News

ယုန်လေးတို့ဆိုတာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့အလုပ်ပါ ခွင့်ပြုလို့မရဘူး၊ ဥပဒေအရ ရေးယူရမယ်ဟု ဂဠုန်နီဆရာတော်ကြီး မိန့်ကြား

ယုန်လေးတို့ဆိုတာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့အလုပ်ပါ ခွင့်ပြုလို့မရဘူး၊ ဥပဒေအရ ရေးယူရမယ်ဟု ဂဠုန်နီဆရာတော်ကြီး မိန့်ကြား

“ယုန်လေးတို့ ဆိုတာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့အလုပ်ပါ ခွင့်ပြုလို့မရဘူး၊

ဥပဒေအရ ရေးယူရမယ်” ဟု ဂဠုန်နီဆရာတော်ကြီး မိန့်ကြား

သြဂုတ်(၈) AlinnMyay(အလင်းမြေ)

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့၊ ၃၂ နှစ်မြောက် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ

အထိမ်းအမှတ် အခမ်းအနားကို မန္တလေး ချမ်းမြသာစည်မြို့နယ် ဘုရားကြီး အလယ်တိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆိုပါအခမ်းအနားတွင် ဂဠုန်နီဆရာတော်ကြီး ဦးကာဝိယ မှ အခုလို မိန့်ကြားခဲ့ပါတယ်။

“မင်းကောင်းမင်းမြတ် တိုင်းပြည်ကို အုပ်ချုပ်နေတာ၊ အင်မတန် သဘောထားကြီးမားပြီး သည်းခံအားကောင်းကောင်းနဲ့

ခေါင်းဆောင်ကောင်းပီသစွာ အနစ်နာခံ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များကို ဝိုင်းဝန်းပြီးတော့

အောက်ကနေ ပံ့ပိုးကူညီပေးမယ်လို့ မတွေးပဲနဲ့ ဖျက်လိုဖျက်ဆီးတွေ လုပ်တာ တိုင်းပြည်ကို ချစ်ရာ မရောက်ဘူး၊

အမျိုးကို ချစ်ရာမရောက်ဘူး၊ နိုင်ငံကို ချစ်ရာမရောက်ဘူး၊ ဘာသာကို ချစ်ရာမရောက်ဘူး၊ အဲ့ဒီတော့

ဒီကောင်ကို မှတ်ထား၊ ကိုယ်လုပ်တဲ့ အလုပ်လည်း ကွဲပါစေ၊ ဖျက်ဆီးတဲ့ အလုပ်လား၊ ကောင်းကျိုးပေးတဲ့

အလုပ်လားဆိုတာ ကွဲပါစေ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မကို တော်တဲ့ ပုဂ္ဂိုလ်ကြီးလို့ မြင်တယ်။

ဘာမှ ကိုယ်ကျိုးမရှာဘူး၊ ဘယ်သူ့မှ အသင်းမခွဲဘူး၊ ဘယ်သူ့မှ အတင်းအဖျင်းမပြောဘူး၊

တိုင်းသူပြည်သားတွေကို သူမွေးထားတဲ့ သားသမီးလို ရင်ဝယ်သားကဲ့သို့ သဘောထားပြီး

ပြည်ပကပြန်လာတဲ့ မဆိုင်တဲ့ စီးပွားရေးသမားတွေကိုတောင်မှ သဘောထားကြီးကြီး မေတ္တာအားကောင်းကောင်းနဲ့

သွားပြီးတော့ ကြိုဆိုခေါ်ယူပြီးတော့ ကျန်းမာရေးမျိုးစုံစောင့်ရှောက်ပြီး အိမ်တိုင်ရာရောက် ပြုစုပေးနေတဲ့ မင်းကောင်းမင်းမြတ်ပဲ။

လောလောဆယ် ယုန်လေးတို့ ဆိုတာ စဉ်းစားကြည့်စမ်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့အလုပ်ပါ ခွင့်ပြုလို့မရဘူး၊ ဥပဒေအရ ရေးယူရမယ်။

နိုင်ငံခေါင်းဆောင်ကြီးကို ဒီလိုလုပ်တယ်ဆိုတာ တိုင်းပြည်ကို ဖျက်ဆီးတာနဲ့ အတူတူပဲ၊ တိုင်းပြည်ကို

ကျွန်ဘဝရောက်အောင် တွန်းပို့နေတာပဲ၊ အဲ့ဒါကို ပြောချင်တယ်” ဟု ဆရာတော်ကြီးမှ မိန့်ကြားခဲ့ပါတယ်။

