Astrology

(၇) ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း (6.8.2020 မှ 12.8.2020 အထိ)

6.8.2020 မှ 12.8.2020 အထိ ၇ ရက်သားသမီး တစ်ပတ် စာဟောစာတမ်း

တနေဂၤျႏ

ဒီကာလအတွင်းကိုယ်ပိုင်အရည်အသွေးများ ထက်မြက် နေမည်။ မည်သည့်လုပ်ငန်းကို ဆောင်ရွက်စေ၊ သူတစ်ပါးထက် သာအောင် လုပ်ကိုင်နိုင်စွမ်းရှိမည်။ တစ်ပြိုင်နက်တည်း အလုပ်နှစ်ခုမှ အထက်သို့ ကိုင်တွယ် လုပ်ကိုင်နေရမည်။

ယုံကြည်ကိုးစား၊ အလေးထားခြင်း ခံရမည်။ လုပ်ငန်းသစ် ကို အောင်မြင်အောင် ဆောင်ရွက် နိုင်သည်။ကိုယ်တိုင်က ကျန်းမာရေးကောင်းပေမယ့် မိသားစုဝင်များ တစ်ဦးပြီးတစ်ဦး ကျန်းမာရေးချူချာမည်။

သူတစ်ပါးကြောင့် ရပ်တန့် ထားသည့်အလုပ် အစီအစဉ် များ ပြန်လည်ဆောင်ရွက် အဆင်ပြေမည်။ အလှူမင်္ဂလာ ကိစ္စများ ပါဝင်ပတ်သက် ရမည်။ အနှောက်အယှက်အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်မည်။

အခါ တိုင်းတွင်ရန်ဘက်သဖွယ်ဆက်ဆံနေသော သူများနှင့်ပင်ပြေလည်စွာဆက်ဆံနိုင်မည်။ လုပ်ငန်းတိုးတတ်မည်။ ဝင်ငွေ တိုးပွားမည်။ သေချာပေါက် အောင်မြင်ရမည်ဟု မှန်းထားသောလုပ်ငန်းအချို့ ဖြည်းဖြည်းပဲတိုးတတ်မည်။

ဤမျှ လောက်သာ ငွေကုန်မည်ဟု သက်မှတ်ပြီး လုပ်သောကိစ္စများ အတောမသက် ဒရဟော ငွေများကုန်ကျနေမည်။ အိမ်ထောင်ရေး စိတ်ချမ်းသာစရာများပါတယ်။ အချစ်ရေးအတွက်ကတော့ ပူပန်စရာများပါတယ်။

ချစ်သူက အရင်ကလောက်ကိုယ့် အပေါ်အလေးထား ဆက်ဆံမှုလျော့နည်းလာပါတယ်။ပညာရေး သင့်ရုံပဲကောင်းပါတယ်

အကျိုးပေးဂဏန်း ၁/၆/၂ အထူးဟော ကံမြင့်မားနေမည်။ ယတြာ ပုစွန်ကြော်ဘုရားကပ်လှူပါ။

တနလၤာ

ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ရှေ့တိုးလုပ်ကိုင်မှုများမှ အောင်မြင်မှုများရရှိမည်။ ရုတ်တရက် ဖြစ်ပေါ်လာသော ပြဿနာ များကို ခေါင်းအေးအေးနှင့်ဖြေရှင်းကာ အညံ့များကင်းစင်သွားမည်။ ငွေကြေးကိစ္စ စကားပြောဆိုမှုများ အောင်မြင်မည်။

အမျိုးသမီးမိတ်ဆွေတစ်ဦးထံမှ အကူအညီများရရှိမည်။ လိမ်ညာလှည့်ဖြားသောလူမျိုးကွဲများ ကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်နေရမည်။ ခရီးသွား၍ အကျိုးရှိမည်။ သူတစ်ပါးအပေါ် လွန်ကဲစွာကူညီ တတ်ခြင်းကြောင့် ဒုက္ခတွေ့တတ်သည်။

