Celebrities

မင်းရာဇာ၏ ဇနီး မဖူးငုံပွင့် အာမခံလျှောက်ထားမှု ရုံးတော်က ပယ်ချ

သရုပ်ဆောင်မင်းရာ၏ ဇနီးဖြစ်သူ မဖူးငုံပွင့်က ကျန်းမာရေးအခြေအနေကြောင့်ဟုဆိုကာ ယနေ့ (သြဂုတ်လ ၅)ရက် ရုံးထုတ်စစ်ဆေးမှုတွင် အာမခံလျှောက်ထားခဲ့ရာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက လက်မခံဘဲ ပယ်ချ လိုက်ကြောင်း အဆိုပါမြို့နယ်တရားရုံး သတင်းနှင့် ပြန်ကြားရေးအရာ ရှိ၊ မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောသည်

ယနေ့ ရုံးထုတ်စစ်ဆေးစဉ် တရား စွဲဆိုထားသည့် မင်းရာဇာအပါအဝင်သုံးဦးအမှုနှင့် မင်းရာဇာ ယောက္ခမ၊ မဖူးငုံပွင့်၏ဖခင် ဖြစ်သူ ဦးမောင်မောင်အေးအမှုတွင် အမှုနှစ်ခုအနက် အမှုတစ်ခုစီတိုင်း အတွက် တရားလိုပြ သက်သေနှစ်ဦးစီ စစ်ဆေးပြီးစီးခဲ့ကြောင်းနှင့် အဆိုပါ အမှုနှစ်ခုအတွက် အမှု တစ်ခုလျှင် တရားလိုပြသက်သေ ၁၄ ဦးစီတင်သွင်း ထားရှိကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင်လည်း တရားလို ဒေါ်သင်းသင်းခိုင် အနေဖြင့် ရုံးတော်ရှေ့ သုံးချိန်းမြောက် ရောက် ရှိလာခြင်း မရှိကြောင်း ၊လာမည့် ရုံးချိန်းကို သြဂုတ်လ ၁၂ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။ သရုပ်ဆောင်မင်းရာဇာအပါအဝင်သုံးဦးအမှုနှင့် ဦးမောင်မောင်အေးအမှုတို့ကို မှုခင်းစီမံခန့်ခွဲ အစည်းအဝေး ဆုံးဖြတ်ချက် အရ ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ်စစ်ဆေးသွားရန် လျာထား လျှက် ရှိကြောင်း သိရသည်။

unicode

သရုပ်ဆောင်မင်းရာ၏ ဇနီးဖြစ်သူ မဖူးငုံပွင့်က ကျန်းမာရေးအခြေအနေကြောင့်ဟုဆိုကာ ယနေ့ (သြဂုတ်လ ၅)ရက် ရုံးထုတ်စစ်ဆေးမှုတွင် အာမခံလျှောက်ထားခဲ့ရာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက လက်မခံဘဲ ပယ်ချ လိုက်ကြောင်း အဆိုပါမြို့နယ်တရားရုံး သတင်းနှင့် ပြန်ကြားရေးအရာ ရှိ၊ မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောသည်။ယနေ့ ရုံးထုတ်စစ်ဆေးစဉ် တရား စွဲဆိုထားသည့် မင်းရာဇာအပါအဝင်သုံးဦးအမှုနှင့် မင်းရာဇာ ယောက္ခမ၊ မဖူးငုံပွင့်၏ဖခင် ဖြစ်သူ ဦးမောင်မောင်အေးအမှုတွင် အမှုနှစ်ခုအနက် အမှုတစ်ခုစီတိုင်း အတွက် တရားလိုပြ သက်သေနှစ်ဦးစီ စစ်ဆေးပြီးစီးခဲ့ကြောင်းနှင့် အဆိုပါ အမှုနှစ်ခုအတွက် အမှု တစ်ခုလျှင် တရားလိုပြသက်သေ ၁၄ ဦးစီတင်သွင်း ထားရှိကြောင်း သိရသည်။ယနေ့ရုံးချိန်းတွင်လည်း တရားလို ဒေါ်သင်းသင်းခိုင် အနေဖြင့် ရုံးတော်ရှေ့ သုံးချိန်းမြောက် ရောက် ရှိလာခြင်း မရှိကြောင်း ၊လာမည့် ရုံးချိန်းကို သြဂုတ်လ ၁၂ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။ သရုပ်ဆောင်မင်းရာဇာအပါအဝင်သုံးဦးအမှုနှင့် ဦးမောင်မောင်အေးအမှုတို့ကို မှုခင်းစီမံခန့်ခွဲ အစည်းအဝေး ဆုံးဖြတ်ချက် အရ ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ်စစ်ဆေးသွားရန် လျာထား လျှက် ရှိကြောင်း သိရသည်။

Credit: မင်းရန်နောင်