မန္တလေးရင်ခတ်သံ AlinnMyay(အလင်းမြေ)

Credit to AlinnMyay

"ယုန်လေးတို့ ဆိုတာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့အလုပ်ပါ ဥပဒေအရ ရေးယူရမယ်"

"ယုန်လေးတို့ ဆိုတာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့အလုပ်ပါ ခွင့်ပြုလို့မရဘူး၊ ဥပဒေအရ ရေးယူရမယ်" ဟု ဂဠုန်နီဆရာတော်ကြီး မိန့်ကြား———-သြဂုတ်(၈) AlinnMyay(အလင်းမြေ)၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့၊ ၃၂ နှစ်မြောက် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို မန္တလေး ချမ်းမြသာစည်မြို့နယ် ဘုရားကြီး အလယ်တိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဆိုပါအခမ်းအနားတွင် ဂဠုန်နီဆရာတော်ကြီး ဦးကာဝိယ မှ အခုလို မိန့်ကြားခဲ့ပါတယ်။ "မင်းကောင်းမင်းမြတ် တိုင်းပြည်ကို အုပ်ချုပ်နေတာ၊ အင်မတန် သဘောထားကြီးမားပြီး သည်းခံအားကောင်းကောင်းနဲ့ ခေါင်းဆောင်ကောင်းပီသစွာ အနစ်နာခံ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များကို ဝိုင်းဝန်းပြီးတော့ အောက်ကနေ ပံ့ပိုးကူညီပေးမယ်လို့ မတွေးပဲနဲ့ ဖျက်လိုဖျက်ဆီးတွေ လုပ်တာ တိုင်းပြည်ကို ချစ်ရာ မရောက်ဘူး၊ အမျိုးကို ချစ်ရာမရောက်ဘူး၊ နိုင်ငံကို ချစ်ရာမရောက်ဘူး၊ ဘာသာကို ချစ်ရာမရောက်ဘူး၊ အဲ့ဒီတော့ ဒီကောင်ကို မှတ်ထား၊ ကိုယ်လုပ်တဲ့ အလုပ်လည်း ကွဲပါစေ၊ ဖျက်ဆီးတဲ့ အလုပ်လား၊ ကောင်းကျိုးပေးတဲ့ အလုပ်လားဆိုတာ ကွဲပါစေ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မကို တော်တဲ့ ပုဂ္ဂိုလ်ကြီးလို့ မြင်တယ်။ ဘာမှ ကိုယ်ကျိုးမရှာဘူး၊ ဘယ်သူ့မှ အသင်းမခွဲဘူး၊ ဘယ်သူ့မှ အတင်းအဖျင်းမပြောဘူး၊ တိုင်းသူပြည်သားတွေကို သူမွေးထားတဲ့ သားသမီးလို ရင်ဝယ်သားကဲ့သို့ သဘောထားပြီး ပြည်ပကပြန်လာတဲ့ မဆိုင်တဲ့ စီးပွားရေးသမားတွေကိုတောင်မှ သဘောထားကြီးကြီး မေတ္တာအားကောင်းကောင်းနဲ့ သွားပြီးတော့ ကြိုဆိုခေါ်ယူပြီးတော့ ကျန်းမာရေးမျိုးစုံစောင့်ရှောက်ပြီး အိမ်တိုင်ရာရောက် ပြုစုပေးနေတဲ့ မင်းကောင်းမင်းမြတ်ပဲ။ လောလောဆယ် ယုန်လေးတို့ ဆိုတာ စဉ်းစားကြည့်စမ်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့အလုပ်ပါ ခွင့်ပြုလို့မရဘူး၊ ဥပဒေအရ ရေးယူရမယ်။ နိုင်ငံခေါင်းဆောင်ကြီးကို ဒီလိုလုပ်တယ်ဆိုတာ တိုင်းပြည်ကို ဖျက်ဆီးတာနဲ့ အတူတူပဲ၊ တိုင်းပြည်ကို ကျွန်ဘဝရောက်အောင် တွန်းပို့နေတာပဲ၊ အဲ့ဒါကို ပြောချင်တယ်" ဟု ဆရာတော်ကြီးမှ မိန့်ကြားခဲ့ပါတယ်။မန္တလေးရင်ခတ်သံ #AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Posted by AlinnMyay on Saturday, 8 August 2020