Celebrities

မွေးနေ့မှာ အမာခံပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပေးတဲ့လက်ဆောင်လေးရခဲ့တဲ့ နေမင်း

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်နေမင်းကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး အနုပညာအရည်အချင်းပြည့်ဝသူတစ်ယောက်မို့ ပရိသတ်တွေရဲ့အသိမှတ်ပြုအားပေးခြင်းရရှိထားသူတစ်ယောက်ပါ။ ဒီနေ့ သြဂုတ်လ(၆) ရက်နေ့ကတော့ နေမင်းရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး အနုပညာရှင်တွေနဲ့ ပရိသတ်တွေကတော့ နေမင်းအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။

ဒါ့အပြင် နေမင်းရဲ့အမာခံပရိသတ်တွေကတော့ သူတို့ချစ်ခင်ရတဲ့အနုပညာရှင်အတွက် ပကာသနမဖက်တဲ့ တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ပေးခဲ့ပါတယ်။ နေမင်းအတွက် မွေးနေ့လက်ဆောင်အနေနဲ့ ကျော်သူရဲ့နာရေးကူညီမှုအသင်းကြီးမှာ ငါးသိန်းကျပ်တိတိလှူဒါန်းပေးခဲ့ပြီး နေမင်းကတော့ ဒီအလှူလေးကို ” ချစ်ခြင်းများဖြင့် ရည်ရွယ်၍ အဓိပ္ပါယ်ရှိသော မွေးနေ့အမှတ်တရလက်ဆောင်လေးအတွက် ဝီဝီများရဲ့ ချစ်ခြင်းမေတ္တာများစွာကို ချစ်ခင်လေးစားမြတ်နိုးမိနေပါပြီ” လို့ ရေးသားကာ မျှဝေခဲ့ပါတယ်။

နေမင်းရဲ့အမာခံပရိသတ်လေးတွေကတော့ နာရေးကူညီမှုအသင်းမှာ သူတို့ချစ်ရတဲ့အနုပညာရှင်အတွက် လှူဒါန်းပေးခဲ့တဲ့အပြင် တစ်ဦးချင်းစီလည်း ဗွီဒီယိုလေးနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါသေးတယ် ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာအပြည့်အဝရရှိထားတဲ့ နေမင်း ဒီထက်မက အောင်မြင်မှုတွေနဲ့ အနုပညာခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source – Nay Min
Rainbow- Cele Gabar

#credit cele gabar