Knowledge

တကယ်ရှိခဲ့တဲ့ ဆင်လိမ္မာကလေး ဂျမ်ဘို

ဂျမ်ဘို ဆိုတဲ့နာမည်ကို ယနေ့ထိတိုင် ထုတ်ကုန်အမျိုးမျိုးမှာ တံဆိပ်တပ်ရောင်းချလျှက်ရှိတာကြောင့်တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။ ဆင်တကောင်ရဲ့ နာမည်ဆိုတာ အားလုံးသိပြီးဖြစ်ပေမယ့် သူ့အကြောင်းကိုတော့ သိသူနည်းမယ်ထင်ပါတယ်။ မသိသေးတဲ့ သုတဇုန် မိတ်ဆွေများအတွက် တခေတ်တခါက အလွန်နာမည်ကြီးခဲ့တဲ့ ဆင်ကလေးဂျမ်ဘိုရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။

ဂျမ်ဘို ဟာ အာဖရိကဆင်အမျိုးအစားတစ်ကောင်ဖြစ်ပြီး စည်းကမ်းလိုက်နာမှုနဲ့ဉာဏ်ရည်ဉာဏ်သွေးမှာ တိရစ္ဆာန်တစ်ကောင်ထက်ပိုမိုသာလွန်ကြောင်းကိုသူရဲ့ လုပ်ဆောင်ချက်တွေကသက်သေပြလျက်ရှိပါတယ်။ ဂျမ်ဘို ဟာသူကိုမြင်တွေ့ခွင့်ရခဲ့တဲ့ကလေးသူငယ်တိုင်းကို ပျော်ရွှင်စရာအခိုက်အတန့်များစွာဖန်တီးပေးခဲ့ပါတယ်။

သူဟာလန်ဒန် နဲ့၊တောင်အမေရိကတိုက်တိရစ္ဆာန်ရုံတွေအတွင်းလှည့်လည်ကျက်စားခဲ့ကာ တိရစ္ဆာန်တစ်ကောင်ထက်များစွာသာလွန်တဲ့စွမ်းရည်တွေပြသကာလာရောက်သူအပေါင်းရဲ့အာရုံကိုစွဲဆောင် နိုင်စွမ်းကြီးလွန်းသူဖြစ်ခဲ့ပါတယ်။ တနည်းပြောရရင်တော့ ဂျမ်ဘိုဟာညတိရစ္ဆာန်တစ်ကောင်ဖြစ်ပေမဲ့ ကမ္ဘာကျော်ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဂျမ်ဘို ကိုစတင်တွေ့ရှိခဲ့သူတွေကတော့ အာရေဗီအမဲလိုက်သမားတွေဖြစ်ကြပြီး ဆူဒန် နဲ့ အီထရီးယားနယ်စပ် မြေပြန့်လွင်ပြင်တလျှောက်မှာရှိတဲ့စမ်းရေတွင်းတခုအတွင်းမှာ (၁၈၆၁) ခုနှစ်လောက်ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ စတင်တွေ့ရှိချိန်က အာဖရိကဆင်ရိုင်းလေးဖြစ်တဲ့ ဂျမ်ဘိုဟာဆိုရင်အသက်(၂)နှစ်သာရှိသေးပြီး ခြေစုံရပ်အမြင့် လက်မ(၄၀)အတိုင်းအတာ သာရှိခဲ့ပါတယ်။ ယင်းနောက်မှာတော့ ဂျမ်ဘို ဟာ တိရစ္ဆာန်စုဆောင်းရေးသမားတစ်ယောက်ဖြစ်တဲ့ Johann Schmidt ရဲ့ဝယ်ယူခြင်းကိုခံခဲ့ရပြီးပြင်သစ်နိုင်ငံပဲရစ်မှာရှိတဲ့ Jardin de Plantes တိရစ္ဆာန်ရုံကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

(၁၈၆၅)ခုနှစ်ရောက်ချိန်မှာတော့ လန်ဒန်တိရစ္ဆာန်ရုံကိုပို့ဆောင်ခြင်းခံခဲ့ရပြန်ပါတယ်။လန်ဒန်ကိုရောက်ချိန်မှာတော့ ဂျမ်ဘို လေး ဟာတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ Matthew Scott ရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့နိုင်ငံရဲ့ရတနာတပါးဖြစ်လာခဲ့ပါတော့တယ်။ ဂျမ်ဘို ရဲ့သူမတူတဲ့နာလည်မှုနဲ့ဉာဏ်ရည်သွေး ကြောင့်ပဲဖြစ်ပါတယ်။

