Celebrities

ဦးမန်းဝင်းအတွက် ရည်စူးပြီး ဆင်းတုတော်တစ်ဆူလှူဒါန်းမှုပြုလိုက်တဲ့ ကျန်ရစ်သူ မိသားစု

ပရိသတ်ကြီးရေ အနုပညာလောကမှာ ပရိသတ်တွေကို ဟာဒယရွှင်ဆေးတွေတိုက်ကျွေးခဲ့တဲ့ ပရိသတ်အချစ်တော် ဦးမန်းဝင်းကြီး ကြွေလွင့်သွားခဲ့တာ (၁)လနီးပါးတောင်ရှိခဲ့ပါပြီ။ အနုပညာလောကရဲ့ တန်ဖိုးဖြတ်မရတဲ့ ကြယ်ပွင့်ကြီးတစ်ပွင့် ဖြစ်တဲ့ ဦးမန်းဝင်း ကွယ်လွန်ခဲ့တာကြောင့် ကျန်ရစ်သူမိသားစုတွေသာမက ပရိသတ်တွေကပါ ဒီနေ့ဒီချိန်ထိ နှမြောတသသဖြစ်နေခဲ့ရပါတယ်။လတ်တလောမှာတော့ ဦးမန်းဝင်ရဲ့ကျန်ရစ်ခဲ့တဲ့ မိသားစုတွေက ဦးမန်းဝင်းအတွက် ရည်စူးပြီး ဆင်းတုတော်တစ်ဆူကို လှူဒါန်းပေးခဲ့ပါတယ်။ ဦးမန်းဝင်းသက်ရှိထင်ရှားရှိစဉ်က နေထိုင်ခဲ့တဲ့ နေအိမ်နားမှာရှိတဲ့ ဇိနမာရ်အောင်စေတီတော်ကြီး ရဲ့ သောကြာထောင့် မြောက်ဘက်မုခ်မှာ တည်ထားကိုးကွယ်ဖို့အတွက် ဗုဒ္ဓရုပ်ပွားတော် ဆင်တုတော်တစ်ဆူကို ဦးမန်းဝင်းအတွက်ရည်စူပြီး ကျန်ရစ်တဲ့ မိသားစုတွေက လှူဒါန်းမှုပြုလုပ်ခဲ့တာပါ။ဆင်းတုတော်အလှူလေးကို ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုလို့ရအောင် ဦးမန်းဝင်းရဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဦးမန်းဝင်းအတွက်ရည်စူးပြီး ကျန်ရစ်တဲ့ မိသားစုတွေပြုလုပ်တဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။#credit cele zone