Celebrities

ရွေးကောက်ပွဲအတွက် နိုင်ငံတော်အတိုင်ပင်ခံ အသုံးပြုမည့် ဖေ့စ်ဘွတ် စာမျက်နှာသစ် စတင်ပြီဖြစ်ကြောင်း ပြည်သူများအားအသိပေး

ယခုလဆန်းက စ၍ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေများ အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန် များကို ပြန်လည် ထမ်း ဆောင်နေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် Facebook page တစ်ခု ဖွင့်ရန် စီစဉ်နေကြောင်းနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ဇူလိုင်လ ၂၄ ရက် တွင် Aung San Suu Kyi အကောင့်၌ အသိပေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုမည့် လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာသည် သြဂုတ်လ ၅ ရက် တွင် စတင်နှုတ်ဆက်သည့် ပို့စ်နှင့် အတူ စတင်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။“Chair NLD Facebook စာမျက်နှာအဖွင့်အနေနဲ့ ကျေးဇူးတင်စကားနဲ့ စချင်ပါတယ်လို့ နူတ်ခွန်းဆက် ပြောကြားလိုက်ပါတယ်။

မနေ့က သန်လျင်ခရိုင်အုပ်ချုပ်ရေးရုံးကို သွားပြီး ကော့မှူးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအဖြစ် နာမည် သွားသွင်းခဲ့ပါတယ်။ရုံးအဝင်ဝမှာ အဖွဲ့ချုပ်ကိုထောက်ခံတဲ့ ပြည်သူတွေက ကျွန်မကို “ကျန်းမာပါစေ” လို့ ဆုတောင်းပြီး ထောက်ခံ အား ပေးပါတယ်။“ကျန်းမာပါစေ” ဆိုတဲ့ စကားလေး(၄)လုံးအတွက် ကျေးဇူးတင်ကြောင်းပြောချင်တာပါ။

တစ်ချိန် တည်းမှာပဲ ပြည်သူတွေ ကျန်းမာအောင်နေပါလို့ မေတ္တာရပ်ခံချင်ပါတယ်။လူစုလူဝေးလိုပုံဖြစ်ရင် ကျွန်မက စိုးရိမ်မိတယ်။ ကျွန်မ တို့ပြည်သူတွေ ကျန်းမာမှ နိုင်ငံတောင့် တင်းမှာပါ” ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

ကျန်းမာပါစေ ဆိုသော စကားလေးများ မိမိအတွက် အဘယ့်ကြောင့် အဓိပ္ပာယ် လေးနက်သည် ဆိုခြင်း ကို မနက်ဖြန် ပြောမည် ဖြစ် ကြောင်း၊ ယနေ့ အတွက် ကျန်းမာရန် ကြိုးစားနေကြောင်း၊ဆုတောင်း မေတ္တာ ပို့ပေးသော ပြည်သူများကလည်း ကျန်းမာအောင် နေကြရန် မေတ္တာ တုံ့ပြန်ရင်း တိုက်တွန်းလိုက်ကြောင်း ထည့်သွင်းရေးသားထားသည်။

#credit