News

အကြိမ် ၅၀ မြောက် အောင်စာရင်းကို ရင်ခုန်စွာ စောင့်မျှော်နေသည့် အသက် ၇၄နှစ်အရွယ် ဖိုးဖိုး

မော်လမြိုင်ကျွန်းမြို့မှ အဘိုး ဦးသိန်းညွန့်(၇၄)နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုထားပါတယ်

ဦးသိန်းညွန့် သည်၎င်းအတွက်အကြိမ် ၅၀ မြောက်ဖြစ်သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားတာပါ မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ(၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို ထားကြောင်း သိရသည်။

“ကျွန်တော်က တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက် လက်ကြိုးစား ဖြေဆိုသွားမှာပါ။တစ်နှစ်နှစ်တော့ အောင်မြင်မှာပါ။

ကျွန်တော်က သချင်္ာအားနည်းပါတယ်။ဒီနှစ်တော့ သချင်္ာအောင်မှတ်ရဖို့ ကြိုးစားထားပါတယ်။ အောင်မယ်လို့လည်း ယုံကြည်ပါတယ်။

လူငယ် တွေကို ပြောချင်တာ က ဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူဟု အဘိုးဦးသိန်းညွန့်က ပြောသည်။

ဦးသိန်းညွန့် (၇၄)နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်က စတင်ဖြေဆိုခဲ့ပြီး ယခုနှစ် ဆိုလျှင် နှစ်ပေါင် း(၅ ၀ )ရှိ ခဲ့ပြီဖြစ်ရာ မူလတန်းဆင့် ကို ၁၄ လမ်း မူလတန်းကျောင်း၌ လည်းကောင်း၊

အလယ်တန်းဆင့်ကို အလက ညောင်တုန် းကျောင်း၌ လည်းကောင်း၊ အထက်တန်းဆင့်ကို မော်လမြိုင်ကျွန်းမြို့အထက(၁)၌ လည်းကောင်း ပညာသင်ယူခဲ့သူ ဖြစ်သည်။

အဘိုးတွင် ဇနီးဒေါ်စိန်(ကွယ်လွန်)နှင့် သားသမီး ငါးဦးထွန်းကားခဲ့ပြီး ယခင်က ရေထမ်း အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ယခု ရေထမ်းအလုပ်မှ အနားယူခဲ့ကြောင်းသိရပြီး အဘိုးသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးလည်း ဖြစ်သည်။

UNICODE

မော်လမြိုင်ကျွန်းမြို့မှ အဘိုး ဦးသိန်းညွန့်(၇၄)နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုထားပါတယ်

ဦးသိန်းညွန့် သည်၎င်းအတွက်အကြိမ် ၅၀ မြောက်ဖြစ်သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားတာပါ မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ(၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို ထားကြောင်း သိရသည်။

“ကျွန်တော်က တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက် လက်ကြိုးစား ဖြေဆိုသွားမှာပါ။တစ်နှစ်နှစ်တော့ အောင်မြင်မှာပါ။ ကျွန်တော်က သင်္ချာအားနည်းပါတယ်။

ဒီနှစ်တော့ သင်္ချာအောင်မှတ်ရဖို့ ကြိုးစားထားပါတယ်။ အောင်မယ်လို့လည်း ယုံကြည်ပါတယ်။ လူငယ် တွေကို ပြောချင်တာ က ဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူဟု အဘိုးဦးသိန်းညွန့်က ပြောသည်။

ဦးသိန်းညွန့် (၇၄)နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်က စတင်ဖြေဆိုခဲ့ပြီး ယခုနှစ် ဆိုလျှင် နှစ်ပေါင် း(၅ ၀ )ရှိ ခဲ့ပြီဖြစ်ရာ မူလတန်းဆင့် ကို ၁၄ လမ်း မူလတန်းကျောင်း၌ လည်းကောင်း၊

အလယ်တန်းဆင့်ကို အလက ညောင်တုန် းကျောင်း၌ လည်းကောင်း၊ အထက်တန်းဆင့်ကို မော်လမြိုင်ကျွန်းမြို့အထက(၁)၌ လည်းကောင်း ပညာသင်ယူခဲ့သူ ဖြစ်သည်။

အဘိုးတွင် ဇနီးဒေါ်စိန်(ကွယ်လွန်)နှင့် သားသမီး ငါးဦးထွန်းကားခဲ့ပြီး ယခင်က ရေထမ်း အလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းပြုကာ ယခု ရေထမ်းအလုပ်မှ အနားယူခဲ့ကြောင်းသိရပြီး အဘိုးသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးလည်း ဖြစ်သည်။

Credit mmtimes