Celebrities

ဦးကျော်သူကို သွားရောက်တွေ့ဆုံ ဂါရဝပြုခဲ့တဲ့ မင်းသန့်မောင်မောင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မင်းသန့်မောင်မောင်ကတော့ ဒီနေ့ သြဂုတ်လ (၆)ရက်နေ့မှာ နိုင်ငံကျော်သရုပ်ဆောင် မင်းသားကြီး ဦးကျော်သူကို သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ပါတယ်။ ပရိသတ်အချစ်တော် ဦးကျော်သူကတော့ နိုင်ငံကျော်သရုပ်ဆောင် မင်းသားတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်နေခဲ့ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ခက်ကျဲကျဲသာလုပ်ကိုင်နေပြီး ပရဟိတလုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်နေပါသေးတယ်။ ဒီနေ့မှာတော့ ဒါရိုက်တာ ဇင်ယောင်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင် တို့ လာရောက်တွေ့ဆုံခဲ့တဲ့အကြောင်းကို ဦးကျော်သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။မင်းသန့်မောင်မောင်ကတော့ ဦးကျော်သူကို နဂါရုံဘုရားတစ်ဆူနဲ့ အတူ မုန့်တစ်ချို့နဲ့ ကန့်တော့ ဂါရဝပြုခဲ့တာပါ။ CeleZone ပရိသတ်ကြီးရေ လူကြီးသူမတွေအပေါ်မှာ သိတတ်လိမ္မာတဲ့ မင်းသန့်မောင်မောင်ရဲ့ စိတ်ထားလေးကတော့ ချီးကျူးထိုက်ပေတဲ့ စိတ်ထားလေးပါပဲနော်။#credit cele zone