Celebrities

မာလာရှမ်းကောရောင်းရတဲ့ အမြတ်ငွေတွေကို အဘိုးအဘွားတွေအတွက် လှူဒါန်းပေးခဲ့တဲ့ နန်းခင်ဇေယျာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မော်ဒယ်လ်သရုပ်ဆောင် နန်းခင်ဇေယျာကတော့ လတ်တလောမှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ မာလာရှမ်းကော ရောင်းရာကနေ ရရှိလာတဲ့ အကျိုးအမြတ်ငွေလေးတွေကို မန္တလေးမှာရှိတဲ့ သက်ကြီးရွယ်အို အဘိုးအဘွား (၁၀) ယောက်အတွက် နန်းခင်ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ပါသည်။
နန်းခင်ဇေယျာကတော့ ကိုယ်ပိုင်စီပွားရေးလေးတစ်ခုအနေနဲ့ မာလာရှမ်းကောရောင်းနေခဲ့တာဖြစ်ပြီး ရောင်းလို့ရတဲ့ အမြတ်ငွေတွေကိုစုကာ အခုလို စားဝတ်နေရေးအခက်အခဲနဲ့ ကြုံတွေ့နေရပြီး အကူအညီတကယ်လိုအပ်နေတဲ့ အဘိုးအဘွားတွေအတွက် ဆန်၊ ဆီ၊ ထမင်းဘူးနဲ့ အလှူငွေတွေကို နန်းခင်ဇေယျာက ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
နန်းခင်ကအခုလှူဒါန်းတဲ့ အလှူလေးက မာလာရှမ်းကောရောင်းရတဲ့အမြတ်ငွေတွေဖြစ်တာကြောင့် မာလာရှမ်းကောကို ဝယ်ယူအားပေးကြတဲ့ Customers တစ်ယောက်ချင်းစီရဲ့ အလှူဖြစ်တာမို့ အားလုံးလည်း ကောင်းမှုကုသိုလ်များ ရကြပါစေလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှူလေးကိုမျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ
#credit cele zone