သူတစ်ပါးနှင့်ယှဉ်ပြိုင်၍လုပ်သောကိစ္စများတွင် ကိုယ်ပြောသမျှ အဆင်ပြေ ခြင်း၊ အကျိုးပေးခြင်း များရှိမည်။ အလုပ်တိုးတတ်ခြင်း၊ ဝင်ငွေစီးပွားတိုးပွားခြင်းတို့ကိုလည်း ကြုံမည်။ လုပ်ရိုးလုပ် စဉ် မဟုတ်သည့်ကိစ္စများကို ထွန်းပေါက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းရှိမည်။

ရုတ်တရက်ဆုံးဖြတ်၍ အချိန် မဆွဲဘဲ ယတိပြတ်ဆောင်ရွက် သောကိစ္စများမှ ခိုင်မာသောအကျိုးဆက်များ ဖြစ်ပေါ်မည်။ ပညာရေးတွင် ကျန်းမာ ရေးကြောင့်အဆင်မပြေမှုများ တွေ့ကြုံရတတ်ပါသည်။ ထီပေါက်ကိန်းရှိ၍ ထီထိုးပါ။

ကျန်းမာရေးကတော့ ဝမ်းဗိုက် ဒုက္ခပေးတတ်ပါသည်။အိမ်ထောင်ရေးအဆင်ပြေသာယာနေတတ်ပါတယ်။ အချစ်ရေးမှာတော့ စန်းပွင့်နေ တတ်ပါ တယ်။ ချစ်သူသစ်ရလွယ်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၃/ဝ/၉ အထူးဟော စုတ်၊လာဘ်ဝင်ပါလိမ့်မည်။ ယတြာ ငါးသေတ္တာဟင်းနဲ့ ဘုရားရှင်အားဆွမ်းကပ်ပါ။

အဂၤါ

ဒီကာလအတွင်းရပိုင်ခွင့် ဟောင်းများ ပြန်လည်ရရှိမည်။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ပြီးမှ အလိုရှိရာပြည့်စုံ မည်။ အလွယ်တကူရခြင်း၊ ဖြစ်ခြင်းမရှိ၊ အနှောက်အယှက်ပေးသူများနှင့် တွေ့မည်။ ငွေကြေးနှင့်ပတ်သက်၍ တစ်ပါးသူအပေါ်ယုံစားခြင်း မပြုသင့်ပေ။

ကိုယ့်ကို အသုံးချ၊ ခုတုံးလုပ်၊ တတ်လမ်းရှာသူများနှင့် ကြုံတွေ့ရမည်။ အနီးကပ်အတူတွဲလုပ်သူများ သစ္စာမဲ့မှုကြောင့် စိတ်အနှောက်အယှက်ဖြစ်စရာမျာ ကြုံမည်။ ပြဿနာဟောင်းများကို ပြေလည်အောင် ဖြေရှင်းနိုင်မည်။

သူတစ်ပါးစကားကို နားမယောင်၊ အများသူငါလုပ်သော လမ်းကြောင်းမှ ခွဲ၍ ကိုယ်ပိုင်သုံးသပ်ချက်နှင့် ဆုံးဖြတ်လုပ်ကိုင်သော လုပ်ငန်းများ အဆင့်မြင့်အောင်မြင်မှုများ ရရှိမည်။ ရင်းနှီးသူများနှင့် စကားများရမည်။ ရန်လိုသူများနှင့် ထိပ်တိုက် ရင်ဆိုင်ရမည်။

အပြောင်းအလဲကိစ္စနှင့် ခရီးကိစ္စများကို ဆောင်ရွက်ရန် အခါကောင်းကျရောက်သည်။ တစ်ပါးသူကိစ္စအပေါ် လိုက်လံ ကူညီဆောင်ရွက်ပေးရင်း လူမုန်းခံရခြင်း၊ ရန်ရှာခြင်း၊ ပဋိပက္ခဖြစ်ခြင်း ကြုံမည်။