အသက်(၇)နှစ်အရွယ်ရောက်ချိန်မှာပဲ ဂျမ်ဘို ဟာ နေ့စဉ်မြတ်ခြောက်ပေါင်(၂၀၀)၊အာလူးတစ်ပေပါ၊ဘေ့စ်ဆန် (၈)ဂါလုံဝင်ပုံး ၂ ပုံး၊ပေါင်မုန့်(၁၅)ချပ်၊လက်ဆွဲ ပုံးနဲ့ရေဂါလံများစွာကို သူရဲ့အစာအဖြစ်စားသုံးတဲ့အထိဖြစ်လာပါတယ်။ ဂျမ်ဘိုရဲ့အရပ်အမြင့်ကလည်း (၁၁)ပေ(၆)လက်မနဲ့ပေါင်(၁၃၀၀၀)အထိကိုအလေးချိန်ရှိလာခဲ့ပါတယ်။

တိရစ္ဆာန်ရုံကိုရောက်ရှိသူတိုင်းဟာ ဂျမ်ဘို ကိုချစ်ခင်ကြပြီး အထူးသဖြင့်ကလေးငယ်တွေအကြားမှာတော့ ဂျမ်ဘို ဟာ အလွန်ကိုရေးပန်းစားခဲ့ပါတယ်။ ဒီအတွက်လည်း ဆင်လိမ္မာလေး ဂျမ်ဘို ဟာဆိုရင် အံ့သြသင့်စရာပြကွက်များစွာ၊ကိုယ်အမူအယာပုံစံများစွာကိုပြသခဲ့ပြီး သာမန်တိရစ္ဆာန်တစ်ကောင်ထက်ပိုမိုတဲ့ ဉာဏ်ရည်ကိုပိုင်ဆိုင်ထားကြောင်းကို လည်း သက်သေပြနိုင်ခဲ့ပါတယ်။ ဂျမ်ဘို ဟာလန်ဒန်မှာ(၁၇)နှစ်ကြာအောင်လူထုရဲ့အချစ်တော်အဖြစ်ခံယူပြီးနောက်မှာတော့ အမေရိကန်ပြည်ထောင်စုက ပွဲစီစဉ်သူ(showman) တစ်ယောက်ဖြစ်တဲ့ P.T.Barnum ရဲ့ဝယ်ယူမှုကိုခံခဲ့ရပြီးသူရဲ့နောက်ထပ်လူသားတွေကိုဖျော်ဖြေရေးလမ်းကြောင်းသစ်တစ်ခုကိုစတင်ခဲ့ပါတော့တယ်။

ဒီအတွက်လည်း P.T.Barnum ဟာ လန်ဒန်တိရစ္ဆာန်ရုံရဲ့လက်ထောက်ညွှန်ကြားရေးမှူး Bartlett ငြင်းလို့မရနိုင်တဲ့ငွေပမာဏဖြစ်တဲ့ နဲ့ဝယ်ယူခဲ့တယ်လို့သိရပြီး အင်္ဂလန်ကလေးငယ်(၁)သိန်းလောက် ကတော့စာရေးသားကာ ဂျမ်ဘို ကိုရောင်းချခြင်းမျိုးမလုပ်ဖို့တောင်းဆိုခဲ့ကြတယ်လို့သိရပါ တယ်။ Bartlett ဟာ အမေရိကန်ပြည်ထောင်စုရဲ့နာမည်ကျော်ဆပ်ကအဖွဲ့ဖြစ်တဲ့ Barnum&Bailey Circus ကိုပိုင်ဆိုင်ထားတဲ့ P.T.Barnum ထံ ဆင်လိမ္မာလေး ဂျမ်ဘို ကိုအမေရိကန်ဒေါ်လာ(၁၀၀၀၀)နဲ့ရောင်းချပစ်ခဲ့တာပါ။ P.T.Barnum ဟာ ဂျမ်ဘို ကို လှောင်အိမ်ထဲထည့်ကာပြစားတဲ့ပုံစံမျိုးနဲ့ အမေရိကန်ဒေါ်လာ (၂၂၇ ၀၀၀)လောက်အထိကိုရှာဖွေစုဆောင်းနိုင်သွားခဲ့တာကြောင့် P.T.Barnum ရဲ့အကြံဟာမှန်ကန်ပြီး Bartlett ကတော့ တရားခံဖြစ်သွားခဲ့ပါတယ်။ ဂျမ်ဘို ဟာ(၁၈၈၂)ခုနှစ်နွေဦးမှာပဲ လန်ဒန်ကနေ အမေရိကန်ပြည်ထောင်စုကိုထွက်ခွာသွားခဲ့ပါတော့တယ်။

