Celebrities

ဆွဲဆောင်မှု ရှိရှိ အလန်းစား ကနေတဲ့ သင်ဇာဝင့်ကျော် ရဲ့ ဗီဒီယိုဖိုင်

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပုရိသတွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ မိန်းမချောလေးတစ်ဦးလို့တောင် ဆိုနိုင်ပါတယ်နော်။ သင်ဇာဝင့်ကျော်က သူမတူတဲ့အမိုက်စားဖက်ရှင်တွေနဲ့ အမြဲတမ်းဆွဲဆောင်မှုရှိရှိ လှပနေသူလေးလည်း ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်ကအချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့အပြင် ရုပ်ရည်လေးကလည်း ချောမောလှပနေတာ ဖြစ်ပါတယ် ။

သင်ဇာက ဗီဒီယိုဇာတ်ကားတွေ နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သင်ဇာက တစ်နေ့ထက်တစ်နေ့ အရင်ကထက်တောင် ပိုပိုပြီးလှပလာတာပဲ ဖြစ်ပါတယ် ။ အခုလည်း သင်ဇာဝင့်ကျော်က ကြွေချင်စရာကောင်းတဲ့အမိုက်စားကကွက်လေးတွေနဲ့ အပီ အပြင်ကပြထားတဲ့ ဗီဒီယိုလေးကို မျှဝေလိုက်တာ ဖြစ်ပါတယ် ။

သင်ဇာက မြူးကြွတဲ့ သီချင်းတီးလုံးလေးအတိုင်း ခါးလေးကို စည်းချက်ကျကျလှုပ်ခါရင်း အားရပါးရကပြထားတာပဲ ဖြစ်ပါတယ် ။ သီချင်းလေးအတိုင်း စီးမြောခံစားရင်း ကနေတဲ့ သင်ဇာကတော့ အသားကပ်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိစွာ လှနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့အမိုက်စား ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။#credit cele gabar

Posted by Storydaily on Friday, 7 August 2020