International News

အိန္ဒိယတွင် လူပေါင်း ၁၉၁ ဦးလိုက်ပါလာသည့်လေယာဉ်ပျက်ကျ

အိန္ဒိယနိုင်ငံ Kerala ပြည်နယ် Calicut လေဆိပ်မှာ လူပေါင်း ၁၉၁ ဦးလိုက်ပါလာတဲ့ Air India Express လေယာဉ် ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ ဒူဘိုင်းကနေပျံသန်းလာတဲ့လေယာဉ်က ပြေးလမ်းချော်ပြီးပျက်ကျရာမှာ နှစ်ပိုင်းပျက်ထွက်သွားခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေဆဲဖြစ်ပြီးတော့ လေယာဉ်မှူးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ Boeing 737 မှာလိုက်ပါလာသူအများစုကို ကယ်တင်နိုင်ခဲ့ပြီး လူပေါင်း ၃၅ ဦးထက်မနည်း ဆေးရုံကိုပို့ဆောင်ထားရပါတယ်။ လေကြောင်းခရီးစဉ် IX-1344 ပေါ်မှာ လေယာဉ်မှူးတွေ၊ လေယာဉ်အမှုထမ်းတွေနဲ့အတူ ခရီးသည် ၁၈၄ ဦးလိုက်ပါလာပါတယ်။

ကပ်ရောဂါကြောင့် ပြည်ပမှာသောင်တင်နေတဲ့အိန္ဒိယနိုင်ငံသားတွေကိုပြန်ခေါ်ဖို့ အစိုးရက စီစဉ်ပေးခဲ့တဲ့လေကြောင်းခရီးစဉ်ဖြစ်ပါတယ်။ လေကြောင်းအာဏာပိုင်တွေရဲ့အဆိုအရ လေယာဉ်က ပြေးလမ်းချော်ပြီးတဲ့နောက် နှစ်ပိုင်းပျက်သွားခဲ့တာဖြစ်ပြီးတော့ မီးလောင်ကျွမ်းမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

#credit