Celebrities

ပထမဆုံးအနေနဲ့ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ ရွှေအိမ်စည်

သွက်လက်ပွင့်လင်းတဲ့မော်ဒယ်လ်၊မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားသူတစ်ယောက်ပါ။ မြန်မာ့ကိုယ်စားပြုအလှမယ်အဖြစ်နဲ့ နိုင်ငံရပ်ခြားမှာပြိုင်ပွဲတွေသွားရောက်ခဲ့ဖူးသလို အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ရွှေအိမ်စည်ကတော့ အမိုက်စားမော်ဒယ်လ်တစ်ယောက်အနေနဲ့လည်း လူသိများပြီး အချိုးအစားကျနတဲ့ကိုယ်ခန္ဓာအလှကြောင့်လည်း ပုရိသတွေဝန်းရံခြင်းခံရသူလေးပါ။ ရုပ်ရှင်ဇာတ်ကားတွေမှာသရုပ်ဆောင်လာပြီဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ခပ်မိုက်မိုက်ကာရိုက်တာတွေနဲ့လည်း ပရိသတ်ကိုဖမ်းစားနိုင်တာတွေ့ရပါတယ်။ အနုပညာအရည်အချင်းတွေပိုင်ဆိုင်ထားတဲ့ ရွှေအိမ်စည်ကတော့ အခုဆိုရင်အဆိုပိုင်းမှာလည်း ခြေလှမ်းအသစ်တွေလှမ်းလာခဲ့ပြီလို့ ဆိုရမှာပါ။

ရွှေအိမ်စည်ကတော့ ပထမဆုံးသီချင်းအသစ်လေးထွက်ရှိလာတော့မယ့်အကြောင်းကို ပရိသတ်တွေကိုအသိပေးလာခဲ့ပါပြီ။ ဒီသီချင်းလေးကိုတေ့ာ အဆိုတော်၊တေးရေးတစ်ယောက်ဖြစ်တဲ့ ဟဲလေးကရေးပေးထားတယ်လို့လည်း သိရပါတယ်။ ရင်ခုန်နေပြီမဟုတ်လား ပရိသတ်ကြီးရေ…
Source : ShweEainSi
#credit cele gabar