ကျန်းမာရေး ရောဂါနာမည်တပ်မရပေမယ့် တရှောင်ရှောင်နဲ့ နေထိုင်မကောင်းသလိုဖြစ် နေတတ်ပါတယ်။ အိမ်ထောင်ရေး အညံ့အဆိုးမရှိပါဘူး။ အချစ်ရေးမှာတော့ မိမိကိုယ်တိုင်က အသစ်ဆိုတာမျိုးကို ပိုလိုလားနေတတ်ပါတယ်။ပညာရေးအထူးကောင်းပါတယ်။

အကျိုးပေးဂဏန်း ၁/၄/၈ အထူးဟော ကျန်းမာရေးအားနည်းယုတ်လျော့နေတတ်ပါတယ်။ ယတြာ မီးချောင်းအကျွမ်းတွေ၊ မီးကြိုးအပြတ်တွေ၊အားသွင်းကြိုးအစုတ်တွေ ရှိရင်စွန့်ပစ်လိုက်ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတွင်း နေရာအပြောင်းအလဲကိစ္စများ ဆောင်ရွက် အဆင်ပြေမည်။ လခစား ဝန်ထမ်းဆိုအကြီး အကဲ မစ မည်။ နေရာထိုင်ခင်းကိစ္စအတွက် စကားပြောဆို ရမည်။ စကားအောင်မည်။ ခြံ၊ကား၊ အခန်း အရောင်း အဝယ်ကိစ္စများတွင် ပါဝင်ပတ်သက်ပြီး အကျိုးအမြတ်ကောင်း ရမည်။

အခက်အခဲများ ကျော်လွှား၍ တိုးတတ်မှု အဆင့်ဆင့်ရရှိမည်။ ငွေကြေးကံ တတ်လမ်းပွင့်မည်။ လူမှုရေး၊ အိမ်တွင်းရေး အညံ့ရှိလင့်ကစား အဆင်ပြေအောင် ဆောင်ရွက်သွားနိုင်ပါသည်။ ငွေစုဆောင်းရန်ထက် သုံးစွဲမှုတွင် အလေအလွင့် မရှိစေရန် ကြိုးပမ်းရမည်။

ဆယ် ကျော်သက်များလူပေါင်းမှား၊ ဆုံးဖြတ်ချက်မှားပြီး သူတစ်ပါးကြောင့် နာမည်ဂုဏ်သိက္ခာ ထိခိုက်ခြင်း၊ အလုပ် ထိ ခိုက်ခြင်းများ ဖြစ်မည်။ ပူးတွဲလုပ်သူတို့၏ အနှောက်အယှက်ပေးခြင်းများ ကြုံရမည်။ အလောတကြီးလုပ်ကိုင်မှု များကြောင့် အမှားအယွင်းအချို့ ကြုံမည်။

စုပေါင်းလုပ်ငန်းများ အကျိုးပေးမည်။ မိတ်ဆွေကောင်း အထောက် အကူရမည်။ အမျိုးသားမိတ်ဆွေများထံမှ အကူအညီရမည်။ အချစ်ရေးတွင် အားမရဖွယ်၊ စိတ်ပျက်ဖွယ် အချစ် များကိုသာ ပိုင်ဆိုင်ခွင့်ရနေမည်။

ကျန်းမာရေးကတော့ ထိခိုက်ရှနာတွေဖြစ်တတ်ပါတယ်။ ကား၊ဆိုင်ကယ် လမ်းချှော် ပြီး ဒဏ်ရာ အသေးစားလေးတွေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၅/၈ အထူးဟော ကံသင့်ရုံကောင်းပါတယ်။ ယတြာ ငါးမုတ်ဟင်းနဲ့ ဘုရားရှင်အားဆွမ်းကပ်လှူပါ။

ကြာသပေတး

ဒီကာလအတွင်း လူမှုရေးပိုင်းတွင် အားနာမှုကို အခြေခံပြီး ကူညီလိုက်သောကိစ္စများမှ ပြဿနာများ ဖြေရှင်း ရမည်။ အခြေအနေတိုးတတ်မှုများ၊ဘဝအောင်မြင်မှုများ ရည်မှန်းချက်အောင်မြင်မှုများ ရရှိမည်။ ဆောင်ရွက်၍ မနိုင် မနင်းဖြစ်နေသော ကိစ္စများကို ကူညီမည့်သူပေါ်မည်။

