Celebrities

ယုန်လေးအတွက် အဆိုးဆုံးမျှော်လင့်ပြီးဆုတောင်းပေးခဲ့ပေမယ့် ရလာတဲ့ပြစ်ဒဏ်ကို စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ နွေးနွေးချစ်ဖွယ်

ယုန်လေးကိုတော့ လွန်ခဲ့တဲ့ရက်ပိုင်းကတင်ခဲ့တဲ့ စည်းရုံးရေးသီချင်းဗွီဒီယိုကြောင့် အနုပညာလှုပ်ရှားခွင့် တစ်နှစ်ပိတ်လိုက်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဌဦးညီညီထွန်းလွင်က ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။ မထင်မှတ်ထားလောက်အောင် ဂယက်ရိုက်ခဲ့တဲ့ ဒီသီချင်းဗွီဒီယိုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့သဘောထားကွဲလွဲမှုပြဿနာတွေကို ယုန်လေးကတော့ Fb live လွှင့်ပြီးသာမက မီဒီယာတွေမှာ တောင်းပန်စကားဆိုခဲ့ပေမယ့် ရုပ်ရှင်အစည်းအရုံးရဲ့ ဒီနေ့မနက်အစည်းအဝေးအပြီးမှာတော့ အနုပညာရှင်လှုပ်ရှားခွင့်ပိတ်လိုက်တာပဲ ဖြစ်ပါတယ်။

အခုလိုဒုက္ခရောက်ချိန်မှာ အကောင်းဆုံးအားပေးခဲ့တဲ့သူငယ်ချင်းဖြစ်သူ နွေးနွေးချစ်ဖွယ်ကတော့ ယုန်လေးကို အနုပညာလှုပ်ရှားခွင့်တစ်နှစ်ပိတ်ပင်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ” မနေ့ညက ကို Yone Lay နဲ့ နွေးတို့ အနုပညာညီကိုယ်မောင်နှမတွေအများကြီးနဲ့ တွေ့ပြီး အားပေးစကားပြောခဲ့ကြတယ်… အဆိုး ဆုံးအခြေအနေကို ကြိုတွက်ပြီး မေတ္တာပို့ ဆုတောင်းပေးကြတယ် ခုပြစ်ဒဏ် အတွက် စိတ်မကောင်းဘူး ” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။

နွေးနွေးချစ်ဖွယ်နဲ့ယုန်လေးကတော့ ဟိုးအရင်အချိန်ကတည်းက အမြဲတွဲမြင်နေရတဲ့ သူငယ်ချင်းတွေဖြစ်သလို ယုန်လေးဒုက္ခရောက်နေချိန်မှာလည်း ဘေးကအကောင်းဆုံးရပ်တည်ပေးခဲ့ပြီး ဒီနေ့မှာတော့ ယုန်လေးရရှိခဲ့တဲ့ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Source – Nway Nway Chit Phwal
Rainbow- Cele Gabar

#credit cele gabar