(၁၈၈၂)ခုနှစ်၊ဧပြီလ(၉)ရက်နေ့မှာတော့ ဂျမ်ဘို ဟာ နယူးယောက်မြို့တော်ကိုရောက်ရှိလာခဲ့ပြီး မြို့ခံလူထုရဲ့တခဲနက်ကြိုဆိုဂုဏ်ပြုခြင်းကိုခံခဲ့ရပါတယ်။ လူအုပ်ကြီးဟာ ဂျမ်ဘို ကိုထားရှိမဲ့ Hippodrome (ယခု Madison Square Garden) အထိလိုက်လံပို့ဆောင်ခဲ့ကြပြီး ယင်းနေရာမှာပဲ ဂျမ်ဘို ဟာလပေါင်းများစွာနေထိုင်ပြီး နေထိုင်စဉ်ကာလအတွင်းမှာလည်း သူရဲ့ချစ်ခင်ဖွယ်အမူအရာတွေကြောင့် နယူးယောက်မြို့သားတွေရဲ့အချစ်တော်ဖြစ်သွားခဲ့ပြန်ပါတယ်။ ယင်းနောက်မှာတော့ အမေရိကန်ပြည်ထောင်စုတခွင်ကို လှည့်လည်ပြီး ပိုင်ရှင်ဖြစ်သူ P.T.Barnum ရဲ့အလိုက်ရုံးသွင်းခံကာ ငွေရှာပေးခဲ့ရပါတယ်။ ခရီးမိုင်များစွာသွားရောက်ခဲ့ရပြီး ယင်းခရီးကြမ်းတွေကြောင့်ပဲ ဂျမ်ဘို လေးဟာတစတစ ကျန်းမာရေးယိုယွင်းလာပါတော့တယ်။

(၁၈၈၅)ခုနှစ်၊စက်တင်ဘာ(၅)ရက်နေ့မှာတော့ ကနေဒါနိုင်ငံ Ontario ကိုရောက်ရှိလာတဲ့ ဂျမ်ဘို လေးဟာယင်းမှာရှိတဲ့ St.Thhomas မီးရထားလမ်းတလျှောက်လေ့ကျင့်ခန်းအ တွက်လမ်းလျှောက်ထွက်ချိန်မှာပဲမတော်တဆ ခြေချော်လဲကျမှုဖြစ်ပွားခဲ့ပါတယ်။ ယင်းဖြစ်စဉ်ကြောင့်သူနဲ့အတူပါလာတဲ့ဆင်ထိန်း Scott လည်းသေဆုံးခဲ့ရတဲ့အပြင်ဂျမ်ဘို ဟာ လည်း သူအစွယ်နဲ့ပြန်ထိုးမိခဲ့တာကြောင့် အခင်းဖြစ်ရာနေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။

တချိန်တည်းမှာပဲရောက်လာတဲ့မီးရထားကြောင့်လည်း ဂျမ်ဘို ရဲ့အသက်မဲ့ခန္ဓာကိုယ်ဟာ ထပ်မံအတိုက်ခံပြီးရုပ်ပျက်၊ဆင်းပျက်ဒဏ်ရာဖြစ်ခဲ့ရပြန်ပါတယ်။ သေဆုံးချိန်မှာတော့ဂျမ်ဘို လေးဟာအသက်(၂၄)နှစ်အရွယ်သာရှိသေးပါတယ်၊ ပုံမှန်ဆိုရင်အာဖရိက ဆင်တစ်ကောင်ရဲ့သက်တမ်းဟာ နှစ်(၆၀)ကနေ(၇၀)သက်တမ်းအကြားရှိနေတာကြောင့် ဂျမ်ဘို ဟာ အရွယ်မတိုင်ခင်မှာပဲကွယ်လွန်ခဲ့တယ်လို့ဆိုရပါမယ်။ ဂျမ်ဘို သေဆုံးရခြင်းနဲ့ပတ်သက်ပြီးကွဲပြားတဲ့ထင်မြင်ချက်များစွာရှိနေခဲ့ပြီး P.T.Barnum ကတော့ ဂျမ်ဘို ဟာ အခြားဆင်ငယ်လေးဖြစ်တဲ့ Tom Thumb ကိုရထားတိုက်မဲ့ဘေး ကနေကင်းလွတ်စေရန် ဝင်ရောက်တွန်းရာကနေ တိုက်မိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးခဲ့ပြီးဖြစ်တဲ့ ဂျမ်ဘို ရဲ့ခန္ဓာကိုယ်ကို ရွေ့ဖို့အတွက် ဆပ်ကပ်အဖွဲ့လုပ်သားတွေအပြင် လူ(၁၅၀)လောက်ကိုသုံးခဲ့ရပါတယ် ။ ဂျမ်ဘိုရဲ့ အစာအိမ်ထဲမှာတော့ အကြွေစေ့တွေ ၊ သော့တွေ နဲ့ ခရာတွေ တို့တွေ့ရှိခဲ့ကြပါတယ်။ သေဆုံးချိန်မှာ ဂျမ်ဘိုရဲ့ အရပ်မြင့်ဟာ ၁၀ပေ ၇ လက်မရှိကာ အလေးချိန်ကတော့ ၆တန်ကျော်နေပြီလို့ သိရပါတယ်။

