Celebrities

မင်းကွန်းကိုသွားလည်ရင်း တွေ့ခဲ့ရတဲ့ ကလေးတွေနဲ့အမှတ်တရအကြောင်းပြောပြလာတဲ့ ဝေလာရီ

ဝေလာရီကတော့ချစ်စရာကောင်းတဲ့ တက်သစ်စမင်းသမီးချောလေးတစ်ယောက်ပါ။ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူပရိသတ်တွေသတိထားမိကြတဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ အဆိုတော်လိမ္မော်သီးရဲ့ညီမလေးဖြစ်ပြီး မွန်ဝတ်စုံလေးတွေနဲ့အလွန်လိုက်ဖက်လွန်းတဲ့ မွန်မလေးတစ်ယောက်ဆိုတာ ပရိသတ်တွေသိကြမှာပါ။

ဝေလာရီကတော့ ခရီးတွေထွက်နေတာဖြစ်ပြီး အမှတ်ရစရာအတွေ့အကြုံလေးတွေကို ပရိသတ်တွေကို ပြောပြလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မင်းကွန်းက ဓာတ်ပုံရိုက်ပေးတဲ့ ကလေးလေးတွေ … အရမ်းတော်တာ ပဲ … ၂ ကိုယ်ခွဲ , ၃ ကိုယ်ခွဲက အစ ရိုက်တတ်သေးတယ် … pose တွေကလည်း သင်ပေးသေးတာနော် … ဒီအရွယ်လေးနဲ့ သမာအာဇီဝ အလုပ်တွေ လုပ်ရင်း သူတို့လေးတွေ ဝင်ငွေ ရှာတတ်နေပြီလေ … ဒါက သူတို့လက်ရာ ပုံလေးတွေပါ ..”ဆိုပြီးတော့ ရေးသားထားတာပါ။

ဝေလာရီကတော့ ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ကလေးတွေကိုတွေ့ခဲ့ရတာကြောင့် ပရိသတ်တွေကို ပြန်လည်ဝေမျှပေးခဲ့ပါသေးတယ်။ ဝေလာရီကတော့ ချစ်စရာကောင်းတဲ့ကလေးတွေကြောင့် အမှတ်တရတွေရှိခဲ့ပုံပါပဲ။ ဝေလာရီရဲ့အနုပညာခြေလှမ်းအသစ်တွေကို ရင်ခုန်နေကြတယ်မဟုတ်လား ပရိသတ်ကြီးရေ…

#credit cele gabar