Celebrities

ယုန်လေးရဲ့ အင်တာဗျူးမှာ သူ့ရဲ့နာမည်ကို ထည့်သွင်းပြောဆိုခဲ့တဲ့အကြောင်းနဲ့ ပက်သတ်ပြီး ရှင်းလင်းပြောဆိုလာတဲ့ Russell

သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာယုန်လေးကတော့ ” ငါတို့အားလုံးရဲ့မြေ” သီချင်းနဲ့ ပက်သတ်ပြီး အဘက်ဘက်က စိတ်ဖိစီးမှုတွေကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ ယုန်လေးက ထိုသီချင်းနဲ့ ပက်သတ်ပြီး တင်ဆက်ပြသပုံမှားယွင်းခဲ့တာကြောင့် သူကိုယ်တိုင်ထိုသီချင်းကို ဖျက်ချပြီး တစ်နိုင်ငံလုံးက ပြည်သူတွေကိုလည်း တောင်းပန်ပြီးဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့မှာတော့ ယုန်လေးက သူ့ကိုအွန်လိုင်းကနေ ဝိုင်းပြီးဖိအားပေးနေကြတယ်ဆိုတဲ့သူတွေကို အပြင်မှာတွေ့ပြီး ဖြေရှင်းဖို့ ရုပ်ရှင်အစည်းအရုံးမှာ စောင့်နေခဲ့တာ ဖြစ်ပါတယ်။ယုန်လေးဆီကို မီဒီယာတွေများစွာရောက်ရှိလာပြီး ယုန်လေးကလည်း သူ့စိတ်ထဲမှာ ခံစားရသမျှကို ပြောဆိုခဲ့ရာ သရုပ်ဆောင် Russell ရဲ့ နာမည်လည်းပါဝင်ခဲ့ပါတယ်။

ထိုအကြောင်းနဲ့ ပက်သတ်ပြီး Russell က အခုလိုပဲဖြေရှင်းလာပါတယ်။” ကို ယုန်လေး ကျွန်တော့်နာမည်ကို media ရှင်းလင်းပွဲမှာ Call out လုပ်တာ ဒီ Status ကြောင့်ပါ။ ကျွန်တော် ပြန်ဖျက်ထားခဲ့တာ ကြာပါပြီ။ ကျွန်တော့်နာမည် ကို သတင်း Media တွေကြားထဲမှာ ကြားလိုက်ရသူတွေရှိလို့ ရှင်းလင်းအောင် ပြောတာပါ။ ကျွန်တော် ရေးသားထားတာ အမှားပါခဲ့ရင် တောင်းပန်ပါတယ် ခင်ဗျာ” ဆိုပြီး ပြောဆိုထားပါတယ်။

Russell ကတော့ ယုန်လေးလည်း စိတ်ရှင်းရအောင် ပရိသတ်တွေလည်း နားလည်မှုမလွဲရအောင် သူ့ရဲ့ ေ့ဖစ်ဘုတ်စာမျက်နှာကနေ ဖြေရှင်းလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

#credit