ဂျမ်ဘို ရဲ့ပိုင်ရှင်ဖြစ်သူ Barnum ကတော့ အထိန်းအမှတ်အခမ်းအနားနဲ့မြှုပ်နှံမဲ့အစား၊ ဂျမ်ဘို ကိုအင်္ဂလန်ကဝယ်ယူစဉ်ကျသင့်ငွေအမေရိကန်ဒေါ်လာ(၁၀၀၀၀)ကိုကာမိစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျမ်ဘို ရဲ့အလောင်း ကောင်ကိုရုပ်လုံးသွင်းခဲ့ပါတယ်။ သူရုပ်လုံးသွင်းခဲ့တဲ့ ဂျမ်ဘို ရဲ့အရွယ်အစားဟာ(၁၃)ပေအထိမြင့်မားခဲ့ပြီး သူရဲ့ဆပ်ကပ်အဖွဲ့ထဲမှာပဲ (၁၈၈၉)ခုနှစ်အထိဆက်လက်ပြသခဲ့ပါတယ်။ အဖြစ် ကတော့ ဂျမ်ဘို အနေနဲ့သေဆုံးပြီးချိန်မှာတောင် ထပ်မံအခိုင်းခံရတဲ့ပုံစံမျိုးဖြစ်ခဲ့တာပါ၊ (၁၈၈၉)ခုနှစ်မှာတော့ စီးပွားရေးသမား Barnum ဟာ ဂျမ်ဘို ရဲ့ရုပ်လုံးသွင်းပုံကို Medford မှာရှိတဲ့ Tufts University ကိုလှူဒါန်းသွားခဲ့ပြီး သူရဲ့အရိုးစုတွေကိုတော့ နယူးယောက်မှာရှိတဲ့ အမေရိကန်အမျိုးသားသဘာဝသမိုင်းပြတိုက်ကိုလှူဒါန်းခဲ့ပါတယ်။

ယင်းကာလကနေစတင်ပြီး ဂျမ်ဘို ဟာငြိမ်းချမ်းစွာအနားရသွားခဲ့ပြီလို့ သူကိုအမှတ်ရသူအားလုံးကထင်မှတ်ခဲ့ကြပေမဲ့ (၁၉၇၅)ခုနှစ်မှာတော့ သူရဲ့ရုပ်လုံးသွင်းတည်ရှိရာ Tufts University ခန်းမဟာမီးလောင်ကျွမ်းခဲ့ပြီး ဂျမ်ဘို ရဲ့ရုပ်လုံးသွင်းရုပ်တုလည်းမီးထဲပါဝင်သွားခဲ့ပါတယ်။ ပြာပုံထဲကနေ ဂျမ်ဘို ရဲ့အမြီးပိုင်းအပါအဝင်အစိတ်အပိုင်းအနည်းငယ်ကိုသာပြန်လည်ရရှိခဲ့ပါတယ်။

ဂျမ်ဘို ဟာယနေ့အထိလည်း Tufts University ရဲ့လာဘ်ကောင်ရုပ်အဖြစ်တည်ရှိနေပြီး သူသေဆုံးခဲ့ရတဲ့ကနေဒါနိုင်ငံ Ontario က St. Thomas ရထားလမ်းအနီးမှာလည်း ဂျမ်ဘိုရဲ့အမှတ်တရရုပ်တုကိုတည်ဆောက်ထားရှိပါတယ်။ ဒါအပြင်အမေရိကန်ပြည်ထောင်စု၊ Massachusetts ပြည်နယ်အတွင်းက Barnum ပြတိုက်အတွင်းမှာဆိုရင်လည်း နာမည်ကျော်ဆပ်ကပ်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ဂျမ်ဘိုအတွက်အမှတ်တရပြခန်းတခုထားရှိပါတယ်။ဂျမ်ဘို အတွက်အမှတ်တရအဆောက်အအုံအားလုံးဟာဆိုရင်လည်း ကမ္ဘာ့ပထမဆုံးသော အထင်ရှားဆုံး ဖျော်ဖြေရေးသမားတစ်ယောက်လို့ဆိုရမဲ့ အာဖရိကဆင်ကြီး ဂျမ်ဘို ရဲ့ကြီးမြတ်တဲ့နှလုံးသားကိုဂုဏ်ပြုရာရောက်ပါတယ်။ သူရဲ့အချိန်အများစုဟာဆိုရင်လူသားတွေစိတ်အပန်းဖြေနိုင်ဖို့အတွက်သာပေးဆပ်ခဲ့ရပြီး သူကိုယ်တိုင်ကတော့ အနီးကပ်အနေနဲ့ ဆင်ထိန်း Scott ရဲ့ချစ်ခြင်းမေတ္တာတရားနဲ့ဆက်ဆံခြင်းကိုခံခဲ့ရရှာပါတယ်။

