုင်း..သူကတော့ ဘာမို့လို့ အထင်ကြီးတယ် သူ့ကိုတော့ အထင်သေးတယ်..ဆိုတာတွေမရှိတော့ဘူး

နေရာ ဆိုတာ ဘယ်နေရာဖြစ်ဖြစ် နေတတ်ဖို့ကသာ အရေးကြီးပါတယ်လို့ တွေးတတ်လာတယ်..ပိုက်ဆံတွေရှာခဲ့တယ်

ဒီပိုက်ဆံတွေနဲ့ မိသားစုကို ထောက်ပံခဲ့တယ်..ခရီးတွေသွားခဲ့တယ် ဝတ်ကောင်းစားလှတွေဝတ်ခဲ့ စားခဲ့တယ်

ဒါပေမဲ့..ကိုယ့်လောက်မရှိတဲ့ သူရှေ့မှာ ကိုယ်က သူဌေးဖြစ်နေပြီး ကိုယ့်ထက်အဆတစ်ရာလောက် ချမ်းသာတဲ့သူတွေရှေ့မှာ ကိုယ်က မရှိဆင်းရဲသားလေးဖြစ်သွားတာ တွေ့ရတော့..

ပိုက်ဆံနဲ့ ပြပြီးဘယ်လိုပဲ ဂုဏ်ဆာ နေကြပါစေ..အဲဒီ ဂုဏ်တွေ မြောင်းထဲရောက်သွားတဲ့ အခါတွေလည်း ရှိပါသေးလား ..မြင်တတ်လာတယ်..

ပိုက်ဆံဆိုတာ..ဘယ်လောက်ရှိရှိ ကိုယ်နဲ့ မထိုက်တန်..ကိုယ့်အတွက် မဟုတ်ရင် ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာဖွေ ရှာဖွေ.. ထားခဲ့ရတာပါပဲ..

ကျွန်မတို့တွေနေ့တိုင်း ရှင်သန်နေကြပါတယ် ပညာနောက်ကို လိုက်နေလား

အောင်မြင် ကျော်ကြားမှု နောက်ကို လိုက်နေလား ရာထူးရာခံဂုဏ်ဒြပ်တွေစည်းစိမ်ချမ်းသာပကာသနတွေ..နောက်ကိုများ လိုက်နေမိလား..

ဘာတွေနောက်လိုက်ပြီး..ဘယ်လိုပုံစံနဲ့ ရှင်သန်နေကြတာလဲ…ကိုယ့်ကိုကိုယ် မေးကြည့်မိတာဖြစ်ပါတယ်..

ဘဝ အတွေ့အကြုံတွေအရ ဒါတွေဟာ တခဏ အချိန်အတိုင်းအတာတစ်ခု အခြေအနေတစ်ခုအတွက်သာ အသုံးဝင်တာသေချာပြီး နောက်ဆုံးတော့လည်း

ကိုယ့်ကို အမြဲမစောင့်ရှောက်နိုင်ဘူး ဆိုတာ လက်ခံလာမိတယ်ကိုယ် ယုံကြည်အားကိုးလို့မရဘူးဆိုတာသိလာတယ်

တကယ်တော့ လိုက်ချင်းလိုက်ရင်.. ကိုယ့်ကို ဒီတစ်ဘဝအတွက်သာမက သံသရာမှာပါ ကာကွယ် စောင့်ရှောက်ပေးမဲ့ တရားတွေ အကျင့်တွေ ဉာဏ်တွေနောက်ကို လိုက်ကြရမှာပါ

ဒါကို ကျွန်မ စောပြီး သိခဲ့တာ..ကံကောင်းပါတယ်ကျွန်မတို့ လူအများစုဟာ ဘယ်တော့မှပြီးပြည့်စုံသွားပြီလို့မရှိတဲ့ အရာတွေရဲ့ နောက်ကို အမောတကော လိုက်နေကြပါတယ်

ဘယ်လိုလိုက်လိုက် သေသာသွားရော…ဘယ်တော့မှလည်း ပြီးဆုံးသွားသည်မရှိပါ..

ကျွန်မလည်းအပါအဝင်ပေါ့လေ..မောလိုက်တာ..ဘာကိုလိုက်မှန်းမသိလိုက်နေမိတာ..ဒါပေမဲ့..ကျွန်မလေ. .လုံးဝမရပ်နိုင်သေးသည့်တိုင်

အရှိန်လျှော့ပြီး ဘရိတ်တော့ အုပ်လိုက်နိုင်ပြီရှင့်။

Credit to Mon Halsey