ကိုပေါက်ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပါ။ အခုနောက်ပိုင်းမှာတော့ ကိုပေါက်က သရုပ်ဆောင်တစ်ယောက်အပြင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပုံဖော်ရိုက်ကူးနေခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုကို ပိုလို့တောင်ရရှိနေပါတယ်။
ကိုပေါက်က Covid ကာလကြောင့် ရိုက်ကူးရေးတွေရပ်နားထားချိန်မှာ ပရိသတ်တွေအပျင်းပြေစေဖို့ Tik Tok ဗီဒီယိုလေးတွေနဲ့ အတူ ကိုယ်တိုင်ပုံဖော်ထားတဲ့ ဟာသဇာတ်လမ်းလေးတွေကိုလည်း ဖန်တီးရိုက်ကူးပြီး တင်ဆက်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ကိုပေါက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မိသားစု (၄)ယောက်စုံစုံညီညီနဲ့ Tik Tok ဆော့ကစားထားတဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။
ဒီTik Tok လေးကတော့ Tik Tok မှာ နာမည်ကြီးနေတဲ့ အိန္ဒိယသီချင်းလေးကို (၄)ယောက်သား အတွဲညီညီနဲ့ ကပြီး ဆော့ကစားထားတဲ့ ဗီဒီယိုလေးဖြစ်ပြီး ပရိသတ်တွေကတော့ ဒီဗီဒီယိုလေးကို တော်တော်လေးသဘောကျနေခဲ့ကြပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ကိုပေါက်တို့မိသားစုရဲ့ ချစ်စရာကောင်းလှတဲ့ Tik Tok ဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။credit cele zone
မင်္ဂလာပါ
Posted by Aung Min Naing on Friday, 7 August 2020