(Zawgyi)

တကယ်ရှိခဲ့တဲ့ ဆင်လိမ္မာကလေး ဂျမ်ဘို

ဂျမ်ဘို ဆိုတဲ့နာမည်ကို ယနေ့ထိတိုင် ထုတ်ကုန်အမျိုးမျိုးမှာ တံဆိပ်တပ်ရောင်းချလျှက်ရှိတာကြောင့်တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။ ဆင်တကောင်ရဲ့ နာမည်ဆိုတာ အားလုံးသိပြီးဖြစ်ပေမယ့် သူ့အကြောင်းကိုတော့ သိသူနည်းမယ်ထင်ပါတယ်။ မသိသေးတဲ့ သုတဇုန် မိတ်ဆွေများအတွက် တခေတ်တခါက အလွန်နာမည်ကြီးခဲ့တဲ့ ဆင်ကလေးဂျမ်ဘိုရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။

ဂျမ်ဘို ဟာ အာဖရိကဆင်အမျိုးအစားတစ်ကောင်ဖြစ်ပြီး စည်းကမ်းလိုက်နာမှုနဲ့ဉာဏ်ရည်ဉာဏ်သွေးမှာ တိရစ္ဆာန်တစ်ကောင်ထက်ပိုမိုသာလွန်ကြောင်းကိုသူရဲ့ လုပ်ဆောင်ချက်တွေကသက်သေပြလျက်ရှိပါတယ်။ ဂျမ်ဘို ဟာသူကိုမြင်တွေ့ခွင့်ရခဲ့တဲ့ကလေးသူငယ်တိုင်းကို ပျော်ရွှင်စရာအခိုက်အတန့်များစွာဖန်တီးပေးခဲ့ပါတယ်။

သူဟာလန်ဒန် နဲ့၊တောင်အမေရိကတိုက်တိရစ္ဆာန်ရုံတွေအတွင်းလှည့်လည်ကျက်စားခဲ့ကာ တိရစ္ဆာန်တစ်ကောင်ထက်များစွာသာလွန်တဲ့စွမ်းရည်တွေပြသကာလာရောက်သူအပေါင်းရဲ့အာရုံကိုစွဲဆောင် နိုင်စွမ်းကြီးလွန်းသူဖြစ်ခဲ့ပါတယ်။ တနည်းပြောရရင်တော့ ဂျမ်ဘိုဟာညတိရစ္ဆာန်တစ်ကောင်ဖြစ်ပေမဲ့ ကမ္ဘာကျော်ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဂျမ်ဘို ကိုစတင်တွေ့ရှိခဲ့သူတွေကတော့ အာရေဗီအမဲလိုက်သမားတွေဖြစ်ကြပြီး ဆူဒန် နဲ့ အီထရီးယားနယ်စပ် မြေပြန့်လွင်ပြင်တလျှောက်မှာရှိတဲ့စမ်းရေတွင်းတခုအတွင်းမှာ (၁၈၆၁) ခုနှစ်လောက်ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ စတင်တွေ့ရှိချိန်က အာဖရိကဆင်ရိုင်းလေးဖြစ်တဲ့ ဂျမ်ဘိုဟာဆိုရင်အသက်(၂)နှစ်သာရှိသေးပြီး ခြေစုံရပ်အမြင့် လက်မ(၄၀)အတိုင်းအတာ သာရှိခဲ့ပါတယ်။ ယင်းနောက်မှာတော့ ဂျမ်ဘို ဟာ တိရစ္ဆာန်စုဆောင်းရေးသမားတစ်ယောက်ဖြစ်တဲ့ Johann Schmidt ရဲ့ဝယ်ယူခြင်းကိုခံခဲ့ရပြီးပြင်သစ်နိုင်ငံပဲရစ်မှာရှိတဲ့ Jardin de Plantes တိရစ္ဆာန်ရုံကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

(၁၈၆၅)ခုနှစ်ရောက်ချိန်မှာတော့ လန်ဒန်တိရစ္ဆာန်ရုံကိုပို့ဆောင်ခြင်းခံခဲ့ရပြန်ပါတယ်။လန်ဒန်ကိုရောက်ချိန်မှာတော့ ဂျမ်ဘို လေး ဟာတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ Matthew Scott ရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့နိုင်ငံရဲ့ရတနာတပါးဖြစ်လာခဲ့ပါတော့တယ်။ ဂျမ်ဘို ရဲ့သူမတူတဲ့နာလည်မှုနဲ့ဉာဏ်ရည်သွေး ကြောင့်ပဲဖြစ်ပါတယ်။

