Celebrities

ယောက်မနဲ့ အစ်ကိုကြီးက လိုငွေစိုက်ပြီး ဝယ်ပေးတာကြောင့် လိုချင်တာလေး ပိုင်ဆိုင်ခဲ့တဲ့ ချယ်ရီသင်း

အချစ်ဟာလိုက်လို့ ပြေးတာလား ပြေးလို့လိုက်တာလား ဆိုတဲ့သီချင်းလေးနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိလာခဲ့တဲ့ ချယ်ရီသင်းကတော့ အခုလတ်တလောမှာလည်း ပရိသတ်တွေအကြိုက်တွေ့စေမယ့် သီချင်းကောင်းတွေ ဆက်တိုက်ချပြနေသူပါ။ လူသိများလာပြီးနောက်ပိုင်းမှာ ပွဲတွေလည်းဆက်တိုက်ဖျော်ဖြေနေရတဲ့ ချယ်ချယ်ကတော့ ဒီနေ့မှာ ကားတစ်စီးဝယ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့ပါတယ်။

ဒါပေမယ့် သူ့ကိုယ်ပိုင်ပိုက်ဆံအပြည့်နဲ့ ဝယ်နိုင်ခဲ့တာ မဟုတ်တဲ့အကြောင်းကို ” ချယ်ချယ်ကားဝယ်လိုက်ပါပြီ…. အကြွား post မဟုတ်ပါ စာဖတ်ပေးစေလိုပါသည်…. ဒီလိုပါချယ်ပွဲတွေဆိုပြီး ရတဲ့အနုပညာကြေးအချို့ကို ချယ်သီချင်းတွေလုပ်ပြီး တချို့လှူ ပြီး တချိူ့ကိုစုထားလိုက်တယ်….. အဲ့ဒါနဲ့စုထားတဲ့ငွေကလည်းသိန်း(၁၀၀)တည်း ကားဝယ်ဖို့လည်းမမှီ ဘာမှလည်းလုပ်မရနဲ့မို့…. ယောင်းမနဲ့အကိုကြီးကို ကိုကြီးတို့လိုရင်ယူသုံးဆိုပြီးပေးသုံးခဲ့လိုက်တာ….. ကိုကြီးက ကားလိုနေတဲ့ကိုယ့်ကိုသိပြီး…. ကိုယ်စုထားတဲ့သိန်း(၁၀၀)နဲ့ကျန်တဲ့ပိုက်ဆံတွေအကုန်….. သူတို့စိုက်ပြီးဝယ်ပေးခဲ့တယ်…. ချယ်တို့မိသားစုကအရမ်းကြီးရှိလှတယ် မဟုတ်ပေမယ့် ရှိတာနဲ့မိသားစုပျော်ပျော်ရွှင်ရွှင်မျှဝေသုံးစွဲလေ့ရှိပါတယ်…. ဖေဖေကမဆုံးခင်တည်းက အဖေက သားသမီးတွေကိုစည်းလုံးတာပဲ မြင်ချင်တာ စံပြမိသားစုအဖြစ်မြင်ချင်တာလို့ခဏ ခဏပြောဖူးတယ်

မိသားစုတစုမှာ စည်းလုံးမှု အပြန်အလှန် အကြီးအငယ် Respect ထား ရမယ်ဆိုတဲ့စကားကို…. ချယ်တို့ငယ်ငယ်တည်းကခေါင်းထဲရိုက်သွင်းခဲ့တော့…. အခုအချိန်ထိပြန်ပြီး တစ်ယောက်နဲ့တစ်ယောက်ပြန်ပြောတာ အော်တာ ဆဲတာမရှိခဲ့ဘူး… အခုလည်း အကိုကြီးက အိမ်ထောင်ကျသွားပေမယ့် အကြီးပီသစွ ာအကိုကြီး အဖရာ သူ့ညီမကိုကားဝယ်ပေးသတဲ့… မောင်နှမချင်းချစ်ကြပါ လေးစားကြပါ…. ရှိတုန်း တန်ဖိုးထားချစ်ပေးကြပါမိသားစုဆိုတာ…. စကားလုံးသုံးလုံးတည်းပေမဲ့ ချယ့်အတွက် ဘဝပြီးတော့ ကမ္ဘာတစ်ခုပါပဲ…. အခုလိုစိတ်တွေရိုက်သွင်းပေးခဲ့တဲ့ ဖေဖေနဲ့မေမေကိုကျေးဇူးတင်ပါတယ် ဖေဖေသာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ

မိသားစုကို တန်ဖိုးထားချစ်ခင်ပေးကြပါနော် ” ဆိုပြီး ကားသစ်လေးကို အစ်ကိုကြီးကြောင့် ပိုင်ဆိုင်ခဲ့ရကြောင်း မျှဝေခဲ့ပါတယ်။ အိမ်ထောင်ကွဲဖြစ်ပေမယ့် မိဘတွေရဲ့ဆုံးမစကားကို နားထောင်ပြီး ချယ်ချယ်လိုချင်နေတဲ့အရာလေးကို ဖြည့်ဆည်းပေးခဲ့တဲ့ ချယ်ချယ့် အစ်ကိုရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပဲ မဟုတ်လား ပရိသတ်ကြီးရေ…

#credit cele gabar