Celebrities

ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ မြင့်မြတ်နဲ့ သားလေးမြတ်သူ

ပရိသတ်ကြီးရေ ဒီနေ့သြဂုတ်လ(၇) ရက်နေ့လေးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်နဲ့ သားလေး မြတ်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ အချိန်တိုအတွင်းမှာ ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့ မင်းသားတစ်လက်အဖြစ် ရပ်တည်လာနိုင်ခဲ့သူဖြစ်ပြီး အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။

အချစ်၊ အလွမ်း၊ အကြမ်း၊ ဟာသ ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့မြင့်မြတ်ကတော့ ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားသလို ချစ်ဖို့ကောင်းတဲ့ ဇနီးလေး၊ သားလေးမြတ်သူနဲ့ ပျော်ရွှင်ဖွယ်ဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ ကြုံတောင့်ကြုံခဲမွေးနေ့ရက်ခြင်းတူတဲ့ ဖေဖေမြင့်မြတ်နဲ့သားလေးမြတ်သူရဲ့မွေးနေ့ရက်မြတ်လေးကိုတော့ မွေးနေ့မနက်အစ(၁၂)နာရီတိတိမှာ ချစ်ရတဲ့မိသားစုနဲ့အတူ မွေးနေ့ကိတ်လေးခွဲရင်း စတင်ခဲ့ပါတယ် ပရိသတ်ကြီးရေ…


ဒုတိယရင်သွေးလေးလည်း ပိုင်ဆိုင်တော့မှာဖြစ်တဲ့ ဖေဖေမြင့်မြတ်တစ်ယောက် ဒီနေ့မွေးနေ့လေးကစပြီး ဒီထက်မကပျော်ရွှင်စရာတွေကြုံတွေ့ရပြီး လာမယ့်အကယ်ဒမီပေးပွဲကြီးမှာလည်း ရုပ်ရှင်ထူးချွန်ဆုတွေ ထပ်မံပိုင်ဆိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source – Myat Wai Tun
Rainbow- Cele Gabar

#credit cele gabar