Knowledge

ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါစေမယ့် စကားပြောနည်း

Zawgyi ဖြင့်ဖတ်ရန်

ဘယ်နေရာပဲရောက်ရောက် လူသစ်တွေနဲ့ စတင်ဆက်ဆံရတဲ့အခါမှာ ဘယ်လိုစကားစပြောရမလဲ ၊ ဘာအကြောင်းအရာကိုပြောရမလဲ စသည်ဖြင့်တွေဝေပြီး ဘယ်သူနဲ့မှမရင်းနှီး မိတ်ဆွေမဖွဲ့မိပဲနေတတ်ကြပါတယ် ။ ဒီလိုဆိုရင်တော့ တစ်ဖက်လူတွေက သင်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူ ၊ တစ်ယောက်တည်း သီးသန့်နေချင်တဲ့သူအဖြစ်မြင်သွားနိုင်ပါတယ်နော်။ ကျောင်းပြောင်းတာပဲဖြစ်ဖြစ် ၊ အလုပ်ပြောင်းသွားတာပဲဖြစ်ဖြစ် မိတ်ဆွေအသစ် ၊ သူငယ်ချင်းအသစ်တွေနဲ့ထိတွေ့ဆက်ဆံဖို့ခက်နေတဲ့သူတွေအတွက် မိတ်ဆွေကောင်းတွေရစေဖို့ စကားပြောနည်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်…

(၁)ဘယ်လိုစကားစရမလဲသိပါစေ

လူတစ်ယောက်နဲ့ စကားစမပြောခင်မှာ သူ့ရဲ့အနေအထား ပတ်ဝန်းကျင်ကို အရင်အကဲခတ်ပါ ။ စကားပြောမယ့်သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကိုစပြောတာက အကောင်းဆုံးပါပဲ။ ဥပမာ-စာအုပ်ကိုင်ထားတဲ့သူ ၊ ကော်ဖီသောက်နေတဲ့သူတို့ဆိုရင် ဒီကော်ဖီလေးကောင်းလား ၊ ဒီစာအုပ်လေး ဘယ်မှာဝယ်လဲ စသဖြင့် စကားစပြောလို့ရပါတယ်။

(၂)စကားပြောတဲ့အခါ သက်သောင့်သက်သာဖြစ်နေပါစေ

မွေးရပ်မြေ၊ လက်ရှိနေနေတဲ့နေရာတွေကို အစချီပြီး စကားပြောပေးတာက တစ်ဖက်လူကို ပိုပြီးသက်သောင့်သက်သာဖြစ်စေပြီး စကားပြောရလည်း အဆင်ပြေစေနိုင်ပါတယ် ။ သင်နဲ့မွေးရပ်မြေတူတာ (သို့) နေရပ်တူနေရင်တော့ အဲ့နေရာမှာရှိတဲ့ အစားအသောက်အကြောင်း၊ ပတ်ဝန်းကျင်အကြောင်းတွေဆွေးနွေးကြပြီး မိတ်ဆွေအရင်းတွေတောင်ဖြစ်စေနိုင်ပါတယ်နော်။

(၃)ကိုယ်ရေးကိုယ်တာအကြောင်းတွေမမေးမိပါစေနဲ့

သင်တို့က အခုမှစတွေ့တဲ့သူတွေဆိုရင်တော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေကိုမေးမြန်းတာက ရိုင်းတဲ့ အပြုအမူဖြစ်ပါတယ် ။ ဒါ့ကြောင့် ကိုယ်ရေးကိုယ်တာအကြောင်းတွေ ၊ မိသားစုအတွင်းရေးအကြောင်းတွေပြောတာထက်စာရင် ရာသီဥတုအကြောင်း ၊ ဝါသနာနဲ့ ဘယ်လိုအစားအစာတွေကြိုက်နှစ်သက်လဲ စတာတွေမေးမြန်းနိုင်ပါတယ်။

(၄)အာရုံစိုက်နားထောင်ပေးပါ

သင်ဟာ စကားများတဲ့လူတစ်ယောက်ဖြစ်နေရင်တောင် မခင်မင်သေးတဲ့သူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့တဲ့အခါ များများနားထောင်ပေးဖို့ လိုပါတယ် ။ ဒါကလည်း သင့်ရဲ့ ရင်းနှီးနွေးထွေးမှုကိုပြတာဖြစ်ပြီး နောက်ပိုင်းလည်း သင်နဲ့အတူစကားပြော မိတ်ဆွေဖွဲ့ဖို့ကို လိုလားကြမှာပါ။

(၅)ဟာသလေးတွေနှောပေးပါ

ဟာသပြောရ ၊ နားထောင်ရတာတွေကို လူတိုင်းကြိုက်ကြပါတယ် ။ ဟာသလေးတွေပြောခြင်းက မိတ်ဆွေဖွဲ့ရာမှာ အထိရောက်ဆုံးပါပဲ ။တကယ်လို့ သင်က ဟာသပြောတတ်သူတစ်ယောက်ဆိုရင်တော့ စကားပြောရင်းနဲ့ သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကို ဟာသလေးနှောပြီးပြောလို့ရပါတယ် ။ ခုမှမိတ်ဆွေဖွဲ့မယ့်လူတစ်ယောက်ကို အဓိပ္ပာယ် နှစ်ခွထွက်တဲ့ ဟာသမျိုး ၊ တစ်ဖက်လူရဲ့ အားနည်းချက်ကို လှောင်ပြောင်သရော်တဲ့ ဟာသမျိုး မပြောမိဖို့တော့ အရေးကြီးပါတယ်နော် ။ ဒီလိုဟာသမျိုးတွေပြောမိပြီဆိုရင်တော့ သင်နဲ့ မိတ်ဆွေဖွဲ့ဖို့ မဖြစ်နိုင်သလို ၊ သင့်ကိုလည်း အထင်အမြင်သေးသွားစေနိုင်ပါတယ် ။

(၆)အကူအညီတောင်းပါ

အကူအညီတောင်းပေးတာကလည်း ရင်းနှီးမှုကိုပြတဲ့သဘောပါပဲ ။ သင်နဲ့သူ့ကြားမှာ အသေးအမွှားအကူအညီလေးတွေ တောင်းပေးဖို့ ဝန်မလေးပါနဲ့ ။ ဘောပင်လေးခဏငှားတာလောက် ၊ စာအုပ်နာမည်လေး ပြောပြတာလောက်က တစ်ဖက်လူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ သင်တို့ကြားမှာ ရင်းနှီးမှုပိုတိုးလာစေနိုင်ပါတယ် ။

Credit : Auntymay

Unicode ဖြင့်ဖတ်ရန်

ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါစေမယ့် စကားပြောနည်း (၆)နည်း