လူစီးမော်တော်ယာဉ်များအတွက် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားများ ဖြေလျှော့သတ်မှတ်ကြောင်း အသိပေးကြေညာခြင်း…
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနသည် COVID-19 ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှုများကို ကုစားသည့်အနေဖြင့်
လူစီးမော်တော် ယာဉ်များအတွက် မူလတန်ဖိုး(FOB)အပေါ် ကောက်ခံလျက်ရှိသည့် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားများကို ၇-၈-၂၀၂၀ ရက်(သောကြာနေ့)မှ စတင်၍
အောက်ပါနှုန်းထားများအတိုင်း လျှော့ချ ကောက်ခံမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
လူစီးယာဉ် အမျိုးအစား လက်ရှိ ကောက်ခံသည့်နှုန်း၊ လျှော့ချ ကောက်ခံသည့်နှုန်းများမှာ…
(က) စက်စွမ်းအား ၁၃၅၀ စီစီ နှင့် အောက် ၃၀ % မှ ၁၅ %
(ခ) စက်စွမ်းအား ၁၃၅၁ စီစီ မှ ၂၀၀၀ စီစီ အထိ ၅၀ % မှ ၂၅ %
(ဂ) စက်စွမ်းအား ၂၀၀၁ စီစီ မှ ၅၀၀၀ စီစီ အထိ ၈၀ % မှ ၄၀ %
(ဃ) စက်စွမ်းအား ၅၀၀၁ စီစီနှင့် အထက် ၁၂၀ % မှ ၆၀ %
(ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး)
အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်-
(က) ညွှန်ကြားရေးမှူး(မော်တော်ယာဉ်မှတ်ပုံတင်ဌာန) – ၀၆၇-၃၄၀၅၁၄၂
(ခ) ဒုတိယညွှန်ကြားရေးမှူး(မော်တော်ယာဉ်မှတ်ပုံတင်ဌာန) – ၀၆၇-၃၄၀၅၀၃၈
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန
unicode

#credit