Celebrities

ဒုတိယမြောက်သီချင်းလေးကို အမြည်းကျွေးလာတဲ့ အေးမြဖြူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အေးမြဖြူလေးကတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားနေခဲ့ပါတယ်။ မကြာသေးခင်ကလည်း သူ့ရဲ့ပထမဆုံးသီချင်းလေးဖြစ်တဲ့ “လွမ်းနေလို့” သီချင်းလေးက ထွက်ရှိထာခဲ့တာဖြစ်ပြီး မထင်မှတ်ထားလောက်အောင် ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။လတ်တလောမှာလည်း မိုးသိုလေးက နောက်ထပ်သီချင်းတွေကို ထပ်မံထွက်ရှိလာဖို့ကြိုးစားဖန်တီးနေခဲ့ပြီး ဒုတိယမြောက်ထွက်ရှိလာမယ့် သူ့ရဲ့သီချင်းလေးကို ပရိသတ်တွေအတွက် Live လွှင့်ပြီး အမြည်းလေးဖွင့်ပြခဲ့ပါတယ်။ သီချင်းလေးကတော့ မြူမြူးကြွကြွနဲ့ လူငယ်တွေအကြိုက်သီချင်းပုံစံလေးဖြစ်ပြီး လာမယ့် (၁၂)ရက်နေ့မှာတော့ သီချင်းအပြည့်အစုံထွက်ရှိလာဖို့ရှိတယ်လို့လည်း သိရှိရပါတယ်။မိုးသိုလေးရဲ့ပရိသတ်တွေကတော့ သီချင်းလေးကို အမြည်းနားထောင်ပြီး အမြည်းလေးနဲ့တင် တော်တော်လေးကို သဘောကျနှစ်သက်နေတာကြောင့် သီချင်းလေးထွက်ရှိလာမယ့်အချိန်ကို စောင့်ဆိုင်းနေကြပါသေးတယ်။CeleZone ပရိသတ်ကြီးတွေလည်း မိုးသိုရဲ့ ဒုတိယမြောက် သီချင်းလေးကို အမြည်းလေးနားဆင်လို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။credit cele gabar

ကဲ…နောက်ထွက်မယ့်သီချင်းလေး အမြည်းနားထောင်ကြမယ်❤️

Posted by AYE MYA PHYU on Friday, 7 August 2020