အသက်(၇)နှစ်အရွယ်ရောက်ချိန်မှာပဲ ဂျမ်ဘို ဟာ နေ့စဉ်မြတ်ခြောက်ပေါင်(၂၀၀)၊အာလူးတစ်ပေပါ၊ဘေ့စ်ဆန် (၈)ဂါလုံဝင်ပုံး ၂ ပုံး၊ပေါင်မုန့်(၁၅)ချပ်၊လက်ဆွဲ ပုံးနဲ့ရေဂါလံများစွာကို သူရဲ့အစာအဖြစ်စားသုံးတဲ့အထိဖြစ်လာပါတယ်။ ဂျမ်ဘိုရဲ့အရပ်အမြင့်ကလည်း (၁၁)ပေ(၆)လက်မနဲ့ပေါင်(၁၃၀၀၀)အထိကိုအလေးချိန်ရှိလာခဲ့ပါတယ်။

တိရစ္ဆာန်ရုံကိုရောက်ရှိသူတိုင်းဟာ ဂျမ်ဘို ကိုချစ်ခင်ကြပြီး အထူးသဖြင့်ကလေးငယ်တွေအကြားမှာတော့ ဂျမ်ဘို ဟာ အလွန်ကိုရေးပန်းစားခဲ့ပါတယ်။ ဒီအတွက်လည်း ဆင်လိမ္မာလေး ဂျမ်ဘို ဟာဆိုရင် အံ့သြသင့်စရာပြကွက်များစွာ၊ကိုယ်အမူအယာပုံစံများစွာကိုပြသခဲ့ပြီး သာမန်တိရစ္ဆာန်တစ်ကောင်ထက်ပိုမိုတဲ့ ဉာဏ်ရည်ကိုပိုင်ဆိုင်ထားကြောင်းကို လည်း သက်သေပြနိုင်ခဲ့ပါတယ်။ ဂျမ်ဘို ဟာလန်ဒန်မှာ(၁၇)နှစ်ကြာအောင်လူထုရဲ့အချစ်တော်အဖြစ်ခံယူပြီးနောက်မှာတော့ အမေရိကန်ပြည်ထောင်စုက ပွဲစီစဉ်သူ(showman) တစ်ယောက်ဖြစ်တဲ့ P.T.Barnum ရဲ့ဝယ်ယူမှုကိုခံခဲ့ရပြီးသူရဲ့နောက်ထပ်လူသားတွေကိုဖျော်ဖြေရေးလမ်းကြောင်းသစ်တစ်ခုကိုစတင်ခဲ့ပါတော့တယ်။

ဒီအတွက်လည်း P.T.Barnum ဟာ လန်ဒန်တိရစ္ဆာန်ရုံရဲ့လက်ထောက်ညွှန်ကြားရေးမှူး Bartlett ငြင်းလို့မရနိုင်တဲ့ငွေပမာဏဖြစ်တဲ့ နဲ့ဝယ်ယူခဲ့တယ်လို့သိရပြီး အင်္ဂလန်ကလေးငယ်(၁)သိန်းလောက် ကတော့စာရေးသားကာ ဂျမ်ဘို ကိုရောင်းချခြင်းမျိုးမလုပ်ဖို့တောင်းဆိုခဲ့ကြတယ်လို့သိရပါ တယ်။ Bartlett ဟာ အမေရိကန်ပြည်ထောင်စုရဲ့နာမည်ကျော်ဆပ်ကအဖွဲ့ဖြစ်တဲ့ Barnum&Bailey Circus ကိုပိုင်ဆိုင်ထားတဲ့ P.T.Barnum ထံ ဆင်လိမ္မာလေး ဂျမ်ဘို ကိုအမေရိကန်ဒေါ်လာ(၁၀၀၀၀)နဲ့ရောင်းချပစ်ခဲ့တာပါ။ P.T.Barnum ဟာ ဂျမ်ဘို ကို လှောင်အိမ်ထဲထည့်ကာပြစားတဲ့ပုံစံမျိုးနဲ့ အမေရိကန်ဒေါ်လာ (၂၂၇ ၀၀၀)လောက်အထိကိုရှာဖွေစုဆောင်းနိုင်သွားခဲ့တာကြောင့် P.T.Barnum ရဲ့အကြံဟာမှန်ကန်ပြီး Bartlett ကတော့ တရားခံဖြစ်သွားခဲ့ပါတယ်။ ဂျမ်ဘို ဟာ(၁၈၈၂)ခုနှစ်နွေဦးမှာပဲ လန်ဒန်ကနေ အမေရိကန်ပြည်ထောင်စုကိုထွက်ခွာသွားခဲ့ပါတော့တယ်။

