Celebrities

လမ်းဘေးခွေးလေးတွေကို အစားအစာတွေသွားရောက်လှူဒါန်းကျွေးမွေးခဲ့တဲ့ ဂျွန်လွင်

ဂျွန်လွင်ကတော့ အနုပညာလောကမှာ ထွန်းတောက်လာမယ့် အနုပညာကြယ်ပွင့်တွေကို မွေးထုတ်ပေးနေတဲ့ သူတစ်ယောက်ပါ။ စိတ်သဘောထားပြည့်ဝပြီး အလှူအတန်းတွေကို ရက်ရောလွန်းလှတဲ့ ဂျွန်လွင်ကတော့ လတ်တလောမှာလည်း လမ်းဘေးခွေးလေးတွေအတွက် အကြင်နာတရားအပြည့်နဲ့ အစားအစာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကျွေးမွေးခဲ့ပါတယ်။

ဂျွန်လွင်ကအမြဲတမ်းလိုလိုလည်း လိုအပ်နေတဲ့ သူတွေအတွက်ကိုလည်း တတ်စွမ်းသလောက်လှူဒါန်းမှုတွေပြုလုပ်ပေးလေ့ရှိခဲ့ပါသေးတယ်။ အခုတစ်ခေါက်မှာလည်း Covid ကြောင့် လမ်းဘေးခွေးလေးတွေကို အစားအစာကျွေးမွေးတဲ့သူနည်းပါးနေချိန်မှာ ဂျွန်လွင်က ခွေးလေးတွေအတွက် အစားအစာတွေသွားရောက်ကျွေးမွေးတဲ့ အလှူဒါနလေးကိုပြုလုပ်ခဲ့တာပါ။

အခုလို အကြင်နာတရားအပြည့်နဲ့ လမ်းဘေးခွေးလေးတွေအတွက် အစာအဟာရတွေ သွားရောက်လှူဒါန်းခဲ့တဲ့ ဂျွန်လွင်ရဲ့အလှူလေးကို ပရိသတ်တွေက ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေကြပြီး ဂျွန်လွင်ရဲ့ စိတ်ဓာတ်လေးကိုလည်း ချီးကျူးနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ဂျွန်လွင်ရဲ့ စိတ်ထားလေးကလည်း တကယ်ကိုပဲချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲနော်။

#credit cele zone