မိတ်ဆွေသစ်တိုးပွားခြင်း၊ အကြီးအကဲများထံမှ အထောက် အကူ ရခြင်းရှိမည်။ မူလ စီမံထားသည်နှင့် လက်တွေ့ဖြစ်ပေါ်လာမှုများ တလွဲတချော်ဖြစ်မည်။ ခရီးသွား၍ အကျိုးရှိမည်။ သူတစ်ပါးကြောင့် ကြန့်ကြာနှောင့်နှေး နေသည့်ကိစ္စများ၊ ရပိုင်ခွင့်များ ပြန်လည်ရရှိ အဆင်ပြေမည်။

လုပ်ငန်းမရှိသူ များ လုပ်ငန်းရမည်။ မှန်းထားသည်ထက် ပိုကောင်းသော အခြေအနေကောင်းကို ရရှိမည်။ စိတ်မြန်လက်မြန် ဆုံးဖြတ်ခြင်းကြောင့် အမှားအယွင်းကြုံမည်။ လောဘတကြီး ဆောင်ရွက် ခြင်းကြောင့် အခွင့်ကောင်းတစ်ချို့ ဆုံးရှုံးမည်။

လုပ်ငန်းအပြောင်းအလဲ၊ လက်လွှဲလက်ပြောင်းကိစ္စများ တွင် ပြဿနာဖြစ်မည်။ ကျန်းမာရေးအညံ့အဆိုး နည်းပါးတာတွေ့ရပါတယ်။ အိမ်ထောင်ရေးမှာတော့ အပေါင်းအသင်းမက်နေတာကြောင့် အိမ်ထောင်ဘက်က ကိုယ့် အပေါ်စိတ်ကွက်နေတတ်ပါတယ်။

အချစ်ရေးမှာတော့ ချစ်ရသူက လွယ်နေတဲ့ကိစ္စ တွေကို ခက်ခဲအောင်လုပ်နေ တတ်ပါတယ်။ပညာရှာလို့ အထူးကောင်းတဲ့ကာလလို့ ပြောချင်ပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၅ အထူးဟော လုပ်ငန်းစီးပွားတိုးတတ်ပေမယ့် အလုပ်မနိုင်ဖြစ်မည်။ ယတြာ ပေါက်ဆီ ဘုရားကပ်လှူပေးပါ။

သောကြာ

ဒီကာလအတွင်း မတွေ့လိုသောသူများနှင့် တွေ့ဆုံမည်။ မလုပ်လိုသောလုပ်ငန်းများ လုပ်ကိုင် ရမည်။ မပြော လိုသောစကားများ ပြောဆိုရမည်။ ကျွမ်းကျင်မှု အရည်အသွေးနှင့် ကိုင်တွယ်ဆောင်ရွက်ရသောကိစ္စကို မဆီမဆိုင် ခြားနားနေမည်။ ငယ်ရွယ်သူတို့က အန်တုဘက်ပြိုင်လာမည်။

တစ်ပြိုင်နက်တည်း ပြဿနာနှစ်ခုအား ဖြေရှင်းအဆင် ပြေမည်။ စာရွက်စာတမ်းများ၊ ပြန်လည်ပြင်ဆင် ချုပ်ဆိုရမည်။ ပျက်ယွင်းနေသော ကတိများကို ပြန်လည်တည်ငြိမ် အောင် ပြောဆိုဆောင်ရွက်နိုင်ပါလိမ့်မည်။ ရင်းနှီးသူများနှင့် ပဋိပက္ခဖြစ်မည်။

အတွေးအခေါ်နှင့်တကွ ဆောင်ရွက်မှု အလုံးစုံသည် အခြားသူတို့နှင့်မတူ ဆန့်ကျင်ဘက် အသွင်ဆောင်နေပေလိမ့်မည်။ ဆိုင်းငံ့ထားသော အလုပ်အကြံ အစည် မှန်သမျှကို ဦးတည်ချက်‌ပြောင်း ၍လုပ်ကိုင်မှ အောင်မြင်စွာ အဆုံးသတ်နိုင်မည်။

