Celebrities

မွေးနေ့ဆုတောင်းပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတုံ့ပြန်ခဲ့တဲ့ မြင့်မြတ်

ပရိသတ်သတ်ကြီးရေ မနေ့က သြဂုတ်လ (၇)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသား မြင့်မြတ်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။မြင့်မြတ်ကတော့ မွေးနေ့ မနက်ပိုင်းလေးမှာ မွေးနေ့အလှူအနေနဲ့ သံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်နဲ့ ဆွမ်းကပ်လှူခဲ့ပြီး ညနေပိုင်းမှာတော့ မိတ်တွေအပေါင်းအသင်းတွေနဲ့ မွေးနေ့ပွဲလေးကျင်းပခဲ့ပါတယ်။

မြင့်မြတ်ကမနေ့က မွေးနေ့ရက်လေးအတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေကို ကျေးဇူးတုံ့ပြန်တဲကအနေနဲ့ ဗီဒီယိုလေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲကတော့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိကြောင်းပြောထားခဲ့တာပဲဖြစ်ပါတယ်။

မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အမြဲလိုလို တန်ဖိုးထားပြီး ပရိသတ်တွေကိုလည်း ရင်းရင်းနှီးနှီးနဲ့ ပြန်လည်ဆက်ဆံတတ်တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပါ။  ပရိသတ်ကြီးရေ မြင့်မြတ်ရဲ့ ပရိသတ်တွေအပေါ်မှာကျေးဇူးတုံ့ပြန်ထားတဲ့ ဗီဒီယိုလေးကို ကြည့်ရှလို့ရအောင် မျှဝေဖော်ပြလိုက်ပါတယ်။crd cele zone

ကျေးဇူးအထူးတင်ပါတယ်

Posted by မြင့်မြတ် on Friday, 7 August 2020