(၁၈၈၂)ခုနှစ်၊ဧပြီလ(၉)ရက်နေ့မှာတော့ ဂျမ်ဘို ဟာ နယူးယောက်မြို့တော်ကိုရောက်ရှိလာခဲ့ပြီး မြို့ခံလူထုရဲ့တခဲနက်ကြိုဆိုဂုဏ်ပြုခြင်းကိုခံခဲ့ရပါတယ်။ လူအုပ်ကြီးဟာ ဂျမ်ဘို ကိုထားရှိမဲ့ Hippodrome (ယခု Madison Square Garden) အထိလိုက်လံပို့ဆောင်ခဲ့ကြပြီး ယင်းနေရာမှာပဲ ဂျမ်ဘို ဟာလပေါင်းများစွာနေထိုင်ပြီး နေထိုင်စဉ်ကာလအတွင်းမှာလည်း သူရဲ့ချစ်ခင်ဖွယ်အမူအရာတွေကြောင့် နယူးယောက်မြို့သားတွေရဲ့အချစ်တော်ဖြစ်သွားခဲ့ပြန်ပါတယ်။ ယင်းနောက်မှာတော့ အမေရိကန်ပြည်ထောင်စုတခွင်ကို လှည့်လည်ပြီး ပိုင်ရှင်ဖြစ်သူ P.T.Barnum ရဲ့အလိုက်ရုံးသွင်းခံကာ ငွေရှာပေးခဲ့ရပါတယ်။ ခရီးမိုင်များစွာသွားရောက်ခဲ့ရပြီး ယင်းခရီးကြမ်းတွေကြောင့်ပဲ ဂျမ်ဘို လေးဟာတစတစ ကျန်းမာရေးယိုယွင်းလာပါတော့တယ်။

(၁၈၈၅)ခုနှစ်၊စက်တင်ဘာ(၅)ရက်နေ့မှာတော့ ကနေဒါနိုင်ငံ Ontario ကိုရောက်ရှိလာတဲ့ ဂျမ်ဘို လေးဟာယင်းမှာရှိတဲ့ St.Thhomas မီးရထားလမ်းတလျှောက်လေ့ကျင့်ခန်းအ တွက်လမ်းလျှောက်ထွက်ချိန်မှာပဲမတော်တဆ ခြေချော်လဲကျမှုဖြစ်ပွားခဲ့ပါတယ်။ ယင်းဖြစ်စဉ်ကြောင့်သူနဲ့အတူပါလာတဲ့ဆင်ထိန်း Scott လည်းသေဆုံးခဲ့ရတဲ့အပြင်ဂျမ်ဘို ဟာ လည်း သူအစွယ်နဲ့ပြန်ထိုးမိခဲ့တာကြောင့် အခင်းဖြစ်ရာနေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။

တချိန်တည်းမှာပဲရောက်လာတဲ့မီးရထားကြောင့်လည်း ဂျမ်ဘို ရဲ့အသက်မဲ့ခန္ဓာကိုယ်ဟာ ထပ်မံအတိုက်ခံပြီးရုပ်ပျက်၊ဆင်းပျက်ဒဏ်ရာဖြစ်ခဲ့ရပြန်ပါတယ်။ သေဆုံးချိန်မှာတော့ဂျမ်ဘို လေးဟာအသက်(၂၄)နှစ်အရွယ်သာရှိသေးပါတယ်၊ ပုံမှန်ဆိုရင်အာဖရိက ဆင်တစ်ကောင်ရဲ့သက်တမ်းဟာ နှစ်(၆၀)ကနေ(၇၀)သက်တမ်းအကြားရှိနေတာကြောင့် ဂျမ်ဘို ဟာ အရွယ်မတိုင်ခင်မှာပဲကွယ်လွန်ခဲ့တယ်လို့ဆိုရပါမယ်။ ဂျမ်ဘို သေဆုံးရခြင်းနဲ့ပတ်သက်ပြီးကွဲပြားတဲ့ထင်မြင်ချက်များစွာရှိနေခဲ့ပြီး P.T.Barnum ကတော့ ဂျမ်ဘို ဟာ အခြားဆင်ငယ်လေးဖြစ်တဲ့ Tom Thumb ကိုရထားတိုက်မဲ့ဘေး ကနေကင်းလွတ်စေရန် ဝင်ရောက်တွန်းရာကနေ တိုက်မိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးခဲ့ပြီးဖြစ်တဲ့ ဂျမ်ဘို ရဲ့ခန္ဓာကိုယ်ကို ရွေ့ဖို့အတွက် ဆပ်ကပ်အဖွဲ့လုပ်သားတွေအပြင် လူ(၁၅၀)လောက်ကိုသုံးခဲ့ရပါတယ် ။ ဂျမ်ဘိုရဲ့ အစာအိမ်ထဲမှာတော့ အကြွေစေ့တွေ ၊ သော့တွေ နဲ့ ခရာတွေ တို့တွေ့ရှိခဲ့ကြပါတယ်။ သေဆုံးချိန်မှာ ဂျမ်ဘိုရဲ့ အရပ်မြင့်ဟာ ၁၀ပေ ၇ လက်မရှိကာ အလေးချိန်ကတော့ ၆တန်ကျော်နေပြီလို့ သိရပါတယ်။

