Celebrities

သာသနာဘောင်သို့ဝင်ရောက်သွားတဲ့ ဖခင်အတွက် ဆွမ်းခံလိုက်ကူပေးခဲ့တဲ့ စစ်လွန်းဝတီထက်

သာသနာဘောင်သို့ ခေတ္တဝင်ရောက်သွားခဲ့တဲ့ စိုင်းလွှမ်းက ရဟန်းစားဖို့ဆွမ်းတစ်နပ်ကို ဆွမ်းခံလိုက်ကူပေးခဲ့တဲ့ ဒကာမလေး စစ်လွန်းဝတီထက်ရဲ့ ပုံရိပ်လေးတွေကို တင်ခဲ့တာဖြစ်ပါတယ်။

စိုင်းလွှမ်းဟာ ချစ်စရာ သမီးလေးနဲ့အတူ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။ တစ်ဦးတည်းသော သမီးလေးဖြစ်တာကြောင့်လည်း ဖခင်ရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူလေးပါ။ စိုင်းလွှမ်းက ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူရဲ့ တစ်လပြည့်ကိုရည်စူးပြီး ဖခင်ဖြစ်သူရဲ့ ဆန္ဒအတိုင်း သာသနာ့ဘောင်သို့ ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

သာသနာဘောင်သို့ရောက်ရှိနေတဲ့ ဖခင်ကြီးအတွက် ဒကာမလေး စစ်လွန်းဝတီထက်က ဆွမ်းခံလိုက်ကူပေးခဲ့ကြောင်း သူ့အကောင့်မှာ ဖော်ပြလာခဲ့ပါတယ်။

“ရဟန်းစားအပ်သော ဆွမ်းတစ်နပ်နဲ့ ဆွမ်းခံ လိုက်ကူပေးတဲ့ ဒကာမလေး” လို့ သမီးဖြစ်သူရဲ့ သိတတ်မှုလေးကို ရေးသားထားတာတွေ့ရပါတယ်။

မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နံနက်ခင်းလေးမှာ ဆွမ်းခံလိုက်ကူပေးနေတဲ့ စစ်လွန်းဝတီထက်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးပါ သာဓုခေါ်ဆိုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

#credit