Knowledge

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း နဲ့ ပတ်သတ်လို့ သိသင့်တာလေးတွေ

မနက်ဖြန် ည ၁၂နာရီခွဲ..မှာ ထွက်မယ့်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း ..နဲ့ ပတ်သတ်လို့ …သိသင့်တာလေးတွေ။

၁။ ၂၀၂၀ – ပြည့်နှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများ ကို (၉ – ၈ – ၂၀၂၀) ရက် ၊ တနင်္ဂနွေနေ့ နံနက် ( ၀၀:၃၀) နာရီ အချိန်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။

၂။ COVID -19 ရောဂါကာကွယ်ထိန်းချုပ်‌တားဆီးရေး အဓိက ဦးစားပေးဆောင်ရွက်နေရသော ကာလဖြစ်ပါသဖြင့် ၂၀၂၀ – ပြည့်နှစ် ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို သတ်မှတ်ရက်တွင် ကြေညာရာ၌ ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့်

အခြေခံပညာအထက်တန်းကျောင်းများတွင် လုံးဝ(လုံးဝ) ကပ်ထားခြင်းမပြုဘဲ ပညာရေးဝန်ကြီးဌာန၏ Website များဖြစ်သော www.moe.gov.mm နှင့် www.myanmarexam.org တို့တွင် ကြည့်ရှုနိုင်ရန် (၉-၈-၂၀၂၀)ရက်နေ့ ၊နံနက်( ၀၀ : ၃၀ ) နာရီမှ စတင်၍ အသိပေးထုတ်ပြန် ကြေညာပေးမည်ဖြစ်ပါသည်။

၃။ ထို့အပြင် Online ဖြင့် အောင်စာရင်းကြည့်ရှုရာတွင် အင်တာနက်လိုင်းမရသော ဒေသများနှင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲသောဒေသများအတွက် အောင်စာရင်းထုတ်ပြန် ကြေညာမည့် (၉-၈-၂၀၂၀) ရက်နေ့ (တနင်္ဂနွေနေ့) တွင် အောင်စာရင်းနှင့်ပတ်သက်၍

မရှင်းလင်းသည်များရှိပါက မေးမြန်းစုံစမ်းနိုင်ရန် အောက်ဖော်ပြပါ Call Center အဖွဲ့ (၇) ဖွဲ့ဖြင့် လက်ခံဖြေကြား ပေးသွားမည် ဖြစ်ပါသည်။

စဉ် အဖွဲ့ခေါင်းဆောင်အမည် ရာထူး ဖုန်းနံပါတ်

၁။ ဒေါက်တာကျော်ဝင်းစိုး ညွှန်ကြားရေးမှူး ၀၆၇-၃၄၀၇၈၂၁

၂။ ဦးသန်းစိုးအောင် ညွှန်ကြားရေးမှူး ၀၆၇-၃၄၀၇၈၁၁

၃။ ဒေါက်တာတင်ယုယုအေး ညွှန်ကြားရေးမှူး ၀၆၇-၃၄၀၇၆၉၁

၄။ ဦးအေးလွင် ညွှန်ကြားရေးမှူး ၀၆၇-၃၄၀၇၆၈၆

၅။ ဒေါက်တာဥမ္မာသန်း ညွှန်ကြားရေးမှူး ၀၆၇-၃၄၀၇၈၁၉

၆။ ဦးမြင့်ဇော် ညွှန်ကြားရေးမှူး ၀၁-၆၅၃၅၀၉

၇။ ဒေါက်တာကျော်မိုးလွင် ညွှန်ကြားရေးမှူး ၀၆၇-၃၄၃၀၁၆၉

၄။ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အမှတ်စာရင်းနှင့် အောင်လက်မှတ် ထုတ်ပေးခြင်း၊ အဖြေလွှာ ပြန်လည် စစ်ဆေးပေးရန် လျောက်ထားခြင်း (Complaint) အစီအစဉ်များကို လတ်တလော ဆောင်ရွက်ပေးမည် မဟုတ်ပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ထပ်မံ အသိပေး ကြေညာသွား မည်ဖြစ်ပါသည်။

Zawgyi Version

(မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)