Celebrities

ကျွန်တော်တို့ ပင်နီဝတ်တွေ အလေးပြုခဲ့ရတာက ဟိုတယ်နံရံကြီးပါလို့ အစချီကာ ထပ်မံဖြေရှင်းလာတဲ့ သားညီ

အဆိုတော် ယုန်လေးရဲ့ Music Video ကတော့ ယမန်နေ့ကစလို့ ယနေ့အထိ တောက်လျှောက်ဝေဖန်ခံနေရတာ ပရိသတ်ကြီးလည်းသိပြီးဖြစ်မှာပါ Music Video မှာပါတဲ့ သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေကတော့ ဒီ Music Video နဲ့ပတ်သတ်ပြီးတောက်လျှောက်ဖြေရှင်းတောင်းပန်နေကြတာပါ

Music Video မှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ပတ်သတ်ပြီး ပါဝင်သူ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သားညီက လူမှုကွန်ယက်မှာ အခုလိုတောင်းပန်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်တစ်ခုလောက်လေးထပ်ရှင်းပြချင်လို့ပါ ခင်ဗျ …ကျွန်တော်က အမူအယာလုပ်ရတာကို သဘောကျတဲ့လူပါ …အမူအယာလုပ်ရမယ်ဆို ဘယ်နေရာဖြစ်ဖြစ်ပျော်နေတာပါ ..ဒါကို ကျွန်တော့်မိတ်ဆွေအနုပညာရှင်တွေ အားလုံးသိကြပါတယ် …အခုသရုပ်ဆောင်ခဲ့ရတဲ့နေရာကလည်းအဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုပြီးသရုပ်ဆောင်တာမဟုတ်ပါဘူး ရုပ်ရှင်တွေထဲကလို စိတ်ကူးနဲ့တည်ဆောက်ထားတဲ့လူတစ်ယောက်နေရာက သရုပ်ဆောင်တာပါ …သူက ငြင်းလိုက်လို့ စီမံကိန်းတစ်ခုရပ်သွားတယ်နောက်ဆုံးအားလုံးပြေလည်သွားကြလို့ နောင်တရ ကြည်နူးပီတိဖြစ်ပြီးမျက်ရည်ကျတယ် …အဲ့ဒီအမူအယာကို လုပ်ချင်မိခဲ့တာပါ …တစ်ခြားဘာစိတ်မှလည်းမရှိပါဘူး …ဘယ်သူ့ကိုမှလည်း စော်ကားလိုစိတ်မရှိပါဘူး …အဲ့လို သရုပ်ဆောင်မိတာ မှားသွားတယ်ဆိုရင်လည်း
ထပ်ပြီးတောင်းပန်ပါတယ်ဗျာ …

နောက် သေနတ်သမားတွေ ဝင်လာချိန်မှာ ကျွန်တော်သရုပ်ဆောင်ထားတာက လူ့စိတ်အရခဏလေး လန့်သွားမယ်ချက်ချင်းအမေ့ကို သတိရပြီး ကာဖို့ထပြေးမယ်အလုပ် တပ်ဘက်ကပစ်လိုက်တဲ့ ကျည်ဆန်တွေကြောင့်ပြန်ထိုင်လိုက်ရတာမျိုး သရုပ်ဆောင်တာပါ … Edit သဘောအရ ကြားထဲမှာ တစ်ခြားအရုပ်တွေထည့်ပြလိုက်တော့ တစ်မျိုးဖြစ်သွားတာပါ …ပင်နီဝတ်တွေသွေးမကြောင်ဘူး အမေ့ကို ကာကွယ်မှာနော် ဆိုတဲ့စကားကို ကျွန်တော် အကြိမ်ကြိမ် သတိပေးခဲ့ပါတယ် … ရိုက်ကွင်းက ကလေးတွေ သိကြပါတယ် … နောက်ဆုံးတစ်ခု ရှင်းပြချင်တာကကျွန်တော်တို့ပင်နီတွေ အလေးပြုခဲ့တာရိုက်တုန်းက အရှေ့မှာ ဘာမှမရှိပါဘူး Hotel နံရံပဲရှိခဲ့တာပါ …ကျွန်တော်မှားခဲ့ပါတယ် ဝန်ခံပါတယ် သရုပ်ဆောင်ချင်စိတ် တစ်ခုထဲနဲ့ ရိုးရိုးသားသားမှားခဲ့တာပါ …ဘာအရောင်ဆိုးချင်စိတ်မှလည်းမရှိခဲ့ပါဘူးထပ်ပြီးလေးလေးစားစားတောင်းပန်ပါတယ်ခင်ဗျာ …လို့ လူမှုကွန်ယက်မှာရေးသားထားခဲ့တာဖြစ်ပါတယ်

“ငါတို့ အားလုံးရဲ့ မြေ”သီချင်းမှာတော့ အဆိုတော် ယုန်လေး အပါအဝင် ထူးအယ်လ်လင်း၊ မိုးမိုး၊ ဖြိုးမြတ်အောင်၊ ရော်ရွက်၊ မူးလာ၊ ချမ်းချမ်း၊ Lဆိုင်းဇီ၊ ရတနာမိုင်၊ မေမဒီ၊ ယွန်း တို့အပြင် နောက်ထပ် တေးသံရှင်များက ပါဝင်သီဆိုပေးခဲ့ကြတာဖြစ်ပါတယ်။ သရုပ်ဆောင်များ အနေနဲ့ မို့မို့မြင့်အောင်၊ သားညီ၊ ညီနန္ဒ တို့အပြင် နောက်ထပ် ဇာတ်ပို့ သရုပ်ဆောင်များကလည်း ပါဝင်သရုပ်ဆောင် ခဲ့ကြတာ တွေ့ရပါတယ်။

#credit