ဂျမ်ဘို ရဲ့ပိုင်ရှင်ဖြစ်သူ Barnum ကတော့ အထိန်းအမှတ်အခမ်းအနားနဲ့မြှုပ်နှံမဲ့အစား၊ ဂျမ်ဘို ကိုအင်္ဂလန်ကဝယ်ယူစဉ်ကျသင့်ငွေအမေရိကန်ဒေါ်လာ(၁၀၀၀၀)ကိုကာမိစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျမ်ဘို ရဲ့အလောင်း ကောင်ကိုရုပ်လုံးသွင်းခဲ့ပါတယ်။ သူရုပ်လုံးသွင်းခဲ့တဲ့ ဂျမ်ဘို ရဲ့အရွယ်အစားဟာ(၁၃)ပေအထိမြင့်မားခဲ့ပြီး သူရဲ့ဆပ်ကပ်အဖွဲ့ထဲမှာပဲ (၁၈၈၉)ခုနှစ်အထိဆက်လက်ပြသခဲ့ပါတယ်။ အဖြစ် ကတော့ ဂျမ်ဘို အနေနဲ့သေဆုံးပြီးချိန်မှာတောင် ထပ်မံအခိုင်းခံရတဲ့ပုံစံမျိုးဖြစ်ခဲ့တာပါ၊ (၁၈၈၉)ခုနှစ်မှာတော့ စီးပွားရေးသမား Barnum ဟာ ဂျမ်ဘို ရဲ့ရုပ်လုံးသွင်းပုံကို Medford မှာရှိတဲ့ Tufts University ကိုလှူဒါန်းသွားခဲ့ပြီး သူရဲ့အရိုးစုတွေကိုတော့ နယူးယောက်မှာရှိတဲ့ အမေရိကန်အမျိုးသားသဘာဝသမိုင်းပြတိုက်ကိုလှူဒါန်းခဲ့ပါတယ်။

ယင်းကာလကနေစတင်ပြီး ဂျမ်ဘို ဟာငြိမ်းချမ်းစွာအနားရသွားခဲ့ပြီလို့ သူကိုအမှတ်ရသူအားလုံးကထင်မှတ်ခဲ့ကြပေမဲ့ (၁၉၇၅)ခုနှစ်မှာတော့ သူရဲ့ရုပ်လုံးသွင်းတည်ရှိရာ Tufts University ခန်းမဟာမီးလောင်ကျွမ်းခဲ့ပြီး ဂျမ်ဘို ရဲ့ရုပ်လုံးသွင်းရုပ်တုလည်းမီးထဲပါဝင်သွားခဲ့ပါတယ်။ ပြာပုံထဲကနေ ဂျမ်ဘို ရဲ့အမြီးပိုင်းအပါအဝင်အစိတ်အပိုင်းအနည်းငယ်ကိုသာပြန်လည်ရရှိခဲ့ပါတယ်။

ဂျမ်ဘို ဟာယနေ့အထိလည်း Tufts University ရဲ့လာဘ်ကောင်ရုပ်အဖြစ်တည်ရှိနေပြီး သူသေဆုံးခဲ့ရတဲ့ကနေဒါနိုင်ငံ Ontario က St. Thomas ရထားလမ်းအနီးမှာလည်း ဂျမ်ဘိုရဲ့အမှတ်တရရုပ်တုကိုတည်ဆောက်ထားရှိပါတယ်။ ဒါအပြင်အမေရိကန်ပြည်ထောင်စု၊ Massachusetts ပြည်နယ်အတွင်းက Barnum ပြတိုက်အတွင်းမှာဆိုရင်လည်း နာမည်ကျော်ဆပ်ကပ်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ဂျမ်ဘိုအတွက်အမှတ်တရပြခန်းတခုထားရှိပါတယ်။

ဂျမ်ဘို အတွက်အမှတ်တရအဆောက်အအုံအားလုံးဟာဆိုရင်လည်း ကမ္ဘာ့ပထမဆုံးသော အထင်ရှားဆုံး ဖျော်ဖြေရေးသမားတစ်ယောက်လို့ဆိုရမဲ့ အာဖရိကဆင်ကြီး ဂျမ်ဘို ရဲ့ကြီးမြတ်တဲ့နှလုံးသားကိုဂုဏ်ပြုရာရောက်ပါတယ်။ သူရဲ့အချိန်အများစုဟာဆိုရင်လူသားတွေစိတ်အပန်းဖြေနိုင်ဖို့အတွက်သာပေးဆပ်ခဲ့ရပြီး သူကိုယ်တိုင်ကတော့ အနီးကပ်အနေနဲ့ ဆင်ထိန်း Scott ရဲ့ချစ်ခြင်းမေတ္တာတရားနဲ့ဆက်ဆံခြင်းကိုခံခဲ့ရရှာပါတယ်။