ငွေကြေးကိစ္စကို အရင်း တည်၍ ပဋိပက္ခများ၊ စကားအတိုက်အခံများ ပြောဆိုရလိမ့်မည်။ အိမ်တွင်းရေး၊ လူမှုရေး ပဋိပက္ခများ ဖြေရှင်းရ ခြင်းမျိုး ကြုံလိမ့်မည်။ သူတစ်ပါးကြောင့် မိမိရည်ရွယ်ချက်များ ပယ်ဖျက် ရလိမ့်မည်။

အိမ်ထောင်ရှင်များ အိမ်ထောင်ရေး အခက်အခဲများကြောင့် သောကများရတတ်သည်။ ချစ်သူနှင့် ကြားလူကြောင့် ပဋိပက္ခ ပြဿနာများ ကြုံရနိုင်ပါသည်။ပညာရေးမှာတော့ သင်ကြားမှုဆိုင်ရာ ပညာရပ်တိုင်း ငြီးငွေ့ ပျင်းရိနေမည်။

အကျိုးပေးဂဏန်း ၄/၇/၀ အထူးဟော အလုပ်များ၊သောကများရမည်။ ယတြာ ရွှေထီးတစ်လက် အိမ်က ဘုရားမှာလှူတန်းပေးပါ။

စေန

ဒီကာလအတွင်းငွေရှာ၍ လွယ်သလောက် ငွေစုရန် အလွန်ခက်ခဲမည်။ မိမိပိုင်၊ မိသားစုပိုင် လက် လွန်ထား သောငွေ၊ ပစ္စည်း များအတွက် စကား ပြောဆိုရမည်။ ပြန်ရကိန်းရှိသည်။ လုပ်ငန်းနှစ်ခုတစ်ပြိုင်နက်တည်း လုပ်ရ ကိန်းကြုံမည်။

ယခင်ကာလက စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရသော အနေအထားများမှ ကင်းလွတ်မည်။ ဆက်ဆံရ သော ဝန်းကျင်အတွင်း အပြောင်းအလဲများ ဖြစ်မည်။ ဆောင်ရွက်သမျှ ထိထိမိမိနှင့် ပြန်လည်တိုးတတ်သွားမည်။ နေရာကောင်းရပြီး အပြောင်းအလဲ များကြုံမည်။

မိတ်ကောင်း၊ ဆွေကောင်း အထောက်အကူကောင်းများလည်း ရမည်။ အရပ်ဝေးနှင့် ဆက်သွယ်ပြီး ဆောင်ရွက်မှုများမှ အောင်မြင်မည်။ ဝေးကွာနေသောသူများနှင့် ပြန်လည် ဆုံစည်း ရမည်။ အခွင့်အရေးသစ်များပေါ်မည်။ အကြံအစည်အောင်မြင်မည်။

ကျန်းမာရေးအညံ့မရှိပေမယ့် မတော် တဆ ထိခိုက်မှု ဂရုစိုက်ပါ။ အတွင်းလူ ဒုက္ခပေးတတ်ပါသည်။ ကိုယ်ကျိုး မပါ၊ တစ်ပါးသူအတွက် တာဝန်ယူရာမှ ပြဿနာဖြစ်မည်။ တစ်ဇွတ်ထိုး စိတ်မြန်၊ လက်မြန်လုပ်၍ အောင်မြင်သင့်သလောက် မအောင်မြင်ခြင်းများကြုံ ရမည်။

အိမ်ထောင်ဘက်နဲ့ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့စကားများတတ်ပါတယ်။ အချစ်ရေး မှာတော့ စီးပွားရေးကိစ္စ လုံးပန်းနေရ၍ ချစ်သူကိုဂရုမစိုက်နိုင်ဖြစ်ရမည်။ ပညာရေးမှာတော့ စာအပေါ် အာရုံမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၇ အထူးဟော ခေါင်းအေးအေးထား၊အနားယူပြီးမှ အလုပ်တွေကို ဆုံးဖြတ်ပါ။ ယတြာ ပေါက်ပေါက်ဆုပ် ဘုရားကပ်လှူပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695